၁။ ထောမနာပြုတယ် ကို ထောပနာပြုတယ် လို့ သုံးနေကြတယ် ပြင်ပေးပါဦးဒေါက်တာ
၂။ ထောပနာ နဲ့ ထောမနာ ဘာကွဲပြားပါသလဲရှင့်
ခုခေတ်ထုတ်သတ်ပုံစာအုပ်တွေမှာ ထောမနာလို့ရေးတာ မမှန်ပါ။
ပါဠိကနေလာလို့ဖြစ်တယ်။ အရင်ထုတ်သတ်ပုံစာအုပ် တအုပ်မှာ ထောပနာလို့ ရေးထားတယ်။
ထောမနာ = ချီးမွမ်းသည်။
ဝမ်းလည်းရွှင်စွာ၊ ထောမနာ၏။ သီလဝ*၃။
ထော
ခြီးမွမ်းထောမနာ
သမိန်ထောရွာ
သမိန်ထောရာမ
သမိန်ထောချောင်
ထောပတ်
ထောပနာ = ခြီးမွမ်းခြင်း (ကဝိဓဇသတ်ပုံကျမ်း)
ထောလပတ်ပင် (ထောရပတ်ပင်)
ထောပေး = ထောဘေး = ထောပတ်ချက်၍ ကြွင်းကျန်သောပစ္စည်း
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ထောပနာလို့ နှုတ်ကျိုးနေတယ်။
ဝမ်းလည်းရွှင်စွာ၊ ထောမနာ၏။
"စမ်းရေအမောဝယ် ပန်းအကြွေစောတယ်"
ပန်းအလှကို
စမ်းက ထောမနာ
ရစ်ဖြာ ဝိုက်ဝန်း စီးဆင်းသည်။ ။
စမ်း၏ အေးမြ
ထိုရသကို
ပန်းက ချီးကျုး
ငုံဖူး ဝတ်လွှာ ချွေလွှင့်သည်။ ။
စမ်းချောင်း တိမ်ကော၊ မြက်ရိုင်းတောမှာ
ကျစ်စာ ဖုံးလွှမ်း၊ အို… လွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာ ခြောက်သွေ့
ရေ မတွေ့ရ၊ ပူငွေ့လောင်မြိုက်
ရှိုက်ငင် တမ်းတ၊ စမ်းဘဝကို
ပန်းက ငိုကြွေး မဆုံးနိုင်။ ။
တနေ့သောအခါ၊ ပြည့်လာ စမ်းချောင်း
ပြန်ပြောင်း ရေစီး၊ သူ့နီးဝန်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့်
ရွေ့လျော ပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငိုပြန်လေသည်။ ။
နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်
မြေလွှာ ထီးကျန်၊ သဏ္ဌာန် ရွေ့ပြောင်း
စမ်းချောင်း သစ်ပင်၊ မမြင်လေရ
ဘာမျှ မမြဲ
မလွဲ ဧကန်၊ လောကဓံကို
လွန်ဆန် ငြင်းပယ် မရပါတကား။ ။
စမ်း ငိုသလို၊ ပန်းလည်း ငိုခဲ့
သို့ပေမဲ့ကွယ်၊ ဆက်သွယ်မှုကင်း
ငိုချင်း နှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ် စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လို မျက်ရည် တန့်ဆည်ရမလဲ ကွယ်။ ။ (ဒေါင်းနွယ်ဆွေ)
ဒေါက်တာတင့်ဆွေ


Comments
Post a Comment