ဦးကုလား မဟာရာဇဝင်ကြီးကို ကိုးကားပြီး ဒသမတန်း ပင်ရင်း မြန်မာစကားပြေ ကျောင်းသုံးစာအုပ်ပါ ဦးပေါင်းကျားနှင့် မြင်းညိုရှင် အကြောင်းကို ဝေဖန်ထောက်ပြတခုကို အခုဘဲ ဖတ်ရတဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်။
လက်ထဲမှာ ၂ တွဲလုံးရှိတယ်။
AI ဆီကို ဦးကုလား မဟာရာဇဝင်ကြီး ပုံ ၃ ပုံပို့ပြီး စာသားတောင်းယူထားပါတယ်။
(၁)
AI စာရိုက်ပေးတဲ့ ကလည်း အမှား ၂ ခု ပါတယ်။
ယောက်ျား ကို ယောင်္ကျား နဲ့
တရုပ် ကို တရုတ် တဲ့။
အဲဒါကတော့ အခုခေတ်မှာရေးကြတဲ့ မြန်မာလို ဒေတာထဲကနေ ကူးစက်ခံထားရတာ။
(၂)
ဒီရာဇဝင်စာအုပ်အကြောင်း ထောက်ပြသူလည်း တဝမ်းပူတိုင်းကို ပေါ်လစီသတ်ပုံတွေနဲ့ ပြင်ထားတယ်။ ကျောင်းသုံးစာအုပ်ထဲမှာလည်း ပေါ်လစီသတ်ပုံနဲ့ ပြင်ထားတာ ဖြစ်ပါမယ်။
ရေးတဲ့သူအမည်က လူသိမနည်းလှတဲ့ ကလောင်အမည်တခု။
(၃)
သခင်ကိုယ်တော်မှိုင်းက ဦးကုလား မဟာရာဇဝင်ကြီးကို အချက်အလက်တွေ မမှန်ကြောင်း ရေးထားတယ်။
ကျွန်တော်တို့ မြန်မာစာနဲ့ ရာဇဝင်တွေက အဲလို ဖြစ်ချင်တိုင်းဖြစ်နေတယ်။
ဒီလိုစာတွေလောက်ကိုသာ သင်ရ၊ ဖတ်ရသူတွေ မျက်စိလည် လမ်းမှားကုန်ကြရတယ်။
တချို့ကက သူတို့ သင်ခဲ့ရတာလေး၊ ဖတ်ဖူးတာလေးလောက်နဲ့ အကြောက်အကန် လာလာငြင်းနေကြတယ်။ ဂွကျတယ်။
ဦးကုလား မဟာရာဇဝင်ကြီး ပဌမတွဲ
မဟာရာဇဝင်ကြီး။
မာတိကာ။
ဦးရေနံပါတ်၊ အကြောင်းအရာ၊ မျက်နှာနံပါတ်၊
ပဌမတွဲ—မာတိကာ။
၁ ပဏာမပုဗ္ဗကထာဝဂ္ဂ .... .... .... ၁
၂ စကြာဝဠာ တည်ပုံ ပျက်ပုံ အကြောင်း .... .... ၅
၃ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ် တို့တွင် အန္တရကပ်ကို ပြခြင်း အကြောင်း .... .... ၅
၄ အသင်္ချေယျကပ် အကြောင်း .... .... .... ၆
၅ မဟာကပ်၏ ကာလ အပိုင်းအခြား အကြောင်း .... ၆
၆ ၎င်း၏ ပယောဂ အကြောင်း .... .... .... ၆
၇ ကမ္ဘာပျက်ပုံ အကြောင်း .... .... .... ၇
၈ ကမ္ဘာပျက်ရိုး အစီအစဉ် အကြောင်း .... .... ၈
၉ ကမ္ဘာပျက်ပြီးနောက် တည်ပုံ အကြောင်း .... .... ၈
၁၀ မဟာဗောဓိ ပလ္လင် တည်ရာ မြေပေါ်ခြင်း အကြောင်း ၈
၁၁ ဗြဟ္မာတို့မှာ စုတေ၍ အစစွာ လူ့ဥပပါတ် ဖြစ်ထွန်းခြင်း အကြောင်း .... .... .... .... ၉
၁၂ ကမ္ဘာဦးလူတို့၏ ဘုန်းကံ ဓမ္မတာ အကြောင်းများကြောင့် နေ၊ လ ပေါ်ခြင်း အကြောင်း .... .... ၉
၁၃ မြင်းမိုရ်—သတ္တရတန်—သီတာ—စသည်တို့ ဖြစ်ပေါ်ပုံ အကြောင်း .... .... .... .... ၁၀
၁၄ ကမ္ဘာဦးသူတို့ ရသပထဝီ—မြေဆီ မြေလွှာ—စသည်တို့ကို စား၍ လောဘရမက် ထူပြောသဖြင့် အာဟာရ ဆုတ်ယုတ်ပုံ အကြောင်း .... .... .... ၁၀
စာမျက်နှာ ၂၅၃
၃၀၄-စကား ၉-ပိုင်းတို့ရှိရာသို့ လှည့်လည်ခြင်းအကြောင်း။ ၂၅၃
၃၀၁-၎င်းတရုပ်ပြည်ကအပြန်တွင် စကားကိုးပိုင်းကရဟတ်တော်ကိုးဆူတို့ကို တည်လုပ်တော်မူကြောင်း။
နေပြည်တော်ပေါက္ကာရာမသို့ ရောက်တော်မူလျှင် ထွေတော်သစ်နက်ဦး၊ စကားရွက်ကို ဘုရားကိုးဆူ လုပ်တော်မူ၍ ဆယ်သိန်းသော သတ္တဝါအပေါင်းတို့၏ စီးပွားအလို့ငှါ သာသနာတော် ၅၀၀၀ တည်စေဟု၍ ကလေးမြို့သူမင်း၊ ကင်းမြို့တဆူ၊ မြေတူးမြို့တဆူ၊ ဗညုပုပ္ပရာမြို့တဆူ၊ ကြံညှပ်မြို့တဆူ၊ ငစဥ့်ကူးမြို့တဆူ၊ မုဆိုးဘိုမြို့တဆူ (၁)၊ စမ္ပနီတဆူ၊ စစ်ကိုင်းမြို့တဆူ၏ ၉-ဆူကို ၉-ဂူတည်၍ သီတင်းသုံးတော်မူ၏။ ဤဘုရား ၉-ဆူကို ထုလုပ်၍ စဥ့်လွှင့်သော သစ်စတုတို့ကို စုရုံး၍ လုပ်သော မဲဘုရားတဆူကိုလည်း အမြတ်ရှိ၍ သီတင်းသုံးတော်မူရ၏။
မြောက်အရပ်၌လည်း မုဋ္ဌော ၉-ဆူကို တည်တော်မူ၏။ ကျော်စည်အရပ်၌လည်း အင်းခရုတဆူ၊ ထည့်ထောက်တဆူ၊ မြေအိုးတော်တဆူ၊ ရွှေပေါကျွန်းတဆူ (၂)၊ ဤသို့ မြန်မာပြည်အလုံး၌ များမြတ်လှစွာသော ကုသိုလ်ကောင်းမှုတို့ကို ဆည်းပူးတော်မူ၏။ နေပြည်တော်ပေါက္ကာရာမ၌လည်း သဗ္ဗညုဘုရားတို့ကို တည်တော်မူ၍ ဘိုးတော် ထီးလှိုင်ရှင်မင်းကြီး လှူတော်မူသော ခေါင်းလောင်းကြီး ၅-လုံးထက် ကြီးမြတ်လှစွာသော ကြေးပိဿာတသောင်း (၃) ကို သွန်းသော ခေါင်းလောင်းကြီး ၂-လုံးတို့ကို သဗ္ဗညုဘုရားမှာ တလုံး၊ ရွှေဂူဘုရားမှာ တလုံး လှူတော်မူ၏။
၃၀၂-အလောင်းစည်သူမင်းကြီးသည် မိမိ၏ ကပိလသော အနားအန်အစွမ်းသတ္တိကို ပြခြင်းအကြောင်း။
တရံရောအခါ ဝိသုတ်ရှုသော တင်ခုံတော် မုခ်တွင် လက်ရုံးတော်ကို ဆန့်၍ ကြီးဝါးတော်မူ၏။ သက်တော်ကြီးပြီဖြစ်၍ လက်ဖျဉ်းတော် ကျသည်ကို အမှုးအမတ်တို့ မြင်လေသော် ရုပ်ဆိုးကြ၏ (၄)။ မင်းကြီးလည်း အမတ်တို့သည် ငါ့ကို မရိုမသေပြီဟု ရုပ်ဆိုးကြလေသည် အမှတ်ထားတော်မူ၏။ တနေ့သ၌ အမတ်တို့ကို ခေါ်ပြီးသော် ဟံငယ်လက်ဝဲ လက်ယာ အမတ်တို့၊ ယောက်ျား
(၁) မုဆိုးဘိုတဆူ၊ က၊ ဤအခါကပင် မုဆိုးဘိုမြို့ ရှိကြောင်း ထင်ရှား၏။
(၂) ရွှေပေါကျွန်း၊ မ၊ (၃) တသောင်း၊ မ၊ ငါးကျပ်တိုင်လီ၊ ပုလိပ်တရာကို တလာ၊ တလာတသောင်း လိုလျှင် (ဝိသသဒ္ဒါသောင်း ရှိ၏)။ (၄) ရုပ်ကုန်ကြ၏၊ မ၊
ပုံ (၂) - စာမျက်နှာ ၂၅၄
၂၅၄ မဟာရာဇဝင်ကြီး။
တယောက် ဦးပေါင်း ကျားထုပ်နှင့် မြင်းကျားစီး၍ တူးရွှန်းတောင်ခြေ၌ နေဝင်လျှင် အနိုင်အထက် လုစားသည် ဆိုသည်ကို နင်တို့ မကြားကုန်လော။ နင်တို့ ၄-ယောက် ရအောင် ဖမ်းချေဟု အမိန့်တော်ရှိမူ၏။ စစ်သူကြီး ၄-ပါးတို့လည်း မြင်းထင်းကုတ်တွင် မြင်းကောင်း ၄-စီးကို ယူပြီးသော်၊ ရအောင် ဖမ်းမည်ဟု ချီအားသန်လျက် သွားလေ၏။ မင်းကြီးလည်း မြင်းရွှေပန်းစာပုဂံကို စီးလျက် ဝတ်လဲဖြေပြီးသော်၊ မြင်းပြိုင်ဘက်ရည် ရှိရာရောက်ကို ငါမသာမချင်း တံခါးပိတ်နှင့်ဟု ရည်၍ ကြည့်သောသူကို တံခါးတွင် နေနှင့်စေပြီးသော်၊ အိပ်စားလွယ်လျက် ဦးပေါင်းကျားထုပ်နှင့် တူးရွှန်းတောင်ယံသို့ မြင်းကို အပြင်း နှင်တော်မူလေ၏။ စစ်သူကြီး ၄-ယောက်တို့လည်း သည်သူသည်ခိုးသာဟု အမှတ်ရှိ၍ ရအောင် ဖမ်းမည်ဟု လိုက်ကြလေ၏။ မင်းကြီးလည်း ထမင်း သုံးခါတုံ့ ချက်တုံ့ ပြုပြီးသော်၊ ညောင်ဦးကမ်းပါးချောင်းအတွင်း ဆင်းလေ၍ မြင်းထောက်တန်းသည်ကို ရေချတော်မူ၏။
စစ်သူကြီး ၄-ယောက်တို့လည်း ခိုးသူသည် ငါတို့ကို ကြောက်၍ ချောင်းတွင်းဆင်း၍ သေလေသည်ဟု တွေးတောကုန်၏။ မင်းကြီးလည်း မြင်းတော်ပန်းသည်ကို ရေချတော်မူ၍ အပန်းဖြေပြီးသော်၊ ချောက်ကတက်၍ မြင်း ၄-စီးခြံရံနှင့်သည်ကို လွတ်နိုင်အောင် တိုက်ဘောက်၍ ချည်းချေ (၁) ပြုပြီးသော်၊ ဘိုးဦးကွင်းပြင်၌ (၂) ကစားတော်မူပြန်၏။ စစ်သူကြီးတို့လည်း သည်သူသည် လူမဟုတ်၊ နတ်ဘီလူး ဖြစ်ရာသည်ဟု ကြောက်ရွံ့ခြင်း ပြင်းကုန်၏။ မင်းကြီးလည်း မြင်း ၄-စီးသားတို့ကို ရှေ့က ပေါက်တုံ့၊ နောက်က ပေါက်တုံ့၊ လက်ဝဲ ပေါက်တုံ့၊ လက်ယာ ပေါက်တုံ့ ၃-ကြိမ် နှင်နှင်ပြီးမှ မြို့တော်သို့ ပြန်တော်မူလေ၏။ မိုးသောက်၍ ထွက်တော်မူပြီးသော် ညီလာပြု၍ ရှေ့တော်၌ စစ်သူကြီး ၄-ယောက်တို့ကို ခေါ်တော်မူ၍၊ ဟယ် အမတ်တို့ မြင်းကျားစီးသော ခိုးသူကို နင်တို့ တွေ့၏လောဟု မေးတော်မူ၏။ “ရွှေဘဝါးတော်အောက် ရှိခိုးနားတော်လျှောက်ဝံ့သော ဘုရား”။ မြင်းကျားစီးသောသူကား လူဖြစ်ဆန်းမဟုတ်၊ နတ်ဘီလူး ဖြစ်ရာသည်၊ လူဖြစ်သော်လည်း လူမည်ကာမက ဖြစ်ပါသေသော ကြီးမြတ်သော ဘုန်းတန်ခိုးရှင် ဖြစ်ရာသည်။ ကျွန်တော်တို့ မြင်း ၄-စီး ကို ထားသိ၍ နိုင်ငံတော်ဝယ် ရှိသော မြင်းသည် အပေါင်းတို့ ဝန်းရံဆီး၍ ဖမ်းငြားသော်လည်း မရနိုင်ရာဟု သနားတော် လျှောက်ကြကုန်၏။ မင်းကြီးလည်း ဟယ်အမတ်တို့ နင်တို့ ငါ့ကို အိုပြီဟု
(၁) ချည်းတံချည်း၊ မ၊ (၂) ဇောင်းဦးကွင်းပြင်၊ က၊
ပုံ (၃) - စာမျက်နှာ ၂၅၅
၃၀၃-အလောင်းစည်သူမင်းကြီး ဆင်ဘမ်းတော်မူခြင်း။ ၂၅၅
မှတ်ကြသည်၊ ငါမအိုသေးဟု မိန့်တော်မူ၏။ ထိုအကြောင်းကို ကြားသော် မှူးမတ်ဗိုလ်ပါ အပေါင်းတို့သည် အလွန်ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်ကုန်၏။
၃၀၃-အလောင်းစည်သူမင်းကြီး ဆင်ဘမ်းတော်မူခြင်းအကြောင်း။
အလောင်းစည်သူမင်းကြီးကား ဘုန်းလက်ရုံး အာဏာနှင့် ပြည့်စုံတော်မူ၏။ ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ်တို့ကိုလည်း အပြီးတိုင်အောင် တတ်တော်မူ၏။ တရံရောအခါ ဆင်စီးအမတ်တို့နှင့် ထုံတော၌ ဆင်ကစားတော်မူသည်။ အပြစ်မှလွတ်သော၊ တည်တံ့၊ ပက္ခိ၊ ဟာနီ စသော ဆင်ပေါက် မတထောင်ကျော် ရတော်မူ၏။ ထိုမှတပါး ပန်းထောင်းထော၌ ကစားတော်မူသော အခါလည်း အပြစ်မှလွတ်သော ဆင်ပေါက် မရနံရာ ကျော်ရတော်မူ၏။ ထေလုပ်တော်၌ ဆင်တော်အသွယ်ကို ဆွဲတက်စီးတော်မူ၍ အင်တောလွန့်နှင့် (၁) ကြော့တော်မူသည် ဆင်ကောင်းပေါက် မရနံရာ ကျော်ရတော်မူ၏။ ငအောင်ချမ်းတော၌ ဆင်ကစားတော်မူသော အခါလည်း ဆင်ပေါက် မတရာကျော် ရတော်မူ၏။ သည်ကား အလုံးအရင်း အများ နှင့် ကစားတော်မူသည်ကို ဆိုသည်။ ထိုမှတပါး နေပြည်တော် ဝန်းကျင်ကစားတော်မူသည်ကား များစွာ၏။
တရံရောအခါ မယည်တောင်ခြေ အညာဩရာချောင်း အရပ်တွင် ရတနာ အတိ ပေါ်သည်ဟု လျှောက်လာသောကြောင့် ရေအား ကြည်းအား ဆန့်တော်မူ၏။ ထိုပတ္တမြားကို ကောက်ယူတော်မူသည်။ ထွေအဝခြံတောင် တစင်း ပြည့်ရတော်မူ၏။ ရသော ပတ္တမြားတို့ကို ရွှေဂူဘုရားမှာ ဌာပနာတော်မူသောအခါ ပေါက်ပေါက် ပြုပုံဖော်တော်မူ၏။
၃၀၄-အလောင်းစည်သူမင်းကြီး ဖိုးလောင်းတော် တေးလောင်းတော်တို့ကို ပြစ်မှား၍ မျက်စိကွယ်တော်မူကြောင်း။
တရံရောအခါ အလောင်းစည်သူမင်းကြီး ဤသို့ ကြံတော်မူ၏။ ငါကား ဘုန်းကြီးသော မင်းဖြစ်၍ မြွေသပြေပင်ရင်းသို့ ရောက်၍ သိကြားပေးသော အမည်ကို ရခဲ့သည်။ သက္ကုန္ဒ၊ ပဏ္ဍိ၊ ဒဏ္ဍိကာ၊ သာခါ၊ မောမိခက်တို့ကိုလည်း ဘုရားရုပ်တုတော်ရ၍ ကိုးကွယ်ရသည်။ သိန်ခိုကျွန်း၊ မလ္လာယုကျွန်း၊ မာရ်
(၁) အင်တောလွန့်နှင့် မဟူနန်းရာဇဝင်၌ သင်ကွဲလွန်ဟု ဆိုသည်။
ကျေးဇူးတင်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment