စာတိုက်ကတဆင့် ရောက်လာပါသည်။
ကျေးဇူး။
၂၀၂၆ ခုနှစ် ပြက္ခဒိန် ၂ ခု ပို့ပေးသူဆီကလို့ ထင်ပါသည်။
တဆင့်ပို့သူရဲ့ လိပ်စာက အတူတူဖြစ်တယ်။
ကျေးဇူး။
စာအုပ်တွေကို အပြေးအလွှား လှန်ကြည်တယ်။
ပြန်ထုတ်၊ နောက်ထုတ်တွေဖြစ်လို့ ပေါ်လစီသတ်ပုံတွေနဲ့။
အဆန်းတော့ မဟုတ်ပါ။
အခုခေတ်မှာ
- မှန်အောင် မရေးရ။
- မှန်တာ မပြောရ။
- မှန်တဲ့စာအုပ် ထုတ်မရ။
ကျွန်တော်လည်း စာအုပ် ထုတ်ဖြစ်တော့မှာ မဟုတ်ပါ။
စာဖတ်သူ အများစုက သတ်ပုံမှန်ရင် မဖတ်တတ်ကြတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment