Skip to main content

မှားနေသည်ကို မှန်စေလော့

စာရေးအမှားတွေကို ထောက်ပြ၊ တင်ပြနေတာ ဆယ်စုနှစ်တခုခွဲကြာပြီ။

နည်းနည်းလေးတော့ တိုးတက်လာသည်ဟု ထင်မိပါသည်။ 

ကိန်းဂဏန်း ရာခိုင်နှုန်းအတွက် သုတေသနလုပ်လို့တော့ မရနိုင်ပါ။

တချို့က ကျေးဇူးစကားဆိုကြသည်။

တချို့က အားပေးကြသည်။

တချို့က တိုင်းပြည်ကြီး ဒီလိုဒီလို ဖြစ်နေတာ သတ်ပုံက ဘာအရေးလဲ ပြောသူကလည်း လူတရာကျော်ရှိပါသည်။

ကဲရဲ့၊ ကန့်ကွက်၊ အပြစ်ပြော၊ ဆဲဆိုသူက ၅၀၀ လောက်ရှိပြီ။

နောက်တမျိုး

တင်ထားတာကို ကွန်မင့်ကဖြစ်စေ၊ မက်စင်ရှာကနေဖြစ်စေ ပြင်ပေးတဲ့အခါ -

တချို့ ကျေးဇူးပါ။ ပြင်ရေးပါသည်။

တချို့က ဟုတ်ကဲ့ရှင်။ အမှားကိုတော့ မပြင်။

တချို့က ပြင်ပြီးပါပြီရှင့်၊ တင်ထားတာကို ဖြုတ်ပေးပါ။ ဖြုတ်လိုက်ပြီ။

အရင်းအနှီးကြီးသော်လည်း အကျိုးနှမ်းတစေ့မက ရပါသည်။

လုပ်နေတာကလည်း အမြတ်ရရရေး မဟုတ်ပါ။

အခွန်မဆောင်ရတဲ့ အမြတ်ရပါသည်။ ကျေးဇူး။

စာရေးနိုင်တဲ့အထိ ဆက်ရေးနေပါမည်။

“Don’t wish it were easier. Wish you were better.”

— Jim Rohn

ဤစကားစုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှု (Personal Development) နယ်ပယ်တွင် အလွန်ဩဇာညောင်းသော ဂျင်ရွန် (Jim Rohn) ၏ အလေးနက်ဆုံးသော လမ်းညွှန်ချက်တခု ဖြစ်ပါသည်။

၎င်း၏ ဆိုလိုရင်းမှာ အခက်အခဲများကို ရှောင်လွှဲရန် သို့မဟုတ် အခြေအနေများ သက်သာလာရန် ဆုတောင်းနေမည့်အစား ထိုအခက်အခဲများကို ကျော်လွှားနိုင်မည့် အရည်အချင်း၊ ဗဟုသုတနှင့် စိတ်ဓာတ်ခွန်အား မိမိကိုယ်တိုင်တွင် ရှိလာစေရန် ကြိုးပမ်းရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ