ဟင်းပြင်းရွက် နဲ့ ကံစင်းကို ရှမ်းသုပ်လေးသုပ်စားရင် တအားကောင်းတာပါဆို (NooN ဒေသထွက်အစားအစာ)
ပုံအတွက် ကျေးဇူး။
(၂)
အရွက်အကြွတ်ကြော်၊ အစေ့လှော်၊ အဖူးအပွင့်နဲ့ ကြက်ဥကြော်၊ အရွက်နဲ့ ဆူးပုတ်ရွက်၊ ဆန်လှော်မှုန့်နဲ့ ရောကြော်ထားတဲ့ ဟင်းပြင်းရွက် ဆန်လှော်ပြွန်း၊ အသီး၊ အရွက်၊ အပွင့်တွေနဲ့ ဆန်လှော်မှုန့်၊ ဆူးပုတ်ရွက်တွေထည့်ကြော်ထားတဲ့ ဟင်းပေါင်း စတာတွေပဲ ဖြစ်ပါတယ်။ ဆူးပုတ်ရွက်ကို သင်(ထွင်/နွှင်)ပြီး မထည့်ပါဘူး။ အပင်က ခူးလာတဲ့ အခက်လိုက်အတိုင်း ဟင်းပြင်းရွက်နဲ့ ရောကြော်ကြပါတယ်။ တချို့ဆိုရင် ဟင်းလှော်(ဟင်းပြင်းရွက်ကြော်) ထဲကို ဆန်မှုန့်၊ ငရုတ်သီးစိမ်း၊ ကန်ဇွန်းငေါက် (ကန်ဇွန်းညွှန့်)၊ ဆူးပုတ်ရွက် ပြွန်းပြီး(ရောထည့်) ကြော်ထားတာလည်း အရမ်းစားကောင်းပါတယ်။ တခါတလေ ငရုတ်သီးမရှိရင် ငရုတ်သီးအစား စပ်တဲ့အရွက်တမျိုး ထည့်ကြော်ပါသေးတယ်။ ဘာအရွက်လည်းတော့ မသိပါဘူး။ တချို့လည်း အရည်သောက် ဟင်းချိုအနေနဲ့ စားသောက်ကြပါတယ်။ (Nature Myanmar's Post)
(၃)
ဟင်းပြင်းရွက် (ဟင်းဗြင်းရွက်)
မြန်မာအမည် - ဟင်းပြင်း
အင်္ဂလိပ်အမည် - Gnemon, Melinjo, Belinjo
သိပ္ပံအမည် - Gnetum gnemon L.
မျိုးရင်း - Gnetaceae
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ချင်းပြည်နယ်ကသူတွေ ဟင်းပြင်းရွက်ကို မသိတဲ့သူမရှိလောက်အောင် လူအများစုက ရင်းနှီးသိကျွမ်းကြတယ်လို့ ပြောလို့ရပါတယ်။
ဟင်းပြင်းရွက် (ဟင်းဗြင်းရွက်)
(၄)
Melinjo (Gnetum gnemon)
ဟင်းပြင်းရွက် (Melinjo) ၏ အင်္ဂါရပ်နှင့် အကျိုးကျေးဇူးများ
ဟင်းပြင်းပင်သည် အရှေ့တောင်အာရှဒေသတွင် ပေါက်ရောက်သော အပူပိုင်းဒေသ အမြဲစိမ်းပင် တမျိုး ဖြစ်ပါသည်။ ၎င်း၏ အရွက်၊ အစေ့နှင့် အသီးများကို ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်ခြင်းနှင့် ရိုးရာဆေးဝါးများ ဖော်စပ်ခြင်းတို့တွင် အသုံးပြုကြပါသည်။ ၎င်းပင်သည် ပန်းပွင့်သော အပင်မျိုး မဟုတ်ဘဲ အသီးအနှံများ (Cones) မှတဆင့် မျိုးပွားသော အပင်မျိုး ဖြစ်ပါသည်။
အပင်၏ ဝိသေသလက္ခဏာများ
အမျိုးအစား: အလတ်စား အမြဲစိမ်းပင် သို့မဟုတ် ချုံပင်မျိုး ဖြစ်ပါသည်။
အရွက်: ပြောင်လက်သော အစိမ်းရင့်ရောင် ရှိပြီး အရွက်နုလေးများမှာ ကြေးနီရောင် ရှိပါသည်။
အသီး: အဆွဲလိုက် အပြုံလိုက် သီးလေ့ရှိပြီး မှည့်လာသည့်အခါ အနီရောင်သို့ ပြောင်းလဲသွားပါသည်။ အသီးအတွင်း၌ အစေ့ တစေ့ ပါဝင်ပါသည်။
စားသုံးမှု နည်းလမ်းများ
အရွက်: ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပြီး အသုပ်၊ အကြော်နှင့် ဟင်းချိုများတွင် ထည့်သွင်း ချက်ပြုတ်ကြပါသည်။
အစေ့: အင်ဒိုနီးရှားနိုင်ငံတွင် အစေ့ကို ထုထောင်း၊ အခြောက်လှန်း၍ "အမ်ပင်း" (Emping) ဟုခေါ်သော မုန့်ကြွပ်အဖြစ် ကြော်စားကြပါသည်။ ၎င်းသည် အနည်းငယ် ခါးသက်သော အရသာ ရှိပါသည်။
အသီး: နုသော အစေ့များနှင့် ရင့်မှည့်သော အနီရောင် အသီးခွံများကိုလည်း ချက်ပြုတ် စားသုံးနိုင်ပါသည်။
အာဟာရနှင့် ဆေးဖက်ဝင် တန်ဖိုး
အာဟာရဓာတ်: အစေ့များတွင် ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။
ကျန်းမာရေး အကျိုးကျေးဇူး: ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ဂုဏ်သတ္တိရှိသော အင်တီအောက်စီးဒင့် (Resveratrol) များ ပါဝင်ပါသည်။
ရိုးရာအသုံးပြုမှု: အရွက်များကို အရေပြားဆိုင်ရာ ဝေဒနာများအတွက် အသုံးပြုကြပြီး အပင်တပင်လုံးမှာ အာဟာရဓာတ် စုစည်းရာ ဖြစ်သဖြင့် များစွာ အသုံးတဲ့ပါသည်။
ကျွန်တော်ကတော့ မုံရွာနဲ့ မန္တလေးဒေသလောက်သာ သိလို့ ဟင်းပြင်းရွက်ကို မမြင်ဘူး မစားဘူးသေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment