Skip to main content

နိုင်ငံတော်အမှား များတယ်


မေးခွန်းတခု = မြန်မာသက္ကရာဇ်ကိုရေးရင် ၁၃၈၈ ခု။ ခု ပဲရေးပြီး ခုနှစ်လို့မရေးရဘူးဆိုတာ၊ ခရစ်နှစ်ကိုရေးရင် 2026 ခုနှစ်လို့ရေးရတယ်ဆိုတဲ့ အကိုးအကားသိပါရစေ။

ပြန်စာ

(၁)

အဲလိုထင်တာ၊ သင်တာ၊ ပြောတာ မမှန်ပါ။

ခုနှစ် = အစဉ်အတိုင်းရေတွက်မှတ်သားခဲ့သော နှစ်အရေအတွက်။ ခု။

ခုနှစ် – န / ခုနှစ် / ၁။ တစုံတခုသော နှစ်ကာလကို ဖော်ပြသော စကား။ ၂။ သက္ကရာဇ်။

၁၉၄၈ ခုနှစ်မှတ်တမ်း

၁၃၅၀ ခုနှစ် မှတ်တမ်း

၁၃၆၀ ခုနှစ် မှတ်တမ်း

(၂)

၇ ကို ခုနစ်လို့ ရေးရတယ်။

ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်လို့ ရေးရတယ်။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်လို့ရေးရတယ်။

(၃)

ခု – န / ခု / ၁။ ခု၊ ဆယ်၊ ရာ စသော ဆယ်ဆင့်ကိန်းစဉ်တွင် ပထမကိန်း။ ၂။ သက္ကရာဇ်။ နှစ်။ “သက္ကရာဇ် ၂၆၆ ခုတွင်။” စွယ်၊ ပ။ ၅၀။

ခု – စည်း / ခု / တရားသဘော၊ ဝတ္ထုပစ္စည်း စသည်တို့ကို ရေတွက်ရာတွင် သုံးရသောစကား။ “ဉာဏ်အားဆယ်ခု၊ စတုဝေသ၊ ကိုးဖြာကျေးဇူး။” ကိုး* ၂။

ခု – ကြိ / ခု / ၁။ ပင့်မ ထားသည်။ ထောက်ခံ ထားသည်။ ၂။ အစားထိုးသည်။ ထောက်ကူ ဖြည့်စွက်သည်။ “ဆန်မလောက်၍ ပြောင်း ခု ရသည်။” ၃။ အနှောင့်အယှက် ဖြစ်သည်။ “ဘက်ပြိုင်အန်တု၊ မာန်မခုပဲ။” ကိန္နရီ* ၁၂၃။

ခုခံ – ကြိ / ခုခံ / ၁။ သူတပါး၏ အလိုသို့ မလိုက်ပဲ ပြန်လှန် ပြောဆိုသည်။ ပြုမူလုပ်ကိုင်သည်။ “ရန်သူတို့ကို အမြဲခုခံပါမည်။” လုမ္ဗ၊ ၂၁။ ၂။ အောက်က ပင့်မထားသည်။ “သတို့သမီးသည်....သပိတ် ခုခံ ရာအလို့ငှာ မိမိဝတ်ရုံသော အဝတ်ထည်ကို လှူ၏။” ပဏ္ဍိ၊ ၁၁၃။

ခုတင် – န / ဂဒင် / အခြေလေးချောင်း စသည်တပ်ထားသော အိပ်စင်။ ညောင်စောင်း။ “ထိုသည့်ရှေ့က၊ ထားလေတသွယ်၊ ခုတင်ငယ်ကား၊ နံလျားတောင်စွန့်၊ အမြင့်နှစ်မိုက်။” ကုသ* ၇၅။

ခုတင် – ကြိဝိ / ခုတင် / မကြာသေးမီ။

ခုတင်ခု – ကြိဝိ / ခုတင်ဂု / ခဏခဏ။ မကြာမကြာ။

ခုတုံး – န / ခုဒုန်း / ၁။ အောက်က ခုရ ခံရသော တုံး။ ၂။ နွားများ လက်ထောက်ပြီး မြက်လှမ်းစားနိုင်ရန် မြက်စင်နားတွင် ထားသော ခုမြင့်။ ၃။ [ဥပစာ] သူတပါးအကျိုးအတွက် အသုံးချခံရသူ။

ခုန – န / ခုန / မကြာသေးမီက အခိုက်အတန့်။

ခုနစ် – န / ခွန်နစ် / ခြောက်နှင့် ရှစ်အကြားရှိ အရေအတွက်။ ၇။

ခုနစ်စဉ်ကြယ် – န / ခွန်နစဉ်ကျယ် / ဓူဝံကြယ်ကို ဗဟိုပြု၍ လှည့်ပတ်နေသော ခုနစ်လုံးအရေအတွက်ရှိသည့် ကြယ်စု။

ခုနစ်ရက်ခုနစ်လီ – န / ခွန်နယက်ခွန်နလီ / ၁။ လေးဆယ့်ကိုးရက်။ ၂။ ကြာမြင့်သော အချိန်ကာလ။

ခုနစ်ရက်သားသမီး – န / ခွန်နယက်သားသမီး / လူတိုင်း။ လူအားလုံး။

ခုနစ်သံ – န / ခွန်နသံ / အမြင့်ဆုံး တူရိယာသံ။ လည်ချောင်း၌ ဖြစ်သော အမြင့်ဆုံး အသံ။

ခုနစ်သံချီ – န / ခွန်နသံချီ / ပါဠိလို နိသာဒဟူ၍လည်းကောင်း၊ စောင်းသံစဉ် ခုနစ်ပါးတွင် ညင်းလုံး ဟူ၍လည်းကောင်း၊ ဆိုင်းသံစဉ် ခုနစ်ပါးတွင် သံရိုး ဟူ၍လည်းကောင်း ခေါ်သော အမြင့်ဆုံး အသံကို တည်၍ သီဆိုတီးမှုတ်ရသော တေးသွား။

ခုနှစ် – န / ခုနှစ် / ၁။ တစုံတခုသော နှစ်ကာလကို ဖော်ပြသော စကား။ ၂။ သက္ကရာဇ်။

ခုနှိမ် – ကြိ / ခုနိမ် / ပေးရန်ရှိသည့်အထဲမှ ရရန်ရှိသည်ကို နှုတ်ယူသည်။ “အာမခံငွေကို လစာထဲမှ ခုနှိမ်လျှင်။” သစ်ညွန့်၊ ပ။ ၁၀။

ခုလိခုလတ် – ကြိဝိ / ခုလိခုလတ် / ထိုမမီ ဤမမီ။ ထိုမရောက် ဤမရောက်။

ခုလုခုလု – ကြိဝိ / ခုလုခုလု / ၁။ (အပြား အပျဉ်အောက်တွင် တစုံတခုရှိနေသဖြင့်) မညီမညွတ်ဖြစ်လျက်။ ၂။ မပြေမလည်။ မတင်မကျ။

ခုလေးတင် – ကြိဝိ / ခုလေးတင် / မကြာသေးမီ အခိုက်အတန့်အတွင်း။

ခုလတ် – န / ခုလတ် / စွတ်လတ် – န၊ ရှု။

ခုလုပ်ခုစား – န / ခုလုတ်ခုစား / ယခုပင် အလုပ်လုပ်၍ ရသောငွေဖြင့် ယခုပင် ဝယ်ခြမ်းစားသောက်ရသောအဖြစ်။ ငွေပိုငွေလျှံမထားနိုင်သောအဖြစ်။

ခုလုံးခံလုံး – န / ခုလုန်းခံလုန်း / ခုခံပြောဆိုသော စကားလုံး။

(၄)

တချိန်ကထုတ်ခဲ့တဲ့ ၇၅ ကျပ်တန်မှာ ခုနှစ်လို့ ရေးတာ မှားနေတယ်။ နိုင်ငံတော်အမှား။

(၅)

ခုတင် နဲ့ ကုတင် မတူပါ။

အခုခေတ် ဆေးရုံကြီးတချို့ဆိုင်းဘုတ်တွေ မှားနေတယ်။

နိုင်ငံတော်အမှား။

နိုင်ငံတော်အမှား များတယ်။

(၆)

မြန်မာလိုရေးနေတဲ့စာထဲမှာ ၂၀၂၆ ကို အင်္ဂလိပ်ဂဏန်းနဲ့ရေးတာက ဆိုရှယ်မီဒီယာ အမှား။

တချို့ဖုန်း ကီးဘုတ်တွေမှာ ၁-၂-၃-၄ မပါဘူးဆိုလား။ မြန်မာပြည်ထဲဝင်တဲ့ iPhone အမှား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ