(၁-၆-၁၉၆၇)
စာရေးသူအမည်: (ဒေါက်တာ မောင်ဖြူး)
အမည် ဆုတောင်း ကဗျာ
မိဘတို့ ခင်ဗျား၊
နောက်နှစ် ကျောင်းဖွင့်ရင် မိဘတို့ရဲ့ ငါးနှစ်အရွယ် ကလေးတို့ဟာ ကျောင်းနေကြတော့မယ်။ စာဖတ် သင်ကြတော့မယ်။ ဒါပေမယ့် ကျောင်းအချို့ဟာ ကလေးတို့အား စာဖတ်မသင်မီ သူတို့မှာ စာဖတ်ချင်စိတ် ရှိလာအောင် ပူးတွဲပါ အမည်ဆုတောင်းကဗျာကို အသုံးပြုလိမ့်မယ်။ အဲသလို အသုံးပြုရာမှာ ရည်ရွယ်ချက် ၂-ခု ရှိသေးတယ်။
(၁) ဆရာဟာ တပည့်တို့ရဲ့ အမည်ကို လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် မှတ်မိနိုင်ဖို့နဲ့၊
(၂) ကလေးတွေဟာ တဦးရဲ့ အမည်ကို တဦး သိရုံသာမက အမှတ်မထင် ဖတ်တတ်သွားဖို့ ရည်ရွယ်တယ်။
ကလေးစာပေရိပ်မြုံဒီရည်ရွယ်ချက် နှစ်ခု ဖြစ်မြောက်ဖို့ ဖြည့်စွက်တဲ့အနေနဲ့ ကျောင်းဝင်စ ကလေးတွေကို ပြည်သူ့ဆိုင်က စာရေးမှအစ မှတ်တမ်း၊ ရာထမ်းတွေလို သူတို့ရဲ့အမည်ကို အင်္ကျီမှာ ချိတ်ထားဖို့ ငါတို့ အကြံပေးတယ်။ ဒီအကြံကို ရန်ကုန့်မြို့ပေါ်ရှိ ကျောင်းကြီးတကျောင်းက လက်ခံပြီးတော့ လောလောဆယ် ကတ်ပြား အဝယ်ရခက်တာနဲ့ ကလေးတွေ အင်္ကျီမှာ အမည်ကို အပ်ချည်နဲ့ ထိုးပေးထားတာ တွေ့ရတယ်။ ဖျည်းကို အနီရောင်၊ သရကို အပြာရောင် ထိုးတယ်။ အိမ်တွင်းမှုသင်နေတဲ့ မိန်းကလေးတွေက လုပ်အားပေးတယ်။ အဲဒီ နမူနာယူပြီး အိမ်က နောက်ထပ် နှစ်ထည် သုံးထည် ထိုးပေးကြတယ်။ဒါပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ ဒီနှစ်ချက်မဟုတ်ပဲ အထက်က ပြောခဲ့တဲ့ အတိုင်း သူတို့တတွေမှာ စာဖတ်ချင်စိတ် ပေါ်ဖို့ ဖြစ်တယ်။အကြောင်းကတော့ ကလေးမှာ စာဖတ်ချင်စိတ် ရှိလာရင်—(၁) စာဖတ် သင်တဲ့အခါ လွယ်ကူစွာ တတ်ပါလိမ့်မယ်။(၂) သူဘာသာ သူ ဖတ်တဲ့ အလေ့ ပေါ်လာမှာမို့ သူ့ဘဝမြဲကာ နောင်အနာဂတ်တွင် ပညာကို ကိုယ့်ဘာသာ ဆည်းပူးပါလိမ့်မယ်။ကလေးတွေကို အိမ်က ဘယ်လို ကူနိုင်တယ်ဆိုတာ မိဘတို့ သိချင်လိမ့်မယ်။ ကျွန်တော်သာ မိဘတို့ဆိုရင် တအိမ်သားလုံးရဲ့ အမည်တွေ အောင်အောင် ကတ်ပြားတွေ ဝယ်မယ်။ နောင်နှစ် ကျောင်းနေမယ့်ကလေးရှိရင် ပြောတာနော်။ ပုံစံအားဖြင့် ငါတို့ တပည့်တဦးရဲ့ မိသားစု အမည်စာရင်းကို တင်ပြ ဆွေးနွေးမယ်။(၁) ဦးစိုးမြင့် (၂) ဒေါ်ခင်ခင် (၃) မြင့်မြင့်ဝမ်း (၄) မောင်အေးချို (၅) မောင်မျိုးအောင် (၆) မောင်လှအောင် (၇) မောင်တင်အောင် (၈) မောင်လှတင် (၉) မောင်အောင်ချို (၁၀) မောင်စိန်ဝင်း (၁၁) မောင်ခင်ဇော်။ကတ်ပြား ပုံစံမျက်နှာအောင်ကြောအောင်ရွေ၊ အောင်မလေအများ အောင် ရန် မွှေး။လေ့လာချက်နှင့် မှတ်ချက် -၁။ "တ" နှင့် "နှစ်" အသုံး: ဤစာမျက်နှာတွင်လည်း သင်၏ လမ်းညွှန်ချက်အတိုင်း "တကျောင်း"၊ "တဦး"၊ "တအိမ်သားလုံး" နေရာများတွင် "တ" ကို သုံးထားပြီး၊ "နှစ်ခု"၊ "နှစ်ချက်"၊ "နှစ်ထည်" နေရာများတွင်မူ "နှစ်" ကို စသတ် (စ်) ဖြင့် ရေးသားထားသည်မှာ အလွန်စနစ်ကျလှပါသည်။၂။ ပညာပေးနည်းလမ်း: ကလေးများ၏ အမည်ကို အင်္ကျီတွင် အပ်ချည်ဖြင့် ထိုးပေးခြင်း၊ အထူးသဖြင့် ဗျည်းနှင့် သရကို အရောင်ခွဲခြားပေးခြင်းမှာ ကလေးများအတွက် စာလုံးပုံသဏ္ဌာန်ကို မှတ်မိလွယ်စေသည့် အလွန်ကောင်းမွန်သော လက်တွေ့ကျသည့် နည်းလမ်းဖြစ်ပါသည်။၃။ "ဒါပေမယ့်" နှင့် "မဟုတ်ပဲ": ဤနေရာတွင် "မဟုတ်ပဲ" ကို စသတ်မပါဘဲ (ပဲ) ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
ကလေးစာပေရိပ်မြုံ (စာမျက်နှာ - ၁၀)
လူ ၁၁-ယောက်၊ နာမည် ၂၃-လုံး ရှိတယ်။ ဒါပေမယ့် တဦးကို တလုံးကျ ၁၁ ခုဝယ်ရင် ပြီးတာပဲ။ ဒီ ၁၁ နာမည်ကို ကလေးဟာ သိရုံမက မကြာမီ ဖတ် တတ်သွားမယ်။ သူတို့နဲ့ ဆိုင်တဲ့ ဆုတောင်းတွေကိုလည်း အလွတ်ရသွားမယ်။ သရတွေကို အရောင် တမျိုး ချယ်ခြင်းဖြင့် ခွဲခြား ကိုင် တတ်သွားမယ်။ ဗျည်းနဲ့ သရ ကွဲပြား သိသွားမယ်။ တခုကို အများဆုံးပေးရရင် ၁၀-ပြား ဖြစ်မှာမို့ ငွေတကျပ် အကုန်ခံရင် ကလေးဟာ စာကို ခင်တွယ်မှုနဲ့ ကျောင်းနေချင်မှု ရှိလာမယ်။ မြန်မာတွေ အမည့်ဆုံးဟု ထင်ရတဲ့ အမည်(၇၆)ကို လက်ခုပ်ထားတယ်။ သည်အမည် တခုခုနဲ့ မကိုက်တဲ့ အမည်ကို မိဘတို့ စပ်ယူပါ။ သည်လင်္ကာ(၇၆)ကို ဖတ်ရင် မိဘတို့ရော၊ ကလေးကြီးတွေပါ စပ်တတ်မှာပဲ။ သည်အသွားအတိုင်း စပ်ပါနော်။ မိဘတို့ရဲ့ ကလေးကြီးတွေ စပ်တဲ့ အမည်သစ်ကို ကလေးစာပေရိပ်မြုံ ၅၈ (က) ရွှေတောင်ကြားလမ်း၊ ရန်ကုန်မြို့ပေါ်ရှိ သူတေသန အဖွဲ့ကို တင်ပြပါလိမ့်မယ်။ အဖွဲ့က လက်ခံရင် အမည်စာရင်းမှာ ထည့်သွင်းမယ်။ ကလေးစာပေရိပ်မြုံက သင့်တော်တဲ့ဆု ချီးမြှင့်မယ်။ အခုတင်ပြတဲ့ အမည် လင်္ကာတခုခုကို ကလေးနဲ့ ပိုသင့်တော်အောင် တိုင်းပြည်အတွက် ပိုကောင်းအောင် စပ်ပြရင်လဲ သူတေသနအဖွဲ့ကို တင်ပြကာ အသုံးပြုတဲ့အခါ ကလေးစာပေရိပ်မြုံက သင့်တော်တဲ့ဆု ချီးမြှင့်ပါမယ်။ သုံးနည်း အသေးစိတ်ကို သိလိုရင် ဆရာအဖေ ရေးတဲ့ ကျောင်းဝင်စ ပထမပတ် လုပ်ငန်း တရပ် ဆိုတာကို ဤဆောင်းပါး ကဏ္ဍမှာ ရှာဖတ်ပါ။
အမည်ဆုတောင်းကဗျာ (စာမျက်နှာ - ၁၁)
အရေးကြီးသောကိစ္စ
သည်ကိစ္စ ဒါလောက် အရေးကြီးနေတဲ့ အကြောင်း မိဘတို့ သိကောင်းလို့ ပြောပြပါရစေ။ ပညာရေးဌာန စာရင်းအင်းများ အရ မူလတန်းမှာ ကျောင်းသား တရာအနက် ၁၄ ယောက်သာ စတုတ္ထတန်း အထိ ကျောင်းနေတာမို့ ၈၆ ယောက်ဟာ အရေး အဖတ်ကို မတတ်ပဲ အဟောသိကံ ဖြစ်ရတယ်။ လေးတန်းအထိ ကျောင်းနေမှ စာမြဲတယ်လို့ ဆိုချင်ပါတယ်။
တဖန် တရာမှာ ၇၀ ဟာ ဒုတိယတန်းအထိသာ ကျောင်းနေတော့ သူတို့ဟာ မတတ်တတတ် ဘဝက ကျောင်းထွက်ချေတော့ စာလုံးလုံးမတတ်တဲ့အဖြစ်ကို ပြန်ရောက်သွားတယ်။ ယခု နိုင်ငံတော်အစိုးရ ကြိုးစားနေတာက သူငယ်တန်းမှ ဒုတိယတန်း နှစ်ကုန်အောင် နေတဲ့ ကလေးတိုင်း စာဖတ်တတ်ဖို့ သင်နည်းသစ် ရှာဖွေခြင်း၊ ကျောင်းက ထွက်သွားတဲ့နောက် ဖတ်စရာ မမေ့ ဘို့ (စာမြဲဘို့) သူတို့နဲ့ သင့်တော်တဲ့ကလေးစာပေ ထုတ်လုပ်ရေး ဖြစ်တယ်။
ရှေးအခါက ကလေးကျောင်းသွားအောင် လုပ်နည်း
မိဘတို့ခင်ဗျား၊
ကကြီး၊ ခခွေး၊ အိမ်ကိုပြေး၊ အပြေးမတတ် ထမင်းငတ် ဆိုတဲ့ ခြောက်လုံး ငေါက်လုံးနှင့်တကွ “မခိုက်သင့်ပေ တို့တတွေ၊ ကျောင်းသို့မသွေ သွားစို့လေ” ဆိုတဲ့ ဆုံးမ စကားကို သုံးလား၊
ကလေးစာပေရိပ်မြုံ (စာမျက်နှာ - ၁၄)
များတယ်။ ဒီလို ဖြစ်လာအောင် ကျောင်းမနေခင် ကလေးတွေကို မိသားစုအမည်၊ သူတို့ သူငယ်ချင်း အမည်လင်္ကာတွေနဲ့ ကစားစခန်းဖြင့် အမှတ်မထင် စာသင်တဲ့နည်းထက် ဘယ်နည်းက ပိုကောင်းနိုင်ဦးမလဲ။ ကလေးတို့ အမုန်ဆိုမယ်—
ဟေ့၊ စာသင်တယ်ဆိုတာ ငါတို့ထင်သလို ပျင်းစရာမဟုတ်ပါကလား။ ငါတို့ နာမည်တွေ ဖတ်တတ်အောင် သင်တာမို့ ပျော်စရာကြီးပါတကား။
စာသင်တာ ပျော်စရာမို့ စာကို ချစ်တယ်။ ကျောင်းကို ခင်တယ်။ ဆရာကို လေးစားတယ်။ ထိုမှတဆင့် ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်ပြည်ကို ချစ်လာမယ်။ အချစ်ဟာ အရင်းခံလို့ ငါတို့လူမျိုး ဆုံးဖြတ်တယ်မဟုတ်လား။ အစစ အရာရာမှာ အချစ် စိတ်ဓာတ် လိုတယ်။
မိဘတို့ ခင်ဗျား၊
ဆိုရှယ်လစ်ပြည်ကို ဆောက်တည်လိုပါရင် အကြောက်တရားနဲ့ မဖြစ်နိုင်။ အချစ်တရားနဲ့သာ အောင်မြင်နိုင်မယ်။ စာရေးသူပင် တပည့်သားမြေးတို့အပေါ်မှာ ကောင်းရာကို မြင်လိုတဲ့ အာကာရုဏာစိတ် ရှိခဲ့တယ်။ ဒါပေမယ့် ခေတ်ဟာ အင်မတန် အင်မတန် ပြောင်းခဲ့ပြီ ဖြစ်လို့ ခေတ်မီစိတ်ကို မွေးမြူရတယ်။ တပည့် သားမြေးတို့ထံက အကြောက်စိတ်ထက် အချစ်စိတ်ကိုရဘို့ ကြိုးစားတယ်။ လွယ်ကူတဲ့ အရာမဟုတ်တာကိုကား သိရဲ့။ ဒါပေမယ့် မိမိခန္ဓာကိုယ်ကြီးလုပ်ရသလိုမျိုးဟာ အကြောက်စိတ်ထက် အချစ်စိတ်ကို အရေးပေးနိုင်ဘို့ ဆုတောင်းရင်း ဒီစာကိုနိဂုံး ချုပ်ပါရစေ။
အမည်ဆုတောင်းကဗျာ (စာမျက်နှာ - ၁၅)
အမည်ဆုတောင်း
၁။ ကောင်းစေ၊ ကောင်းရာမွှေ၊ မနှောစိတ်မှာလေ။
၂။ ကျော်စေ၊ ကျော်မလေ၊ အများကောင်းကျိုးမွှေ။
၃။ ကြီးစေ၊ စိတ်အအေ၊ ကြီးမားမြင့်မြတ်စေ။
၄။ ကြည်စေ၊ ကြည်လင်စေ၊ အစဉ်စိတ်မှာလေ။
၅။ ကြူစေ၊ စိတ်အအေ၊ ကြူကြူလှိုင်သင်းစေ။
၆။ ကြင်စေ၊ စဉ်မသွေ၊ ကြင်နာမှုဝေမွှေ။
၇။ ကြိုင်စေ၊ စိတ်အအေ၊ ကြိုင်သင်းမွှေးကြပါစေ။
၈။ ခင်စေ၊ ခင်နိုင်စေ၊ လူပေါင်းကိုလေ။
၉။ ခိုင်စေ၊ စိတ်အအေ၊ ကြံ့ခိုင်သန့်ရှင်းစေ။
၁၀။ ချိုစေ၊ စဉ်မသွေ၊ ချိုပြုံးစိတ်မှာလေ။
၁၁။ ချစ်စေ၊ ချစ်ဆေးဝေ၊ အများမေတ္တာဝေ။
၁၂။ ခန့်စေ၊ စိတ်အအေ၊ ခန့်ညား ခိုင်ခံ့ စေ။
၁၃။ ချိန်စေ၊ စစမလေ၊ ချိန်ဆနိုင်ပါစေ။
၁၄။ ငွေစေ၊ ရတနာဝေ၊ အပေါင်းချမ်းသာမွှေ။
၁၅။ ငြိမ်းစေ၊ ရန်မမွှေ၊ ငြိမ်းချမ်းသာယာစေ။
၁၆။ စုစေ၊ ပညာတွေ၊ စုဆောင်းနိုင်ပါစေ။
၁၇။ စောစေ၊ လုံ့လဝေ(မေ)၊ အများကောင်းကျိုးမွှေ။
၁၈။ စိုးစေ၊ စိုးနိုင်စေ၊ မိမိစိတ်ကိုလေ။
၁၉။ စန်းစေ၊ စန္ဒာဝေ(မေ)၊ လူနယ်ကျင့်နိုင်စေ။
၂၀။ စိန်စေ၊ စိတ်အအေ၊ အစဉ်ထွန်းပြောင်စေ။
၂၁။ စံစေ၊ တို့တိုင်းပြည်၊ စံပြဖြစ်ရေးမွှေ။
၂၂။ စမ်းစေ၊ ယှဉ်နိုင်စေ၊ စိမ့်စမ်းကျက်သရေ။
အမည်ဆုတောင်း (စာမျက်နှာ - ၁၆)
၂၃။ ဆက်စေ၊ ပျော်ပျော်စွေ၊ ဆက်ဆံမှုမှာလေ။
၂၄။ ဆန်းစေ၊ စိတ်ကူးတွေ၊ ဆန်းသစ်နိုင်ပါစေ။
၂၅။ ဆွေစေ၊ စဉ်မသွေ၊ ခင်ပွန်းပီသစေ။
၂၆။ ဇော်စေ၊ မေတ္တာဝေ၊ လူဇော်ဖြစ်ရေးမေ။
၂၇။ ညွန့်စေ၊ စိတ်အအေ၊ ညွန့်သွယ်ဝေဖြာစေ။
၂၈။ တိုးစေ၊ တို့တိုင်းပြည်၊ တိုးတက်မှုကိုမွှေ။
၂၉။ တင်စေ၊ တင့်တယ်စေ၊ စစရာရာမလေ။
၃၀။ တိုင်စေ၊ တိုင်ပတ်စေ၊ သူ့ကျေးဇူးကိုလေ။
၃၁။ ဌေးစေ၊ စိတ်ကူးတွေ၊ ဌေးကြွယ်မှုကိုမွှေ။
၃၂။ ထိုက်စေ၊ စိတ်ကူးတွေ၊ အဖိုးထိုက်ပါစေ။
၃၃။ ထင်စေ၊ ပညာမွှေ၊ ထင်ပေါ်မှုအခြေ။
၃၄။ ထွန်းစေ၊ စိတ်အအေ၊ ထွန်းလင်းတောက်ပြောင်စေ။
၃၅။ နုစေ၊ စိတ်အအေ၊ အစဉ်နုပျိုစေ။
၃၆။ နွယ်စေ၊ စဉ်မသွေ၊ မျိုးနွယ်စောင့်ရှောက်လေ။
၃၇။ နှင်းစေ၊ နှင်းနှွယ်စွေ၊ ပြည်ညွန့်သာယာစေ။
၃၈။ ပွားစေ၊ တို့တိုင်းပြည်၊ ကြီးပွားချမ်းသာစေ။
၃၉။ ပိုင်စေ၊ စိုးပိုင်စေ၊ မိမိစိတ်ကိုလေ။
၄၀။ ပန်းစေ၊ စိတ်အအေ၊ ပန်းနွယ်ပွင့်လန်းစေ။
၄၁။ ဖေစေ၊ စိတ်အအေ၊ အဖေနှယ်မြင့်မြတ်စေ။
၄၂။ ဖိုးစေ၊ စိတ်အအေ၊ အဖိုးနှယ်မြင့်မြတ်စေ။
၄၃။ ဖြူစေ၊ စိတ်အအေ၊ ဖြူစင်မြင့်မြတ်စေ။
၄၄။ ဘစေ၊ စိတ်အအေ၊ အဘနှယ်ကြီးမားစေ။
၄၅။ ဘော်စေ၊ စိတ်အအေ၊ ဘော်သိင်္ဂီစင်စေ။
၄၆။ မစေ၊ စဉ်မသွေ၊ မစနိုင်မှုမွှေ။
အမည်ဆုတောင်း (စာမျက်နှာ - ၁၇)
၄၇။ မာစေ၊ တို့တိုင်းပြည်၊ ကျန်းမာမှုကိုမွှေ။
၄၈။ မိစေ၊ စိတ်အအေ၊ အမိနှယ်မြင့်မြတ်စေ။
၄၉။ မေစေ၊ စိတ်အအေ၊ အမေနှယ်ခမ်းနားစေ။
၅၀။ မောင်စေ၊ စဉ်မသွေ၊ မောင်ဇေဝါထိုက်စေ။
၅၁။ မျိုးစေ၊ ကြီးကာလေ၊ မျိုးနွယ်အကျိုးမွှေ။
၅၂။ မြစေ၊ မြလိုနေ၊ စိတ်အအေးလှပါစေ။
၅၃။ မြင့်စေ၊ မြင့်ရာမွှေ၊ မနှောစိတ်မှာလေ။
၅၄။ မြိုင်စေ၊ စိတ်အအေ၊ မြိုင်ဆိုင်ဝေဆာစေ။
၅၅။ မြတ်စေ၊ စိတ်အအေ၊ မြင့်မြတ်ခမ်းနားစေ။
၅၆။ မှန်စေ၊ သစ္စာဝေ(မေ)၊ တရားမှန်ကိုမွှေ။
၅၇။ ရီစေ၊ တို့တိုင်းပြည်၊ ရယ်ပြုံးရွှင်နိုင်စေ။
၅၈။ ရဲစေ၊ စိတ်အအေ၊ ရဲရင့်မြင့်မြတ်စေ။
၅၉။ ရင့်စေ၊ စဉ်မသွေ၊ ယဉ်ကျေးသိမ်မွေ့စေ။
၆၀။ ရန်စေ၊ ရန်မမွှေ၊ အများမေတ္တာဝေ။
၆၁။ ရှုစေ၊ တိုင်းချစ်ဝေ(မေ)၊ မြင့်မြတ်သည်ကိုမွှေ။
၆၂။ လှစေ၊ ပြည့်ကျက်သရေ၊ အချင်းပြည့်ဝစေ။
၆၃။ လင်းစေ၊ စိတ်အအေ၊ လင်းပြောင်တောက်ပေစေ။
၆၄။ လှိုင်စေ၊ စိတ်အအေ၊ လှိုင်သင်းမွှေးကြပါစေ။
၆၅။ ဝေစေ၊ ပညာတွေ၊ ဝေဆာပိုင်အောင်မွှေ။
၆၆။ ဝင်းစေ၊ စိတ်အအေ၊ ဝင်းဝင်းပြောင်လက်စေ။
၆၇။ သီစေ၊ သိတာဝေ၊ သွန်းလောင်းမေတ္တာဝေ။
၆၈။ သစ်စေ၊ တို့တိုင်းပြည်၊ စိတ်ကူးသစ်လွင်စေ။
၆၉။ သောင်းစေ၊ စိတ်ကူးတွေ၊ သောင်းချီထိုက်ပါစေ။
၇၀။ သိန်းစေ၊ ကောင်းရာမွှေ၊ တိမ်ယံကြားမှာမွှေ။
ကလေးစာပေရိပ်မြုံ (စာမျက်နှာ - ၁၈)
၇၁။ သန်းစေ၊ စိတ်အအေ၊ တသန်းထိုက်ပါစေ။
၇၂။ သန့်စေ၊ သန့်ရှင်းစေ၊ မနှောစိတ်မှာလေ။
၇၃။ ဟန်စေ၊ မာန်ကိုချေ၊ ဟန်ဖြင့်ရန်အောင်စေ။
၇၄။ အေးစေ၊ တို့တိုင်းပြည်၊ အေးချမ်းသာယာစေ။
၇၅။ အောင်စေ၊ အောင်မလေ၊ အများအောင်ရန်မွှေ။
၇၆။ ဦးစေ၊ ဦးနိုင်စေ၊ ကုသိုလ်ရေးမှာလေ။
သုံးသပ်ချက်
၁၉၆၇ ခုနှစ်ဝန်းကျင်က ထုတ်ဝေခဲ့သော ဤ "ကလေးစာပေရိပ်မြုံ" ထွက် "စာပဒေသာ" စာအုပ်သည် "တစ် နေရာတွင် တ" ကို အစားထိုးသုံးစွဲသော မူဟောင်းသတ်ပုံကို အတိအကျ လိုက်နာထားကြောင်း တွေ့ရပါသည်။
အထူးသဖြင့် ကလေးငယ်များ စာစတင်သင်ကြားချိန်တွင် ရှုပ်ထွေးမှုမရှိစေရန်နှင့် မြန်မာစာ၏ မူလအငွေ့အသက်ကို ထိန်းသိမ်းရန် ဤ "တ" မူကို အသုံးပြုခဲ့ခြင်းမှာ ထိုခေတ်က ပညာရေးစနစ်၏ ခိုင်မာသော ရပ်တည်ချက်တခု ဖြစ်ပေလိမ့်မည်။
စာမျက်နှာ မူရင်းစာသားပါ အသုံးအနှုန်း မှတ်ချက်
၁၂၆ တစုံတရာ၊ တဦးအပေါ်မှ တဦးအပေါ်သို့၊ တဦးအပေါ်တွင် "တစ်" အစား "တ" ကိုသာ သုံးစွဲထားပါသည်။
၁၂၆ တပွင့်တည်း၊ တကိုယ်တော် (သို့မဟုတ် လူ တဦးတယောက်) အရေအတွက်ပြရာတွင်လည်း "တ" ကို သုံးပါသည်။
၁၂၇ တဦးအပေါ်တွင်၊ တစုံတရာ "တ" အသုံးကို တသမတ်တည်း တွေ့ရပါသည်။
၉ တအိမ်သားလုံး၊ တဦးစီ၊ တကျောင်း ဤစာမျက်နှာတွင်လည်း "တ" ကိုသာ သုံးပါသည်။
၁၀ တဦးကို တလုံးကျ၊ တခုကို၊ တကျပ်၊ တရာအနက် အရေအတွက်နှင့် အချိုးအစားပြရာတွင် "တ" မူကို သုံးပါသည်။
၁၁ တဖန်၊ တရာမှာ "တ" ကိုသာ သုံးပါသည်။
လေ့လာချက်နှင့် မှတ်ချက် -
ဒါပေမယ့်" နှင့် "မဟုတ်ပဲ": ဤနေရာတွင် "မဟုတ်ပဲ" ကို စသတ်မပါဘဲ (ပဲ) ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
"မမေ့ဘို့" နှင့် "စာမြဲဘို့": ဤနေရာတွင် "ဖို့" အစား "ဘို့" ကို သုံးစွဲထားသည်မှာလည်း ရှေးသတ်ပုံစနစ်၏ ထူးခြားချက် တခု ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment