လူငယ်တစ်ယောက် လူငယ်တယောက် ဘယ်ဟာအမှန်လဲဆရာ။
မေးပြီဆိုကတည်းက တစ်ယောက် အသုံးကို စူးစမ်းလိုစိတ်ရှိတာဖြစ်ပါတယ်။ ကောင်းတယ်။
မကြာခဏဖြေထားတယ်။
၁။ မြန်မာစာ မွေးကတည်းက ၁၉၈၆ ခုနှစ်အထိ တဆူ၊ တပါး၊ တဦး၊ တယောက်၊ တခု၊ တကောင်၊ တဂူ လို့ ရေးပါတယ်။
၂။ ၃၀-၉-၁၉၈၆ နေ့စပြီး တဝမ်းပူတွေကို စသတ်စေအမိန့်ထုတ်ထားတယ်။
၃။ အဲဒါကြောင့် -
ရုံးတွေ
ကျောင်းတွေ
ဘဏ်တွေ
ပုံနှိပ်တိုက်တွေ
လွှတ်တော်တွေမှာ မှန်အောင် ရေးသားခွင့် မရှိပါ။
ဆိုရှယ်မီဒီယာမှာတော့ ကြိုက်သလို ရေးလို့ရတယ်။ လွဲလေ မှားလေ လူကြိုက်များလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment