Skip to main content

"လျက်" နှင့် "လျှက်"

ဆရာ ရှင် ဦးထိပ်ထားလျှက် ဦးထိပ်ထားလျက် ဘယ်ကမှန်ပါသလဲရှင်

ဦးထိပ်ထားလျက်

၁။ "လျက်" (ကိရိယာဝိဘတ်/ပစ္စုပ္ပန်ပြ)

"လျက်" ကို အဓိကအားဖြင့် အခြေအနေတခု ဖြစ်ပေါ်နေဆဲ သို့မဟုတ် ဖြစ်ပျက်နေသည်ကို ပြဆိုရာတွင် သုံးပါသည်။

အခြေအနေပြ: အိပ်လျက်၊ ထိုင်လျက်၊ သွားလျက်၊ ရှိလျက်။

ဆက်စပ်ပြ: သိပါလျက်နှင့် မပြောဘူး။ (သိနေသော်လည်းဟု ဆိုလိုသည်)

ပစ္စည်းအမျိုးအမည်: အုန်းလျက် (ယို)၊ ထန်းလျက်။

ဥပမာ: "ဆရာတော်သည် တရားဟောကြားလျက် ရှိပါသည်။"

________________________________________

၂။ "လျှက်" (လျှာဖြင့် ပြုလုပ်သော အပြုအမူ)

"လျှက်" ကို လျှာဖြင့် ရက်ခြင်း၊ လျှာဖြင့် အရသာခံခြင်း စသည့် အပြုအမူများတွင်သာ သုံးပါသည်။

အပြုအမူ: လျှာဖြင့် လျှက်သည်။

ဥပမာ: "ခွေးကလေးသည် သခင်၏လက်ကို လျှာဖြင့် လျှက်နေသည်။"

အခြား: ခွေးလျှက် (အပင်တမျိုး)။

________________________________________

နှိုင်းယှဉ်ချက် (မှတ်ရန်)

စာလုံး အဓိပ္ပာယ်အနှစ်ချုပ် ဥပမာ

လျက် ဖြစ်ပေါ်နေဆဲ (Verb suffix) ထိုင်လျက်၊ စားလျက်၊ ထန်းလျက်။

လျှက် လျှာဖြင့်ရက်ခြင်း (Licking) လျှာဖြင့် လျှက်သည်။

လျက်

ထန်းလျက်

ပွဲလျက် (ပွဲညှက်သံထွက်သည်)

ကြံစည်လျက်

မင်းကောင်းပေလျက် မင်းမြှောင်ဖျက်

ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်

လျှာနှင့် လျက်သည်

လာလျက်

လျက်ဆား

သွားလာလျက်

ပြောဆိုလျက်

မင်းကောင်းပေလျက် မင်းမြောင်ဖျက် (ကဝိဓဇသတ်ပုံကျမ်း)

မုံ့တလျှက် = မုံ့ပြား (တယှက်သံထွက်သည်)။

သန်လျှက်ဓါး

သန်လျှက်တော ငရဲ

ရောင်ဖြူမြိုးပြင် ဓါးသန်လျှက်သည်။ ။ ထိလျက် ရှတိုင်း မှန်သည်သာ။

ခင်နှင်းယု ရေးသာတဲ့ နာမည်ကြီး စာအုပ်ကို ပြန်ထုတ်တာ အဖုံးမှာ (လျက်) နဲ့ (လျှက်) သတ်ပုံမှားနေတယ်။ ဟထိုးမပါရပါ။ အထဲကစာသားတွေကိုလည်း (တ) မှန်သမျှကို စသတ်ထားမယ်ထင်ရတယ်။ မလုပ်ကောင်းပါ။ စာအုပ်အဖုံးမှာ (ခင်နှင်းယု အတု) လို့ ရေးသင့်တယ်။

သတ်ပုံစာအုပ်ဟောင်းမှာ သန်လျှက်လို့ရေးတယ် နောက်ထုတ်တွေမှာ သန်လျက်လို့ရေးတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ သန်လျက်လို့ရေးပါတယ်။

ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ)

ပန်းပန်လျှက်ပါ - မှားတယ်။ ဟထိုးမပါရပါ။

ပန်းပန်လျက်ပဲ - မှားတယ်။ 

ပန်းပန်လျှက်ပဲ - နှစ်ခါပြန် မှားတယ်။

မူရင်းကဗျာပါ 'ဘဲအုပ်တရာနှစ်ရာ' ကို တဝမ်းပူစသတ်တွေနဲ့ရေးတာကို "သင်္ချာမတတ်သူများ" လို့ ခေါ်မယ်။

မူရင်းကဗျာပါ 'ပန်းပန်လျက်ဘဲ' ကို 'ပန်းပန်လျက်ပဲ' လို့ပြင်ထားတာကို "ဆိတ်အုပ်ကဗျာ" လို့ ခေါ်မယ်။

ကဝိဓဇသတ်ပုံကျမ်း

လျက်။ ။ လျက်ဆား၊ လျှာနှင့် လျက်၊ ထန်းလျက်၊ ပွဲလျက်၊ လာသွားလျက်၊ ပြောဆိုလျက်၊ ကြံစည်လျက်၊ မင်းကောင်းပေလျက် မင်းမြောင်ဖျက်။

လျှက်။ ။ မုံ့တလျှက် = မုံ့ပြား၊ သန်လျှက်ဓါး၊ သန်လျှက်တောငရဲ၊ ရောင်ဖြူမြိုးပြင် ဓါးသန်လျှက်သည်။ ။ ထိလျက် ရှတိုင်း မှန်သည်သာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ