Skip to main content

ဥပဒ် ဥပါဒ် ဥပါဒါန်

ကျမတို့ စာသင်ရတဲ့ အချိန်မှာ ဥပါဒ်လို့ သင်ကြားခဲ့ရပါတယ်ဆရာ။ ဥပါဒ်  နဲ့ ဥပဒ် ဘယ်စာလုံးပေါင်းက မှန်လဲ သိပါရစေဆရာ။ ဆရာအားတဲ့ အချိန်မှ ဖြေပေးပါရှင့်။ အစဥ် လေးစားလျက်ပါဆရာ။ ကျေးဇူးတင်ပါသည် ရှင့်။

၁။ ဥပါဒ် (ပါ-ရေး-ချ ပါ)

ဤစာလုံးသည် "ဖြစ်ပေါ်ခြင်း" ဟု အဓိပ္ပါယ်ရပါသည်။ ပါဠိစကား "ဥပ္ပါဒ" (Uppāda) မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

အသုံး: အနိစ္စသဘောတရားအရ ဖြစ်ပေါ်လာခြင်းကို ဆိုလိုလျှင် သုံးပါသည်။

ဥပမာ: ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်း) ဟူသော ဝိပဿနာ တရားစကားတွင် "ဥပါဒ်" ဟု သုံးရပါသည်။

၂။ ဥပဒ် (ပ-စောက် သက်သက်)

ဤစာလုံးသည် "ဘေးအန္တရာယ်" သို့မဟုတ် "မကောင်းသော အကျိုးပေး" ဟု အဓိပ္ပါယ်ရပါသည်။ ပါဠိစကား "ဥပဒ္ဒဝ" (Upaddava) မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

အသုံး: ဘေးဥပဒ်၊ ဘေးရန်၊ မကောင်းမှုများ ဖြစ်ပေါ်လာခြင်းကို ဆိုလိုလျှင် သုံးပါသည်။

ဥပမာ: "ဘေးဥပဒ် အန္တရာယ် ကင်းရှင်းပါစေ။"

"သူတပါးကို ဥပဒ် မပြုအပ်။"

"ဥပဒ်ပေးခြင်း" (ဒုက္ခပေးခြင်း)။

အနှစ်ချုပ် မှတ်သားရန်

ဖြစ်ပေါ်ခြင်း ဆိုလျှင် "ဥပါဒ်" (ပါ-ရေး-ချ ပါ)။

ဘေးဒုက္ခ ဆိုလျှင် "ဥပဒ်" (ပ-စောက် သက်သက်)။

ဥပဒ် (ဘေးအန္တရာယ်။ ဘေးရန်ဥပဒ်၊ စက်သွားဖြတ်သို့၊ ဘူပေါင်း၊ နိဂုံး ၂။ ဘေးဥပဒ်ကင်းကွာ၊ ကောင်းချီးသံကြော်ငြာလျက်။ ပုည။ ၁၄။)

ဥပါဒ် (ရုပ်၊ နာမ် ခန္ဓာတို့၏ ဖြစ်မှုဥပါဒ် ဟူသော မှတ်ကြောင်းလက္ခဏာကို ဇာတိဟု ခေါ်သည်။)

ဥပါဒါန် ("ဥပါဒိယတီတိ ဥပါဒါနံ" မြဲစွာစွဲလမ်းတတ်သောကြောင့် "ဥပါဒါန်" မည်သည်။ တဏှာကြောင့် ဥပါဒါန် ဖြစ်ပေါ်သည်။)

ကြက်ဥ

ငှက်ဥ

တိရစ္ဆာန်ဥ၊ 

မျိုးဥ

လိင်ဥ

ဝှေးဥ

သစ်ဥ

သစ်ဥသစ်ဖု၊ 

အက်ဥပဒေ

ဥကင်၊ 

ဥကင်တော်ဖွင့်

ဥကင်ဖွင့်

ဥကြက် = နိမိတ်ထူး

ဥက္ကဋ္ဌ

ဥက္ကပျံ

ဥက္ကာခဲ

ဥချိုး၊

ဥချိုးငှက်

ဥစ္စာ

ဥစ္စာရင်

ဥစ္စာရှင်

ဥစ္စာရူး

ဥတလုံး

ဥတလုံး တကောင်ကြွက်

ဥတု (ရာသီဥတု)

ဥတု (အမျိုးသမီးများနှင့်သက်ဆိုင်)

ဥတုဇရုပ်

ဥတုရာသီ

ဥတေနမင်း

ဥတဲ = တံခါး

ဥတ္တရာယဉ်

ဥဒ့န်းမကျေ

ဥဒည်းတောင်

ဥဒဟို

ဥဒါန်း

ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား

ဥဒါန်းကျူး

ဥဒါန်းတွင်

ဥဒါန်းထိုး

ဥဒါန်းမကျေ

ဥဒါန်တင်

ဥဒါဟရုဏ်

ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်

ဥဒေါင်း

ဥဒေါင်းငှက်

ဥနှဲ

ဥနှဲပင်

ဥပစာ

ဥပစာခွန်

ဥပစာနည်း

ဥပစ္ဆေဒကကံ

ဥပဇ္ဈဥသျှစ်သီး

ဥပဇ္ဈာယ်ဆရာ

ဥပဒေ

ဥပဒေကြမ်း

ဥပဒေပြုလွှတ်တော်

ဥပဒေသ

ဥပဒ်ဘေး

ဥပဓိရုပ်

ဥပနာလင်္ကာ

ဥပန်းကြက်

ဥပပတ်နတ်

ဥပပါတ်

ဥပမည်း

ဥပမယျ

ဥပမာ

ဥပမာဇောတက

ဥပမာန

ဥပမေယျဒဥပမယ်ဒဥပမည်

ဥပရာဇာ

ဥပရာဇ်မင်း

ဥပါကြယ်

ဥပါဒိဏ်

ဥပါဒ်ဌီဘင်

ဥပါပျံ

ဥပါပျံ (ဥပ္ပာတ်ပျံ)

ဥပါဘီလူး

ဥပါယ်

ဥပါယ်တံမျဉ်

ဥပါသကာ

ဥပုသ်

ဥပုသ်သည်

ဥပုသ်သီတင်း

ဥပုသ်သုံး (ကြိ)

ဥပေက္ခာ

ဥဖောက်စက်

ဥဖောင်း

ဥဗျိုင်း

ဥဗျိုင်းတာရာ

ဥဘတောဗျည်း

ဥဘုတ်ငှက်

ဥမကွဲသိုက်မပျက်

ဥမင်

ဥမင်လိုဏ်ခေါင်း

ဥမြစ်

ဥမွန်းပင်

ဥမွှန်း

ဥယျာဉ်

ဥယျောဇဉ်

ဥယျောဇဉ်စကား

ဥရူတိုင် (အိမ်)

ဥဿဖယား

ဥသဘ

ဥသဘနွား

ဥဿဘယားကျောက်

ဥသျှစ်ပင်

ဥသျှောင်

ဥသျှောင်ကျင်

ဥသြ

ဥသြငှက်

ဥဿာပဲခူး

ဥဿာဟ

ဥသိမ်

ဥဿုံ

ဥသေးပေါက်ကင်း

ဥ အက္ခရာ အု

ဦ အက္ခရာ အူ

ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့မဟုတ်

ဥ အက္ခရာ အု

ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ

သခင်ဘသောင်းရဲ့ ပန်းသာမစာဥကို ပန်းသာမစာအုနဲ့ ပန်းသည်မစာဥလို့ ရေးကြတာတွေက မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ