ကလေးများ ပေါ်နေပြီ။ ကျွန်တော်၏
နှာခေါင်းတွင်ကား သင်္ကြန်၏
အနံ့အသက်လေးများကိုပင် ရနေ၏။
တန်ခူးနွေ၏ ညနေ မစောင်းတစောင်း
အချိန်မှာ ဖြစ်၍ အပူငွေ့တော့ ရှိနေသည်။
သို့ရာတွင် လေချိုက သွေးနေသဖြင့်
အအေးဓာတ်ကလေးကလည်း
လွင့်လွင့် လာနေသည်။
ကောင်ကင်က မကြည်လွန်း။
မှုန်လည်း မမှုန်လွန်း။ အနောက်ဘက်ဆီမှ
တိမ်ဖြူဖြူတို့၏ နောက်ပါးတွင်
ရွှေလျှံလဲ့လဲ့ ပြေးနေသည်။
တန်ခူးဆိုသည်က နှစ်သစ်တခု၏အစပါ။
နှစ်သစ်တခု၏ စခြင်းကို ပြသော
လက္ခဏာတွေက ပတ်ဝန်းကျင်မှာ
လှပထင်ရှားနေကြသည်။
မြင်သမျှသော ပင်အို ပင်ပျိုတို့သည်
ရွက်သစ်တွေကို ဆင်ထားကြ၏။
ရွက်ဝါ ရွက်ဟောင်းတွေက တပေါင်းတည်းက
ကြွေစင်ကုန်ပြီ။ မနုတော့သော်လည်း
မရင့်သေးသော ရွက်သစ်တို့သည်
ပျိုပျိုလွင်လွင် ရှိလှသည်။ နှစ်သစ်
အချိန်သစ်မှာ လောကကို ပျိုမြစ်ခြင်းဖြင့်
တန်ဆာဆင်နေကြသည်။
ပွင့်စုံတို့ကလည်း ရောင်မျိုးကြွယ်လှ၏။
စိန်ပန်းနီနီရဲရဲကတော့ တခဲနက်
အားမာန် အရှိဆုံးဖြစ်သည်။
ငုတွေကလည်း အားကျမခံ ထိန်ထိန်ဝါနေ၏။
တရုတ်စကားတွေကလည်း အပြိုင်ပွင့်နေ၏။
စွယ်တော်ဖြူဖြူတွေကတော့ ဣန္ဒြေရရ
တည်တည်ငြိမ်ငြိမ်ရှိသည်။ ကံ့ကော်
ပွင့်ကြွေတွေကလည်း သင်းပျံ့ဆဲပါ။
သြော်… ပိတောက်တွေလည်း ပွင့်ချိန်နီးပြီ။
မနက်ဖြန်လော… သန်ဘက်ခါလော…။
တရက်… နှစ်ရက်…သုံးလေးရက်
ပွင့်တော့ ပွင့်ရော့မည်။
ကျွန်တော့်ရင်က ခုန်လာသည်။
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ခုန်လာသည်။
(ပိတောက်ပွင့်ဆဲ လသာဆဲဝယ် တက္ကသိုလ်ဘုန်းနိုင်)လက်ထဲမှာ မူရင်းစာအုပ် ရှိဆတယ်။ စာသားတွေကို ကူးတင်သူတွေ၊ စာအုပ်ပြန်ထုတ်သူတွေက သတ်ပုံတွေကို ထင်သလို ပြင်ထားကြတယ်။
အရင်ခေတ်က နာမည်ကျော်စာရေးဆရာတွေ၊ ကဗျာဆရာတွေထဲမှ တက္ကသိုလ်ဘုန်းနိုင်က နာမည်အဖျက်ခံရဆုံး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment