ရှေးခေတ်မြန်မာ့ဇာတ်သဘင်လောကမှာ ကျော်ကြားခဲ့တဲ့ "ဗေဗေထုံ" (သို့မဟုတ်) "မုံရွာကရုပ်သေး" အဖွဲ့က စတင်ခဲ့တဲ့ နာမည်ကျော် ဟစ်တိုင် သီချင်းစာသားတခု ဖြစ်ပါတယ်။
လူရွှင်တော် ရုပ်သေးမင်းသားတွေက ပရိသတ်ကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွဲဆောင်တဲ့အခါ သုံးလေ့ရှိတဲ့ "အော်ဟစ်သံ" သို့မဟုတ် "အဟန့်" တခု ဖြစ်တယ်။
တချို့ကလည်း ကောက်ပဲသီးနှံတွေ အထွက်ကောင်းစေရန် ဆုတောင်းတဲ့သဘော သို့မဟုတ် ပျော်ပွဲရွှင်ပွဲတွေ စည်ကားစေရန် ရည်ရွယ်တဲ့ ကြွေးကြော်သံလို့လည်း ယူဆကြပါတယ်။
ကဝိဓဇသတ်ပုံကျမ်းပါ ဗေ ထဲမှာ ဗေပထုံ-မုံရွာက ရုပ်သေးလို့ ပါတယ်။
မုံရွာမြို့က ရုပ်သေးဆရာကြီး ဦးထုံ (ဗေဗေထုံ) ဟာ သူ့ရုပ်သေးအဖွဲ့မှာ ဒီစာသားကို အထူးပြုပြီး သီဆိုကပြလေ့ရှိရာကနေ လူသိများလာခြင်း ဖြစ်ပါတယ်။
နောက်ပိုင်းတွင် မြန်မာ့ရိုးရာ တေးသီချင်းတွေနဲ့ ဇာတ်သဘင်တွေမှာပါ ပျော်ရွှင်စရာ အငွေ့အသက်အဖြစ် ထည့်သွင်း သုံးစွဲလာကြပါသတဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment