ဆေးရုံသုံးဆိုရင် ခုတင် မမှန်ပါ။
သက်သေခံ ပုံ ၃ ခု တင်ပြပါမယ်။
ကုတင် နဲ့ ခုတင် မတူပါ။
ခုတင် = ခံတင်နှင့်အတူတူ။
ခုတင် = အခြေလေးချောင်း စသည်တပ်ထားသော အိပ်စင်။ ညောင်စောင်း။
ခုတင် – န / ဂဒင် / အခြေလေးချောင်း စသည်တပ်ထားသော အိပ်စင်။ ညောင်စောင်း။ “ထိုသည့်ရှေ့က၊ ထားလေတသွယ်၊ ခုတင်ငယ်ကား၊ နံလျားတောင်စွန့်၊ အမြင့်နှစ်မိုက်။” ကုသ* ၇၅။
ခုတင်ဆိုတာ ပုံမှန်အများသုံး ကုတင်ထက် သေးတယ်။ နိမ့်တယ်။
ကဝိဓဇ၊ ဦးသာမြတ်၊ မြန်မာအဘိဓာန်အကျဉ်းချုပ်တွေမှာ ကုတင် မပါ။
မြန်မာအဘိဓာန်အကျဉ်းချုပ် (၁၉၇၈) မှာ ခုတင် ပါတယ်။
ခုတင် = အခြေလေးချောင်း စသည်တပ်ထားသော အိပ်စင်။ ညောင်စောင်း
ထိုသည့်ရှေ့က၊ ထားလေ့တသွယ်၊ ခုတင်ငယ်ကား၊ နံလျားတောင်စွင့်၊ အမြင့်နှစ်မိုက်။ (ကုသပျို့၊ ၇၅)
အမြင့် နှစ်မိုက်ဆိုတာ တထွာ။
တမိုက် = ၄ လက္မခွဲ။ တထွာ = ၉ လက္မ။
လူနာတွေကို တထွာအမြင့်မှာ မထားရပါ။
ယူအက်စ်အေ ဆေးရုံသုံးကုတင်တွေဟာ ၁၆ လက္မကနေ ၃၉ လက္မမြင့်တယ်။ အများဆုံး ၂၁ လက္မနဲ့ ၂၉ လက္မမြင့်တယ်။ မြန်မာပြည်မှာလည်း အတူတူသာဖြစ်ပါတယ်။
တောနယ်တွေမှာ လေးတိုင်ကုတင်၊ ခြောက်တိုင်ကုတင်ရယ်လို့ ရှိတယ်။
လူနာကုတင် = အသုံးမှန်။
ခုတင် = အသုံးမမှန်။
ကုဋင် = ရှေးသုံး။
ဒေါက်တာတင့်ဆွေ

.png)

Comments
Post a Comment