အတာ စကားလုံးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ သင်္ကြန်ကာလမှာ အလွန်အရေးပါတဲ့ စကားလုံး တလုံးဖြစ်ပါတယ်။
၁။ ဝေါဟာရဆင်းသက်လာပုံ
"အတာ" ဆိုတဲ့ စကားလုံးဟာ ပါဠိဘာသာ "အတ္တ" (Atta) သို့မဟုတ် သက္ကတဘာသာ "အန္တ" (Anta) ကနေ ဆင်းသက်လာတာဖြစ်ပြီး "အဆုံး၊ အပိုင်းအခြား" လို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းတဲ့ "အပိုင်းအခြား" ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
၂။ အတာစားခြင်း (သို့မဟုတ်) အတာတက်ခြင်း
သင်္ကြန်ကာလမှာ "အတာစားတယ်" လို့ ပြောလေ့ရှိကြပါတယ်။ ဒါဟာ သင်္ကြန်အတက်နေ့ရဲ့ အချိန်နာရီ အပိုင်းအခြားကို ဆိုလိုတာပါ။
အတာစား: နှစ်ဟောင်းကုန်လို့ နှစ်သစ်ထဲကို ကူးပြောင်းဝင်ရောက်သွားတဲ့ အခိုက်အတန့်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
အတာတက်: သင်္ကြန်အတက်နေ့မှာ အတာတက်တယ်လို့ သုံးနှုန်းကြပါတယ်။
၃။ "အတာ" နှင့် ပတ်သက်သော အသုံးအနှုန်းများ
မြန်မာ့ရိုးရာမှာ "အတာ" နဲ့ ပတ်သက်ပြီး အောက်ပါဝေါဟာရတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးကြပါတယ် -
အတာအိုး: သင်္ကြန်ကာလမှာ နှစ်သစ်ကို ကြိုဆိုဖို့အတွက် ပန်း ၇ မျိုး (သို့မဟုတ်) ညောင်ရေခက်တွေ ထိုးထားတဲ့ အိုးကို ခေါ်ပါတယ်။
အတာပန်း: အတာအိုးထဲမှာ ထိုးထားတဲ့ ပန်းတွေကို ဆိုလိုတာပါ။ (ဥပမာ - မြေဇာမြက်၊ ဇီးခက်၊ အုန်းညွန့်၊ ရွက်လှ စသည်ဖြင့်)။
အတာသင်္ကြန်: နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ သင်္ကြန်ပွဲတော်ကို ဂုဏ်ပြုခေါ်ဆိုတာ ဖြစ်ပါတယ်။
သင်္ကြန်
ဝေါဟာရသည် ပါဠိဘာသာ "သင်္ကန္တ" နှင့် သက္ကတဘာသာ "သင်္ကြန္တ" မှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ မြန်မာပြက္ခဒိန်၏ နောက်ဆုံးလဖြစ်သော တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော ပွဲတော်တခုဖြစ်သည်။
မြန်မာ့အတာသင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကို (UNESCO)က ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း သို့ ထည့်သွင်းသတ်မှတ်ခဲ့သည်။
ဒဏ္ဍာရီလာအယူအဆ (ဟိန္ဒူဩဇာ)
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အလောင်းအစားပြုရာတွင် ဗြဟ္မာမင်းရှုံး၍ ဦးခေါင်းဖြတ်ခြင်း ခံရသည်။ ထိုဦးခေါင်းကြီး မြေသို့ကျလျှင် မီးလောင်မည်၊ ရေထဲကျလျှင် ပင်လယ်ခမ်းမည် ဖြစ်သောကြောင့် နတ်သမီး ၇ ဖော်က တဦးလျှင် တနှစ်စီ အလှည့်ကျ ထိန်းသိမ်းရသည်။ တဦးမှ တဦးသို့ အလွှဲအပြောင်းပြုလုပ်သည့် အချိန်ကို "သင်္ကြန်" ဟု သတ်မှတ်သည်ဟု ဆိုသည်။
နက္ခတ်ဗေဒင်ဆိုင်ရာ အယူအဆ
သူရိယသိဒ္ဓန္တကျမ်းအလိုအရ မိဿရာသီမှ စတင်သော နေမင်း၏ လှည့်ပတ်မှုလမ်းကြောင်းတွင် တပတ်ပြည့်၍ မိန်ရာသီမှ မိဿရာသီသို့ ပြန်လည်ဝင်ရောက်သည့် အချိန်ကို သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ နေသွားလမ်းနှင့် ရာသီခွင်တို့အပေါ် မူတည်၍ တွက်ချက်ခြင်းဖြစ်သည်။
ကျင်းပပုံ ဓလေ့ထုံးတမ်းများ
သင်္ကြန်ပွဲတော်ကို အစဉ်အလာအရ အကြိုနေ့၊အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့ဟူ၍ သတ်မှတ်ကျင်းပကြသည်။
ရေပက်ဖျန်းခြင်း
နှစ်ဟောင်းမှ အညစ်အကြေးများ စင်ကြယ်စေရန်နှင့် နှစ်သစ်တွင် အေးချမ်းစေရန် ရည်ရွယ်၍ တဦးနှင့်တဦး ရေပက်ဖျန်းကြသည်။ ရှေးယခင်က သပြေခက်ဖြင့် ရေပက်ကြသော်လည်း ယခုအခါ ရေပြောင်း၊ ရေသေနတ်များနှင့် မဏ္ဍပ်များဖြင့် စည်ကားစွာ ဆင်နွှဲကြသည်။
ကုသိုလ်ပြုခြင်း
လူကြီးမိဘများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ ငါးလွှတ်ခြင်းနှင့် မုန့်လုံးရေပေါ် ကျွေးမွေးခြင်း (စတုဒိသာ) တို့ကို ပြုလုပ်ကြသည်။
ဘာသာရေး
ဘုရားကျောင်းကန်များတွင် သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ငြိမ်းချမ်းစွာ ဖြတ်သန်းသူများလည်း ရှိသည်။
ဒေသန္တရ ဆက်စပ်မှု
မြန်မာနိုင်ငံအပြင် ထိုင်း (Songkran)၊ လာအို (Pi Mai)၊ ကမ္ဘောဒီးယားနိုင်ငံ (Chaul Chnam Thmey) နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ရှမ်းလူမျိုးများတွင်လည်း အလားတူ နှစ်သစ်ကူး ရေပက်ပွဲတော်များကို ကိုယ်ပိုင်အမည်များဖြင့် ကျင်းပကြသည်။
အတာအိုး နှင့် အတာပန်း
အတာပန်း
တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊ သြဇာရွက်။
တနင်္လာ အတွက်ဆို … က - ခ - ဂ - ဃ - င ထဲက ကန့်ကော်ပန်း၊ ခရေ။
အင်္ဂါဆို ဇီဇဝါ၊ စပယ်။
ဗုဒ္ဓဟူးဆို ရွက်လှ၊ ရေတမာ၊ ရင်ခက်ပန်း ကြာသပတေးဆို မြေဇာ၊ မာလကာရွက်၊ ပိန်းပန်း။
သောကြာဆို သပြေပန်း၊ သဇင်ပန်း။
စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့် နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့ ၇ နေ့နံ ပန်းနဲ့ပါ ။ တချို့ကလဲ ပတ်၀န်းကျင် ကို မူတည်ပြီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇-မျိုး ဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေရေပြည့်အိုးမှာ ထိုးလေ့ထည့်ကြလေ့ ရှိပါတယ် ။ သင်္ကြန် ၄ ရက်လုံး အတာအိုး နဲ့ ကြိုပြီး နှစ်ဆန်းတရက်နေ့ ရောက်တော့ သဲဖြူ ချည်ကြိုးတွေ ထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့ အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းပီး မိမ်တို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပြီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ်။ (တချို့ ဒေသမှာ အတာအိုး သက်သက် ပရိတ်အိုး သက်သက်)
အညာနယ် ဘက်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦးဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆု ယူပြုကြလေ့ ရှိပါတယ်။
အတာ = တဦးတယောက်အတွက် သတ်မှတ်ထားသောတာဝန်။ တဦးတယောက်ပေါ်တွင်ကျရောက်သောတာဝန်။
"အတာ"ဟူသည် "နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါသည်။
သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာ သင့်" သူများ ဖြစ်သည် ဟုဆိုကြသည်။
၎င်းကို "အတာစား" သည်ဟု ပြောဆို ကြသည်။
အတာကူး
အတာစား
အတာတက်
အတာရေ
အတာအိုး
ဒေါက်တာတင့်ဆွေ
Comments
Post a Comment