Skip to main content

ဆည်းပူးသင့်သည့် အခြေခံပညာ


ပမာဏသင်္ချာ သည် အရာဝတ္ထုတို့၏ အလျား၊ မျက်နှာပြင် အကျယ်အဝန်းနှင့် ထုထည်တို့ကို တိုင်းတာသော အခြေခံ သင်္ချာပညာရပ်ဖြစ်၍ လူတိုင်း လေ့လာသင့်သည်။ ဤအကြောင်းရပ်တွင် ပုံသေတွက်နည်းများဖြင့် ဝေဝေဆာဆာ ဖော်ပြထားသည်။

ပမာဏသင်္ချာ။ ။(ဤပမာဏသင်္ချာ အကြောင်းရပ်တွင် သုံးစွဲရသော အင်္ဂလိပ်နှင့် ဂရိသင်္ကေတ အမှတ်အသားများသည် ကမ္ဘာတဝန်းလုံး၌ အများဆုံး သင်္ကေတ အမှတ်အသားများ ဖြစ်သောကြောင့် ထိုသင်္ကေတတို့နှင့် စပ်လျဉ်းသမျှကို အင်္ဂလိပ်နှင့် ဂရိသုံး အက္ခရာများအတိုင်း ထားရှိပါသည်။) အလျား၊ ဧရိယာ (ဝါ၊ အကျယ်အဝန်း)၊ ထုထည် စသည်တို့ကို တိုင်းသော သင်္ချာကို ပမာဏသင်္ချာ ဟု ခေါ်သည်။ ဤသင်္ချာကို လေ့လာရာတွင် ပုံသေတွက်နည်းများကို အသုံးပြု၍ တွက်ချက်ကြရသည်။ ပုံသေတွက်နည်းများကို တွက်ချက်ယူသည့်နည်းနှင့် သက်သေပြသည့်နည်းများမှာမူကား အများအားဖြင့် ဂျီဩမေတြီ၊ တြီဂိုနိုမေတြီ၊ ကာကုလပ် စသည့် သင်္ချာရပ်များနှင့်သာ သက်ဆိုင်သည်။ပေ၊ ယတ်၊ မီလီမီတာ၊ စင်တီမီတာ အစရှိသည့်အနက် တခုခုကို အလျားတိုင်းဧကမူအဖြစ်ဖြင့် ရွေးချယ်၍ ဧရိယာကို တွက်ယူသောအခါ ဧရိယာတိုင်းဧကမူသည် အလျားတိုင်းဧကမူ၏ စတုရန်းဖြစ်သည်။ ပြယုဂ်အားဖြင့် အလျားတိုင်းဧကမူသည် လက်မ ဖြစ်လျှင် ဧရိယာမှာ စတုရန်းလက်မ ဖြစ်သည်။ ဤနည်းတူ အလျားသည် စင်တီမီတာဖြစ်လျှင် ဧရိယာသည် စတုရန်းစင်တီမီတာ ဖြစ်သည်။ ထောင့်မှန်စတုဂံ၏ ဧရိယာကို တွက်ယူလိုသောအခါ $A = L \times B$ တည်း။

ပမာဏသင်္ချာ (ဆက်လက်ဖော်ပြချက်)ဟူသော ပုံသေတွက်နည်းဖြင့် တွက်ယူရသည်။ ဤနေရာ၌ $A$ မှာ ဧရိယာ၊ $L$ မှာ အလျား၊ $B$ မှာ အနံ ဖြစ်သည်။

ပုစ္ဆာ။ ။ စားပွဲတခု၏ မျက်နှာပြင်သည် အလျား ၈ ပေ၊ အနံ ၆ ပေ ရှိလျှင် ထိုစားပွဲ မျက်နှာပြင်၏ ဧရိယာကို ရှာပါ။

တွက်နည်း။ ။ ပုံသေတွက်နည်းအရ$A = L \times B$$= 8 \times 6 = 48$ စတုရန်းပေ။

ဤပုစ္ဆာကို အခြားတနည်းအားဖြင့်လည်း တွက်ယူနိုင်သည်။ ပုံ (က) တွင် ပြထားသည့်အတိုင်း စားပွဲပုံကို ရေးဆွဲပြီးလျှင် စားပွဲတွင် စတုရန်းတပေစီရှိသော အကွက်များကို ဖော်ပါ။ တပေပတ်လည် အကွက်ပေါင်း ၈ ကွက် ရှိသည့် အတန်း ၆ တန်း ရှိသဖြင့် ဧရိယာမှာ $8 \times 6 = 48$ စတုရန်းပေ ရှိကြောင်း သိရ၏။

ဧရိယာတွက်နည်းတွင် ဧရိယာ၊ အလျား၊ အနံ ဟူ၍ သုံးမျိုး ရှိလေရာ၊ အကယ်၍ ဤသုံးမျိုးအနက် နှစ်မျိုးကို ပေးထားလျှင် ကျန်တမျိုးကို တွက်ချက်ရှာဖွေနိုင်သည်။ အထက်ပါ ပုစ္ဆာတွင် ဧရိယာနှင့် စားပွဲ၏ အနားတဖက်ကို ပေးထားလျှင် ဧရိယာကို ပေးထားသည့် ဖက်နှင့် စားသော် ကျန်အနားတဖက်ကို ရသည်။

ပုစ္ဆာ။ ။ စားပွဲတခု၏ ဧရိယာသည် စတုရန်း ၄၈ ပေ ဖြစ်၍ အနံသည် ၆ ပေ ဖြစ်လျှင် အလျားကို ရှာပါ။

တွက်နည်း။ ။ အလျား $= \frac{\text{ဧရိယာ}}{\text{အနံ}} = \frac{48}{6} = 8$ ပေ။အနားပြိုင်စတုဂံ ဆိုသည်မှာ မျက်နှာချင်းဆိုင် အနားများ ပြိုင်လျက်ရှိသော စတုဂံဖြစ်သည်။ ယင်း၏ ဧရိယာကို အောက်ပါနည်းအတိုင်း တွက်ချက်ရရှိနိုင်သည်။ အနားပြိုင်စတုဂံ၏ အနားတဖက်နှင့် အောက်ရှိ အနားတဖက် တချက်စီကို အခြေ ဟု ခေါ်နိုင်သည်။ ဤအနားနှစ်ဖက်ကြားတွင်ရှိသော ထောင့်မတ်မျဉ်းမှာ အနားပြိုင်စတုဂံ၏ အမြင့် ဖြစ်သည်။

အနားပြိုင်စတုဂံ၏ ဧရိယာ = အခြေ $\times$ အမြင့်(ဤပုံသေနည်း မည်သို့ ဖြစ်ပေါ်လာသည်ကို သိလိုလျှင် ဆိုင်ရာ ဂျီဩမေတြီ အဆိုနှင့် သက်သေပြချက်ကို ကြည့်ပါ။)တြိဂံတခု၏ ဧရိယာကို ရှာလိုသောအခါ အခြေပေါ်သို့... 

မှတ်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ ၆ က ဖြစ်ပါသည်။

သင်္ချာအကြောင်းကို စာလုံးပေါင်းမှန်စွာ ရေးသားထားပါသည်။

- ကမ္ဘာတဝန်းလုံး၌

- တခုခုကို

- အခြားတနည်းအားဖြင့်လည်း

- စတုရန်းတပေစီရှိသော

- တပေပတ်လည်

- အနားတဖက်နှင့် 

- ကျန်အနားတဖက်ကို 

- စားပွဲတခု၏

အခုခေတ်မှာ သင်ကြားနေတဲ့ ရေတွက်မလို့ရရင် တစ် ဆိုတာ မမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ