(၂) အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနူတ်ဆက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့ မှတ်ပါလေ။
(၃) ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီး သားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကိ၊ ဂုဏဝုဍ္ဎာ၊ ပစာယနစိတ်က သိစေ၊ ပြစ်မှားမိက မသင့်ချေ။
(၄) ပေါက်ဖော်သားချင်း၊ တဝမ်းတွင်းမှ၊ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားတုံသည်၊ အူတုံဖြစ်က၊ ချစ်ကြလေ။
(၅) သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍ ရုန်းကြလေ။
(၆) ရှေးကစွန့်ကြဲ၊ ကံရင်းနည်း၍၊ ဆင်းရဲခဲ့တုံ၊ ကိုယ်မလုံ၍၊ သူ့ဂုဏ်ပိုင်ပိုင်၊ မဆပ်နိုင်သော်။ ကိုယ်တိုင်သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်းမမြူး၊ ဘုရားဖူးသို့ ကျေးဇူးရှိထွေ သိတတ်စေ။
(၇) တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင် သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။
(၈) မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ။
(၉) သေနှင့်အရက်၊ စီးပွားဖျက်ကို၊ တစက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါစေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။
(၁၀) ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါ လေ။
(၁၁) သူ၏ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေး တအိုးမျှ၊ မယူကြနှင့်၊ ရှောင်ကြပါလေ၊ ကာမေမိစ္ဆာ၊ သူ့အိမ်ရာကို၊ မြင်ခါခဏ၊ သူသတ်ကြူးသည့်၊ ဘီလူးမသို့၊ စိတ်ကမသွေ ထင်မိစေ။
(၁၂) သူ့ကိုမမှား၊ မလှည့်စားနှင့်၊ စကားစမြည်း၊ မြွက်သည်စစ၊ ပြောသမျှကို မှန်လှစေ။
(၁၃) အပါယ်လေးပါး၊ လာမည့်အကြောင်း၊ မကော်ငးမူမှ၊ စပ်သမျှကို၊ ရှောင်ကြပါလေ၊ သေခါထုတ်ချောက်၊ ငရဲရောက်မည် ရွံ့ကြောက်စေ။
(၁၄) ဘုရားတရား၊ မြတ်ဖျားသံဃာ၊ အရိယာကို၊ မကွာနေ့ည၊ တတ္တအဉ္ဇလီ၊ မြှောက်ပင့်ချီသည်၊ ကိုယ်စီနေ့ည ကိုးကွယ်ကြ။
(၁၅) အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ လက္ခဏာသုံးပါး၊ ဤတရားကို၊ ဖွားဖွားနူတ်ဝယ်၊ သရဇ္စျာယ်၍၊ ကိုးကွယ်စောင့်ရှောက်၊ ဆောက်တည်ကြလေ၊ လည်တွင် ဆွဲသည့်၊ ပုလဲကဲ့သို့ မြဲလှစေ။
(၁၆) စာတက်စာသင်၊ ရှင်သာမဏေ၊ ထွေထွေကောင်းမူ၊ စုံ တခုကို၊ ပြုစုကြပေ၊ မသွေမဖောက်၊ ကြီးရာရောက်သော်၊ လျောက်လျောက်ပတ်ပတ်၊ သူတော်မြတ်၏၊ ကျင့်ဝတ်ပီထွေ၊ ကိုယ်ကိုထိမ်း၍ သိမ်းဆည်းလေ။
(၁၇) ဖုန်းတောင်းယာစကား၊ ခံရောက်လာသော်၊ သဒ္ဓါသုံးဝ၊ ထက်လှစေ၊ ပေးစွန့်ကြဲသည် လှူရဲစေ။
(၁၈) နောင်သံသရာ၊ ရိက္ခာအတူ၊ ကံကျွေးဟူသည်၊ အလှူဆိုက၊ မဆုတ်ကြနှင့်၊ ရဲလှပါစေ၊ တံစက်အောက်တွင်၊ ခံသောက်အိုးတန်၊ ကျဖန်များက၊ ပြည့်ငြားသည်သာ၊ ထုံးဟောင်းစာကို ထောက်ပါလေ။
(၁၉) သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ လူမိုက်မဲကို၊ ရှောင်လွဲပါလေ၊ ဤသူအမြတ်၊ ဤသူလတ်က၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို သိတတ်စေ။
(၂၀) ကဲ့ရဲ့သင်္ဂြိုဟ်၊ ဆိုလည်းမထီ၊ မသတ်အောင် ဟီရိသြတ္တပ်၊ စောင့်ကြပ်မဆို၊ မိမိကိုယ်ကို၊ ပစ္စုဒ္ဓိုရ်လျှင်၊ ဖြစ်လိုဖြစ်စေ၊ ငါမထေဟု၊ သရေမဆောင်၊ လူမုန်းအောင်လျှင်၊ မောင်တို့မကျင့်ကြလေနှင့်။
(၂၁) ငြိမ်သက်ဣန္ဒြေ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်းမွန်၊ လွန်တော်မှန်လျက်၊ စိတ်မာန်မနှောင့်၊ နူတ်လက်စောင့်သည်၊ သူကောင်းသွေးရည် ပီလှစေ။
(၂၂) ရပ်သူရွာသား၊ သူကောင်းများ၏၊ နားမှာ မဆန့်၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညမ်း၊ ကိုယ်လက်နွမ်းအောင်၊ အသွမ်းအကျင့်ကြလေနှင့်။
(၂၃) မုန်းဖွယ်လည်းတတ်၊ မျောက်မျက်စိကို၊ မျက်စဉ်းခပ်သို့၊ လျှပ်လျှပ် ပေါ်ပေါ်၊ လော်လော် လည်လည်၊ မတည်မျောက်နှယ်၊ စက်ဆုတ်ဖွယ်ဟု၊ သည့်နှယ် မဆိုရစေနှင့်။
(၂၄) ကွယ်ရာမရွေး၊ မျက်နှာဝေးက၊ တွေးထေကြံသိ၊ မိမိသဘော၊ သို့ကျင့်သောဟု ပြောရလူချင်း၊ မေတ္တာကင်းအောင်၊ သတင်းမပုပ်ပါစေနှင့်။
(၂၅) အရောင်းအဝယ်၊ အသွယ်သွယ်တွင်၊ လိုဘွယ်ရရန်၊ ဖိုးထိုက်တန်လျှင်၊ မှန်သည်ကိုလိုက်၊ လောဘတိုက်၍၊ လူမိုက်မဆိုရစေနှင့်။
(၂၆) နှလုံးသည်ခြေ၊ သန္ဓေလည်းတန်၊ မမှန်စကား၊ လူဖြစ်မှားဟု၊ အများမဆိုရစေနှင့်။
(၂၇) မဖြောင့်မယား၊ မတရားကို၊ လားလားဤသူ၊ မပြုဟူ၍၊ ဗိုလ်လူခပ်သိမ်း၊ မေတ္တာလိမ်းသည်၊ ချီးမါမ်းဆိုတွေရတတ်စေ။
(၂၈) အတည်အကျွေး၊ အပေးအကမ်း၊ သေခန်း ရှင်ခန်း၊ လူတို့တမ်းကို၊ အော်အမ်းနိုင်တွေ၊ လောကဝတ်ကိုလည်းသိစေ။
(၂၉) ရဟန်းသံဃာ၊ အရိယာပေါင်း၊ သူတော်ကောင်းတို့၊ အပေါင်းစည်းဝေး၊ ပြောရေးဆိုတမ်း၊ ပွဲလမ်းကြုံငြား၊ အသွားအလာ၊ လှူဒါန်းခါလည်း၊ လက်ယာဘက်က၊ အင်္ကျီလက်ကို၊ တဘက် ချလျက်၊ ကပ်ထအပေါး၊ ဝပ်လျှိုးသွား၍၊ ကျောင်းသားပီတွေ ယဉ်ကျေးစေ။
(၃၀) ကြီးသူတဖြာ၊ ပညာရှိအား၊ သူကောင်းများနှင့်၊ စကားထွေလာ၊ ပြောသောခါလည်း၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ ဆိုရစေ။
(၃၁) အာဋ္ဌာရသ၊ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရိုသေခါလည်း၊ နူတ်ပါ လက်ရေး၊ ဇယ်ထောင်သောင်းကို ဒိုးကောင်းပြေးသို့၊ လူရေးလူရာ ပီလှစေ။
(၃၂) အပေါအလွင်၊ ပျော်ရွှင်မပါး၊ လောင်းစားကြက်ငှက်၊ မလေ့ကျက်နှင့်၊ အသက်မွေးမူ၊ တခုခုကို လုပ်မူဆောင်ခင်း၊ မပျင်းမရိ၊ မိမိတို့တွင်၊ အကြင်လက္ခဏာ၊ လူ့ဘာသာလျှင်၊ ဥစ္စာရကြောင်း၊ အရောင်းအဝယ်၊ ကုန်စလယ်သွား၊ မနေနားဘဲ၊ ပျားပိတုန်းတူ ဝတ်ရက်ယူသို့၊ လူစင်မီအောင် ကြိုးစားလေ။
(၃၃) အသုံးအဆောင်၊ အိမ်ထောင်ခမ်းနား၊ အပါးပါးကို၊ ပြန့်ပွားလေအောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ ယောက်ျားပီထွေ၊ ဝီရိယနှင့် လုံ့လကိုလည်း ရှိလှစေ။
(၃၄) သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကို မျှတစေ။
(၃၅) မမွှေမနှောက်၊ မကောက်မကျစ်၊ မလိမ်လစ်ဘဲ၊ မစဉ်းလဲနှင့်၊ စိတ်ထဲဖြောင့်စေ၊ သူ့အကျင့်ကိုလည်း သိတတ်စေ။
(၃၆) ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ လူတော်ထုံးကို၊ စွဲသုံးသောထွေ မှန်လှစေ။
(၃၇) ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်၊ လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ၊ ပညာရှိအား၊ ကိုယ်တိုင်သွား၍၊ စကားလိုက်လျှော၊ စ စ ပြော၍၊ နှီးနှောလေ။
(၃၈) ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်း ဧကန်၊ အာ-မသန်နှင့်၊ မှန်သည်တစေမရှိချေ။
(၃၉) မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
(၄၀) ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကားကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူခြားလိမ္မာ ရှိသည်သာတည့်။
(၄၁) နားမှမဝင်၊ မသိမြင်က၊ သမင်ကျွဲနွာဒး၊ တောင်သူလားသို့၊ မပွားပညာ၊ မလိမ္မာဘဲ၊ မိစ္ဆာစိတ်ခိုင်း၊ ထူထိုင်းမိူင်းသည်၊ ရိုင်းစိုင်းတောင်သူ၊ မိလက္ခူနှင့် တူလိမ့်မည်။
(၄၂) ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မယ်ဖွားမိခင်၊ ဆုံးမသင်သို့၊ အကြင်ဆရာ၊ ထိုသူငါကို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို့, ဆိုပါသမျှ, သြဝါဒကို, နားမျှမထောင်, မကြားယောင်သို့, မောင်တို့ပြုက, ယခုမည်ရေး, အလွန်ဝေးသည်, သေဘေးမလွဲ, ဝဋ်ဆင်းရဲမှ, ရွှေခဲဘယ်နှယ်, အသွယ်သွယ်ကို, လွှဲဖယ်ကြံစည်, လွတ်ပါမည်။
(၄၃) နားလည်စေကြောင်း, သို့ကျင့်ကောင်းစွာ, သောင်းပြောငး်နှံ့စပ်, သည်တိုင်းမှတ်ယူ, ထေရ်မြတ်ဆရာ, ရဋ္ဌသာလျှင်, ပညာရကြောင်း, ဉာဏ်နှင့်လောင်း၍, ရုံးပေါင်းဆင်ခြင်, ဆုံးမသင်သည်, ဤတွင် တခန်းပြီး၏သောဝ်။
လက်သစ်တောင်တာ ဆုံးမစာ ပြီး၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment