ဆို-ကိုအံ့ကြီး
သန်မာထွားကြိုင်းပြီး
ကမ္ဘာသူအလယ် လျှောက်သွားမယ်
အလွန်တင့်တယ် သုံးတောင်ဝတ်အားမငယ်
ဆယ်တောင်ဘဲ ဝတ်ဝတ်
ချူချာနုံတယ် ကိုယ်ကိုင်းမယ်
ရင်ညွတ်မယ်
ရှက်ဖို့အလွန်ကောင်းတယ်
ဟန်မူနှောင်းနွဲ့နွဲ့
ယဉ်တကိုယ်မယ် ဟိုတခေတ်ဝယ်
ယဉ်ကျေးတယ် နူးညံ့ပျော့ပျောင်းသွယ်
ထွာဆိုင်လေးသေးငယ် လူဗိုလ်ပုံလည်
ထိုခါးကို လေတိုးရင်
ကျိုးမှာအလွန်စိုးတယ်
ပန်းနဲ့ပန်းချင်း တူသော်လည်းကွယ်
ထုံသင်းပျံ့ပျံ့ ကြံ့ကြံ့ခိုင်ခိုင်
ခမ်းနားမွှေးကြိုင် တာရှည်လန်းဆန်း
မညှိုးနွမ်းဘဲ ကြူကြူလှိုင်မယ်
ပိစိညက် ရှက်ဖွယ်
မတူချင်နေ ထိုနန်းသူ မူနွဲ့နွဲ့
ရောဂါထူလွန်းတယ်
အင်နဲ့အားနဲ့ကွယ် သန်မာထည်ထည်
မြင့်မားတယ် ခန့်ညားတယ်
လှခေါင်တကိုယ်လုံးကြွယ်
သန်မာထွားကြိုင်းပြီး
ကမ္ဘာသူအလယ် လျှောက်သွားမယ်
အလွန်တင့်တယ် သုံးတောင်ဝတ်အားမငယ်
ဆယ်တောင်ဘဲ ဝတ်ဝတ်
ချူချာနုံတယ် ကိုယ်ကိုင်းမယ်
ရင်ညွတ်မယ်
ရှက်ဖို့အလွန်ကောင်းတယ်
ဟန်မူနှောင်းနွဲ့နွဲ့
ယဉ်တကိုယ်မယ် ဟိုတခေတ်ဝယ်
ယဉ်ကျေးတယ် နူးညံ့ပျော့ပျောင်းသွယ်
ထွာဆိုင်လေးသေးငယ် လူဗိုလ်ပုံလည်
ထိုခါးကို လေတိုးရင်
ကျိုးမှာအလွန်စိုးတယ်
ပန်းနဲ့ပန်းချင်း တူသော်လည်းကွယ်
ထုံသင်းပျံ့ပျံ့ ကြံ့ကြံ့ခိုင်ခိုင်
ခမ်းနားမွှေးကြိုင် တာရှည်လန်းဆန်း
မညှိုးနွမ်းဘဲ ကြူကြူလှိုင်မယ်
ပိစိညက် ရှက်ဖွယ်
မတူချင်နေ ထိုနန်းသူ မူနွဲ့နွဲ့
ရောဂါထူလွန်းတယ်
အင်နဲ့အားနဲ့ကွယ် သန်မာထည်ထည်
မြင့်မားတယ် ခန့်ညားတယ်
လှခေါင်တကိုယ်လုံးကြွယ်
အင်နဲ့အားနဲ့ကွယ် သန်မာထည်ထည်
မြင့်မားတယ် ခန့်ညားတယ်
လှခေါင်တကိုယ်လုံးကြွယ်
facebook.com/reel/1576834026738434/?s=single_unit
အခုတော့ အထက်အမိန့်အရ
- တကိုယ်မယ် မရှိ
- တကိုယ်လုံး မရှိ
- တကိုယ်တော် မရှိ
- တကိုယ်ရေ တကာယ မရှိ
- တကိုယ်ကောင်း ရှိ
ဝစ်ရှင်နရီ မှာ 'တစ်'ကိုယ်ရေ'တစ်'ကာယတဲ့။ ပျက်ရော။
ယနေ့ခေတ်မှာ မြန်မာစာ ထုံသင်းပျံ့ပျံ့ ကြံ့ကြံ့မခိုင်တော့ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment