Skip to main content

ဘယ် ဘယ့် နှယ် နှစ်

မေးခွန်း

1. ဘယ်နှယ်ကောင် မဟုတ်ဖူးလားဆရာ

2. ဘယ်နှယ်နေလဲ

3. ဘယ်နှယ်လုပ်မလဲ

4. ဘယ်နှယ်ရှိစ

5. ဘယ့်နှယ်ကွာ

6. ဘယ်နှယ်လမ်းမြောက်လဲ

ပြန်စာ

ဘယ်နှယ်ကောင် - မမှန်ပါ။

ဘယ်နှစ်ကောင်လဲ - မှန်ပါသည်။

ဘယ်နှယ်နေလဲ - မမှန်ပါ။

ဘယ့်နှယ်နေလဲ - မှန်ပါသည်။

ဘယ်နှယ်ရှိစ - မမှန်ပါ။

ဘယ့်နှယ်ရှိစ - မှန်ပါသည်။

ဘယ်နှယ်လုပ်မလဲ - မမှန်ပါ။

ဘယ့်နှယ်လုပ်မလဲ - မှန်ပါသည်။

ဘယ့်နှယ်ကွာ - မှန်ပါသည်။

ဘယ်နှယ်လမ်းမြောက်လဲ - မမှန်ပါ။

ဘယ်နှစ်လမ်းမြောက်လဲ မှန်ပါသည်။

ရှင်းလင်းချက်

ဘယ့်နှယ် = မည်သည့်အရာဖြစ်ကြောင်းအမေးစကား။ ဘယ့်နှယ့်ဟာ။

ဘယ့်နှယ်ဟာ = မည်သည့်အရာဖြစ်ကြောင်း အမေးစကား။

ဥပမာ

ပိုးမျိုးရှစ်ဆယ်၊ လူတို့ဝယ်၊ ဘယ့်နှယ်ဘယ်သို့ နေသနည်း။

စာစပ်ရိုးဝယ်၊ မုလေးသွယ်၊ ဘယ့်နှယ်ချရိုး ရှိသနည်း။

ဘယ်

ဘယ် — စည်း / ဗယ် / အမျိုးအမည် မကွဲပြားသော နာမ်တခုခုကို ရွေးထုတ်ရည်ညွှန်း၍ သုံးသော စကားလုံး။

ဘယ်တော့ — စည်း / ဗယ်ခါ / မည်သည့်အခါ ဟူ၍ အနာဂတ်ကာလကို ရည်ညွှန်းမေးမြန်းသည့် အမေးစကားလုံး။

ဘယ်တုန်းက — စည်း / ဗယ်တုန်းက / မည်သည့်အခါကဟူ၍ အတိတ်ကာလကို ရည်ညွှန်းမေးမြန်းသည့် အမေးစကားလုံး။

ဘယ်နံရာအခါ — စည်း / ဗယ်နံယောအခါ / အချိန်ကာလတခုခုကို ရည်ညွှန်းပြောဆိုသည့် စကားလုံး။

ဘယ်နှ — စည်း / ဗယ်နှ / အကြိမ်၊ အရေအတွက် စသည်ကို သိလိုရာ၌ မေးမြန်းသည့် အမေးစကားလုံး။ (ဘယ်နှယောက်၊ ဘယ်နှခု၊ ဘယ်နှခါ စသည်ဖြင့် သုံးသည်။)

ဘယ်ယာရင် — န / ဗယ်ယာရင် / ဝင်ရိုးပေါ်၌ ပွတ်လည်သော ပုံတောင်းကို အတိုက်စားသက်သာ၍ ချောမွတ်စွာလည်ပတ်စေရန် ဝင်ရိုးနှင့် ပုံတောင်း အကြား၌ ခံသောပစ္စည်း။ (အလုံး၊ ဘောဘယ်ယာရင်နှင့် အံဖို၊ ဗေဓါ ဘယ်ယာရင် ဟူ၍ ကွဲပြားသည်။) [လိပ်]

ဘယ်သူဘယ်ဝါ — စည်း / ဗယ်သူဗယ်ဝါ / သိလိုသူ မည်သူဖြစ်သည်ကို မေးမြန်းရာ၌သုံးသော အမေးစကား။

— န / ဗယ်သူဗယ်ဝါ / တစုံတယောက်သောသူ။

ဘယ်သို့၊ ဘယ်ညာ — စည်း / ဗယ်သို့၊ ဗယ်ညာ / မည်သို့သော နည်းအားဖြင့် ပြုမူဆောင်ရွက်သည်ကို မေးမြန်းရာ၌သုံးသော အမေးစကား။

— န / ဗယ်သို့၊ ဗယ်ညာ / တစုံတရာ ရည်ညွှန်းဖော်ပြချက်။

ဘယ့်

ဘယ့်နှာ — စည်း / ဗဲ့နှာ / မည်သည့်အရာဖြစ်ကြောင်း အမေးစကား။ ဘယ့်နှယ်ဟာ။

ဘယ့်နှယ် — စည်း / ဗဲ့နှယ် / မည်ကဲ့သို့၊ မည်သို့၊ မည်ပုံ ဟူ၍ မေးသော အမေးစကား။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ