တင်ထားတာတခု = ကရမ္မက်ပန်းတွေက လက်လှမ်းလို့ မီတမှီ။
ကရမက် လို့ ရေးရ။ ကရမ္မက်လို့ရေးရင် ကရမ်မက်ဖြစ်သွားမယ်။
Bridal Creeper, Snow Creeper, Snow Vine (Bridal Bouquet Flowering Plant) = ကရမက်ပန်း (ဒီဇင်ဘာပန်း၊ ခရစ်စမတ်ပန်း၊ နွယ်ညိုပန်း)
တောင်တောသာယာ (ယိုးဒယား)
တောင်တော တောင်တောသာယာ
ပန်းမျိုးစုံလှပါ့
ပွင့်မာလာ ဇလပ်တာ ရွှေအင်ကြင်း
ထပ်တရာ ဇလပ်တာငယ်
ဇီဇဝါပင် ကြက်ရုံး
အိုး ဂမုန်းအင်
ဂန္ဓမာငယ်လေ လေပြေယူရာ
မွှေး မြတ်လေး စွယ်တော်
ယုဇန ကံ့ကော်
ပန်းမျိုးလေး စုံလှပါသနော်
မဟာမြိုင်အတွင်းမှာ ကြိုင်သင်းပါလို့ကျော်
ပန်းမျိုးလေး စုံလှပါသနော်
မဟာမြိုင်အတွင်းမှာ
ကြိုင်သင်းပါလို့ ကျော်
တောင်တော တောင်တောသာယာ
ပန်းမျိုးစုံလှပါ့
ပွင့်မာလာ ဇလပ်တာ ရွှေအင်ကြင်း
ထပ်တရာ ဇလပ်တာငယ်
ဇီဇဝါပင် ကြက်ရုံး
အိုး ဂမုန်းအင်
ဂန္ဓမာငယ်လေ လေပြေယူရာ
မွှေး မြတ်လေး စွယ်တော်
ယုဇန ကံ့ကော်
ပန်းမျိုးလေး စုံလှပါသနော်
မဟာမြိုင်အတွင်းမှာ ကြိုင်သင်းပါလို့ကျော်
ပန်းမျိုးလေး စုံလှပါသနော်
မဟာမြိုင်အတွင်းမှာ
ကြိုင်သင်းပါလို့ ကျော်
ခေါင်ရမ်းလေးလေး စကားစိမ်း
နွယ်သာကီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ခေါင်ရမ်းလေးလေး စကားစိမ်း
နွယ်သာကီ
နွယ်သာကီ ပန်းမြတ်နွယ်သာကီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ပန်း မွှေးကြူ ကက္ကရု ခွါညို
သော်က နှင်းပန်းဖြူ
ပန်းမွှေးကြူ ကက္ကရု ခွါညို
သော်က နှင်းပန်းဖြူ
ဝေဘူ တောဝနာလယ်
မဉ္ဇူ ပေါပါလှတယ်
ဝေဘူ တောဝနာလယ်
မဉ္ဇူ ပေါပါလှတယ်
ဪ ကရမက်ပန်းတွေက
လက်လှမ်းလို့ မမိတမီ
ဪ ကရမက်ပန်းတွေက
လက်လှမ်းလို့ မမိတမီ
မွှေး နံ့သာဆီ ကြိုင်ကြိုင်သင်း
ဂန္ဓမာငယ်လယ် တိုက်ပန်းတွေက
ပေါလှပါတယ် ဒေါ ဒေါန စံပယ်
ခေါင်ရမ်းလေးလေး စကားစိမ်း
နွယ်သာကီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ခေါင်ရမ်းလေးလေး စကားစိမ်း
နွယ်သာကီ
နွယ်သာကီ ပန်းမြတ်နွယ်သာကီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ဇွန်သရဖီ တိုက်ပန်းတွေက စီ
ပန်း မွှေးကြူ ကက္ကရု ခွါညို
သော်က နှင်းပန်းဖြူ
ပန်းမွှေးကြူ ကက္ကရု ခွါညို
သော်က နှင်းပန်းဖြူ
ဝေဘူ တောဝနာလယ်
မဉ္ဇူ ပေါပါလှတယ်
ဝေဘူ တောဝနာလယ်
မဉ္ဇူ ပေါပါလှတယ်
ဪ ကရမက်ပန်းတွေက
လက်လှမ်းလို့ မမှီတမှီ
ဪ ကရမက်ပန်းတွေက
လက်လှမ်းလို့ မမိတမီ
မွှေး နံ့သာဆီ ကြိုင်ကြိုင်သင်း
ဂန္ဓမာငယ်လယ် တိုက်ပန်းတွေက
ပေါလှပါတယ် ဒေါ ဒေါန စံပယ်
ဝင်းဦး - တောင်တောသာယာ (ယိုးဒယား) https://www.youtube.com/watch?v=4sW6KGHmsc8
ဒေါက်တာတင့်ဆွေ
Comments
Post a Comment