Skip to main content

နဝဒေးရတုပေါင်းချုပ်


(၂၁) ပြည်-ဆံတော်ရှင်ဘုရားတိုင်ရတု

၁။ အရှေ့ဘက်မှာ၊ တောင်လက်ယာက၊ တေဇာထွန်း၊ တက်နေထွန်းသို့၊ ပ-ရွှန်းရောင်ခြည်၊ ပြောင်ဦးလည်လျက်၊ သုံးမည်လူများ၊ ကြည်စိတ်ထားသည်၊ ဘုရားသခင်၊ မွေဆံရှင်...။ ဝမ်းတွင်ပြတ်ပြတ်၊ မသိတတ်ခဲ့၊ ကလတ်ကလေး၊ သဘောမမှန်၊ ဘောက်ပြန်လိုလို၊ ထက်ပို-ထက်ဝါး၊ ရှည်လျားကြာမြင့်၊ တဖင့်ဖင့်လျှင်၊ နှုတ်ဖြင့်ပေါ်သာ၊ လိမ်းကျံကာတည်း၊ သစ္စာဝိဓိ၊ ဝက်ချစ်ပန်နက်သည်။ ။ တုပြတ်ရေသို့ လျှံလေသော်။

၂။ တနေ့ရက်ကြာ၊ မမြင်ကာမျှ၊ တရာအသက်၊ ရှည်သမျှထက်လျက်၊ ဆယ်တက်ဆယ်ပြန်၊ မြတ်နိုးလွန်လျက်၊ မင်းမွန်စကား၊ ဆိုသည်များကို၊ ထက်ဖျားမိုးနေ၊ ဘုံကကြွေလည်း၊ မဝေမေတ္တာ၊ ရှင့်ကိုသာဟု၊ ဝမ်းမှာလိမ္မော၊ ကောက်ကျစ်ထွေပြား၊ တံငါများသို့၊ တော်လျားမမူ၊ သို့သသူကို၊ ရှုယူပြညွှန်၊ ဘယ်နတ်တန်၍၊ ချန်ဘိသည်နည်း၊ မိတည်းနောင်တော်၊ မြတ်ဆံကျော်လျှင်၊ မိန့်ဖော်မြတ်ဟ၊ မဆုံးမရှင့်၊ ကြီးလှမြင့်ခေါင်၊ မြင်းမိုရ်တောင်သို့၊ ဆွေမောင်မယ့်သက်၊ ဆိုနိုင်ခက်စွာ၊ မဝက်ကြောင်းလျား၊ ပြန်လျှောက်ကြားသည်။ ။ နှစ်ပါးမောင်တို့ ကြံလေသော်။

၃။ မတူခက်စွာ၊ နောင်မတ်လျာနှင့်၊ သစ္စာယွင်းခွ၊ ကလုလူရှင်၊ ဝမ်းကကြီထွေး၊ ကြက်သွမ်းပေးသို့... 

ချစ်ရေးမဆင်၊ သုဇိမ်းစင်မြင့်၊ မယ့်ထွဋ်အဖျား၊ ရှိသည်ဖြစ်လည်း၊ ပစ်ပယ်ဝေးလှူ၊ ဘုန်းတုမမျှ၊ မိတ္တေမိကြီး၊ ဦးရီးကစ၊ ဆုံးမစကား၊ မနာခါးသို့၊ လှည့်ပြားသည်ကို၊ ပျားနှယ်သိရှိ၊ ကတိဝတ်တရား၊ ကျမ်းမိချေသော်၊ ထွေထွေလာလာ၊ သစ္စာမမှန်၊ ဘောက်ပြန်ရုံက၊ ချစ်စိတ်ပျက်သည်။ ။ မယ်သက်မျှကို နှံလေသော်။

မှတ်ရန်များ

တဖင့်ဖင့်လျှင်

တနေ့ရက်ကြာ၊ 

တရာအသက်၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ