လူတခု (တဦးတယောက်စီ) တွင် ပူမှုဆယ်ကုဋေ (အလွန်များပြားသော ပူပင်သောကများ) ရှိသည်ဟု ဆိုလိုသည်။ လူတိုင်းသည် မိမိတို့၏ ဘဝတွင် မတူညီသော စိုးရိမ်ပူပန်မှုများ၊ ဖိစီးမှုများနှင့် ရင်ဆိုင်ကြရကြောင်းကို ဖော်ပြသည်။ ၁။ လူတိုင်းတွင် ကိုယ်စီအပူရှိခြင်းကို ဖော်ပြသောစကားများ
မြန်မာလို “ပူမှုဆယ်ကုဋေ” ဆိုတာကို အင်္ဂလိပ်လို အောက်ပါအတိုင်း တင်ပြလေ့ရှိပါတယ် -
"Every heart has its own sorrow."
(နှလုံးသားတိုင်းမှာ ကိုယ်ပိုင် ဝမ်းနည်းပူဆွေးမှုတွေ ရှိကြစမြဲပါ။)
အပြင်ပန်းကြည့်လျှင် ပျော်ရွှင်နေပုံရသော်လည်း လူတိုင်းတွင် ကိုယ်စီအပူရှိကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။
"Everyone is fighting a battle you know nothing about."
(လူတိုင်းဟာ သင်ဘာမှမသိနိုင်တဲ့ ကိုယ်ပိုင်တိုက်ပွဲတွေကို ရင်ဆိုင်တိုက်ခိုက်နေကြရတာပါ။)
ဤစကားသည် စာနာစိတ် (Empathy) ကို အခြေခံထားပြီး၊ လူတဦးစီ၏ ဘဝဝန်ထုပ်ဝန်ပိုးများကို အသိအမှတ်ပြုထားသည့် ခေတ်ပေါ်ဆိုရိုးတခု ဖြစ်ပါသည်။
အခြေအနေမြင့်လေ အပူတိုးလေဖြစ်ခြင်းကို ဖော်ပြသောစကားများ
"Uneasy lies the head that wears a crown."
(သရဖူကို ဆောင်းထားရသူ၏ ဦးခေါင်းသည် အေးချမ်းစွာ အိပ်စက်ရခြင်း မရှိနိုင်ပါ။)
ရှိတ်စပီးယား၏ စကားဖြစ်ပြီး၊ အဆင့်အတန်း မြင့်မားသူ၊ တာဝန်ကြီးသူများတွင် သာမန်ထက်ပိုသော ပူပင်သောကများ (ဆယ်ကုဋေမကသော အပူများ) ရှိတတ်ကြောင်း ဆိုလိုပါသည်။
ဘဝ၏ ဆင်းရဲပင်ပန်းမှုကို ဖော်ပြသောစကားများ
"Life is no bed of roses."
(လူ့ဘဝဆိုတာ နှင်းဆီပွင့်ချပ်တွေ ခင်းထားတဲ့ အိပ်ရာတခု မဟုတ်ပါဘူး။)
လူ့ဘဝ၏ ခက်ခဲကြမ်းတမ်းမှုနှင့် ပူပင်စရာများကို ရိုးရှင်းစွာ တင်ပြထားခြင်း ဖြစ်ပါသည်။
"Into every life some rain must fall."
(ဘဝတိုင်းမှာ မိုးရွာတဲ့ (အခက်အခဲကြုံရတဲ့) အချိန်ဆိုတာ ရှိစမြဲပါ။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment