'ကာမဘောင် ရှုပ်အထွေးကိုလှ
ပျိုလေးမယ် မခင်လို့
ရုန်းချင်ပြီ' ဆုပန်ကြားသူရဲ့
တားမြစ်ဘို့ ခွင့်မသာ။ ။
နှစ်ကိုယ်တွဲ ကာပ
သည်ဝဲ သံသရာက
သောင်ခေမာ ဟိုတဖက်ဆီသို့
ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့
ဆုထူးကို ပန်ညီသော်လဲ့
ပါရမီ မောင်မရင့်သော်ကြောင့်
သွားနှင့် သက်လျာ။ ။
ဇာတ်မတူ အမူကြမ်းသူဖြင့်
သောင်ကမ်း မမြင်နိုင်လို့
တပင်တိုင် နာဝါပျက်လိုပ
သံသရာ သည်ဂယက်မှာလှ
စုန်တခါ ဆန်တချက်ကယ်နဲ့
မျောလျှက်ကွဲ့ ယောင်ချာချာ
တွယ်ရာဖြင့် ရှိနိုင်ဘူး။ ။
သို့အကြောင်း ရယ်ကြောင့်
ချစ်ဟောင်း နွယ်သာကီရဲ့
ပါရမီ ပြည့်လျှံဖြိုးကာပ
တန်ခိုးတွေ တလူလူနဲ့
ဘိက္ခူနီ ထေရီဖြစ်တော့ခါ
မောင်ချစ်ကို မယ်သနားတာဖြင့်
တရားမွန် မှန်သဘောကို
ဟောလှည့် အဦး။ ။ (မင်းသုဝဏ်)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment