Skip to main content

ဥပဒ်လို့ ရေးရ


ဥပဒ်လို့ ရေးရ။ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဝိပဿနာ၊ တရားစခန်း၊ ကမ္မဋ္ဌာန်းဆိုပြီး မြန်မာစာနဲ့ ပါဠိစာလုံးတွေကို မှန်အောင်ရေးသားသင့်ကြပါတယ်။
ကျွန်တော်လည်း အကုန်သိတာမဟုတ်ပါ။ ရေးစရာရှိရင် ရှာဖွေ၊ မေးမြန်း၊ စိစစ်ရပါတယ်။
ဥပဒ် = ဘေးအန္တရာယ်။
ဘေးရန်ဥပဒ်၊ စက်သွားဖြတ်သို့၊
ဘေးဥပဒ်ကင်းကွာ၊ ကောင်းချီးသံကြော်ငြာလျက်။
ဥပါဒါန်ကြောင့် ဥပဒ်ရောက်
စွဲလမ်းမှု အလွန်အမင်း ကြီးမားခြင်း သို့မဟုတ် အယူသီးလွန်းပါက ဘေးဒုက္ခနှင့် ကြုံတွေ့ရတတ်သည်။
ဘေးဥပဒ် = သင့်ရောက်လာတတ်သည့်ဘေးရန်။
ကြမ္မာဖြစ်တတ်၊ ဘေးဥပဒ်ကြောင့်၊ မလွတ်ညွတ်တွင်။
ငါးရံ့မင်းပျို့ (နိဂုံးပိုဒ်)
ရှင်လည်း ရှင်မူ
လူလည်း လူသင့်၊ ကျင့်ပါငြားက
သိကြားစေလွှတ်၊ မောင်မိုးနတ်သို့
ဖြန်းဆွတ် သီဒါ၊ စဉ်တိုင်းရွာလျက်
ကြေညာ ထပ်ဆင့်၊ တိုင်းလုံးပွင့်၍
ရှင်ပင့် မိန့်မှာ၊ သာသနာလည်း
ခြည်ဝါ အရောင်၊ တပြောင်ပြောင်နှင့်
ငါးထောင်နှစ်ရှည်၊ တည်လေဆပွါး
လူအများတို့၊ နာဖျားကင်းလွတ်
ဥပဒ် ကင်းဝေး၊ ဘေးလည်းကင်းပျောက်
မရောက်မိစ္ဆာ၊ ချမ်းငြိမ်းသာ၍
ဆွေညာ ရှည်နွဲ၊ မကွဲ မကွေ
တရွေ တရိုင်၊ စည်ပင်ခိုင်လိမ့်
ဖြီးလှိုင်ပြောထူ
ရှင်လူတို့ကြောင့်၊ တရားစောင့်၍
မမှောင့် ရှောင်ကြစေသတည်း။ ။ (ဦးထွန်းညို)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ