Skip to main content

ဒုံးဝေး

သတ်ပုံကျမ်းတွေထဲမှာတော့ အတိအကျ မတွေ့သေးပါ။

ပြောပြ ရှင်းပြလည်း သဘောမပေါက်သူတွေကို ဒုံးဝေးတယ်လို့ သုံးကြပါတယ်။

စားလုံးပေါင်းသတ်ပုံအကြောင်းတွေအောက်က ကွန်မင့်တချို့က အတော်ဒုံးဝေးကြတာ သတိထားမိတယ်။ ဒီနေ့ည ၄-၅ ယောက်ကို ဘလော့ လိုက်တယ်။

အမြန်ပြေးတာကိုတော့ ဒုံးပြေးတယ်။

ဍုံ = ကုဍုံ။ တကုဍုံ (လက်လေးဆုပ်)။

ဒုံ။ ။ ဒုံမင်းပတ်သာ၊ ခရာဒုံမင်း၊ ဒုံလျော့ပင်၊ ကြာပဒုံ၊ ပဒုံမင်း၊ ပဒုံမြို့၊ ပိတ်ကျဉ်ဒုံမင်း၊ မင်္ဂလာဒုံ၊ ဒုံဝိုင်းမြို့။

ဒုန်း။ ။ ဒုန်းယာဉ်ပျံ၊ ဒုန်းချင်း၊ ဒုန်းတိုက်သည်၊ ဒုန်းဒုန်းမြည်သံ၊ စိတ်ဒုန်းဒုန်းချသည်၊ ဒုန်းမြင်း၊ ဒုန်းပြေး။ (ပညတ်သံဖြစ်၍ (န) သတ်သင့်သည်။)

ဒုံး။ ။ ဒုံးစငှက်၊ ဒုံးမြီးကွက်ငှက်။

ဓုန်း။ ။ သင်းဓုန်းခါး၊ လေသင်ဓုန်း၊ ငါးသင်ဓုန်း၊ သင်ဓုန်းစက်။ (တုန်း၊ ဟုလည်း ရေးကြ၏။)

၁။ ဒုံးဝေးသည် (ဉာဏ်ပညာနှင့် ပတ်သက်၍)

"ပြောပြ ရှင်းပြသော်လည်း သဘောမပေါက်သူ" ကို ဒုံးဝေးသည် ဟု သုံးခြင်းမှာ "ထုံထိုင်းခြင်း" သို့မဟုတ် "တုံးအခြင်း" ဟူသော သဘောကို ဆိုလိုပါသည်။

ဒုံးဝေးသည် (ဉာဏ်ပညာနှင့် ပတ်သက်၍)

ပြောပြ ရှင်းပြသော်လည်း သဘောမပေါက်သူကို "ဒုံးဝေးသည်" ဟု သုံးခြင်းမှာ "ထုံထိုင်းခြင်း" သို့မဟုတ် "တုံးအခြင်း" ဟူသော သဘောကို ဆိုလိုခြင်း ဖြစ်ပါသည်။

မြစ်ဖျားခံပုံ: "ဒုံး" သည် "ထုံ" (ထုံထိုင်းခြင်း) နှင့် အသံဆင်တူရာမှ ပြောင်းလဲလာခြင်း ဖြစ်နိုင်သကဲ့သို့၊ "ဒုံး" (သစ်တုံးကဲ့သို့သော အရာ) သည် အသက်မရှိ၊ တုန့်ပြန်မှုမရှိသဖြင့် အသိဉာဏ် မပွင့်လင်းသူကို တင်စားခြင်းလည်း ဖြစ်နိုင်ပါသည်။

ဝေးသည်: အမှန်တရား သို့မဟုတ် အသိပညာနှင့် အလှမ်းဝေးကွာနေခြင်းကို ဆိုလိုပါသည်။

ခြုံငုံအဓိပ္ပါယ်: အသိဉာဏ် ထုံထိုင်းလွန်းသဖြင့် အမှန်ကို သိမြင်ဖို့ရန် အလွန်ပင် ခက်ခဲဝေးကွာနေသူကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဒုန်းပြေးသည် (မြန်ဆန်ခြင်းနှင့် ပတ်သက်၍)

ဒုန်းစိုင်းသည်: မြင်းများကို အရှိန်အဟုန်ပြင်းစွာ ပြေးခိုင်းခြင်းကို ဆိုလိုပါသည်။

အခြားအသုံးများ: ဒုန်းဒုန်းဒင်းဒင်း (မြည်သံ)၊ ဒုန်းဒုန်းဒိုင်းဒိုင်း (မြည်သံ)၊ ဒုန်းမြင်း။

"ဒုံး" ၏ အခြားသော အဓိပ္ပါယ်များနှင့် အသုံးများ

ယဉ်ကျေးမှု: ကရင်တိုင်းရင်းသားတို့၏ ဒုံးယိမ်း၊ ဒုံးအက။

အတိအကျ: "အပြီးဒုံး" ၊ "အပြတ်ဒုံး" ဟု သုံးနှုန်းသကဲ့သို့ အဆုံးသတ် သို့မဟုတ် အပြီးအပိုင်ဟူသော သဘော။

အသုံးအနှုန်းများ: ဒုံး(စည်း)၊ ဒုံးကလား (လက်သမားသုံး)၊ ဒုံးကျည်၊ ဒုံးခံ၊ ဒုံးချင်း၊ ဒုံးခြောက် (ပုစွန်ခြောက်)၊ ဒုံးတိုက်၊ ဒုံးပျံလက်နက်၊ ဒုံးရောင်း၊ ဒုံးလှေ၊ ဒုံးဝေး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ