Skip to main content

သခင်ကိုယ်တော်မှိုင်း ၏ မှာတော်ပုံ



12/9/21, 11:01 PM

ဆရာ သခင်ကိုယ်တော်မှိုင်း ရဲ့ မှာတော်ပုံ စာအုပ်ရှိပါသည်။ ဆရာ လိုအပ်ပါက ကူညီပါမည်။

လွန်ခဲ့တဲ့ ၂၀၂၁ ခု၊ ၉ လပိုင်းကစာကို အခုမှသာ တမင်တကာလိုက်ရှာပြီး တွေ့ပါတယ်။ Unread ဆိုတာရှိကြောင်း သိတာ မကြာသေးပါ။

စာအုပ်ကိုပို့ရတာ အလွန်ခက်ပါတယ်။ ကျွန်တော်က တခြားတိုင်းပြည်မှာနေတာ။ နေပါစေတော့။ ကျေးဇူးတင်ပါသည်။

(စာမျက်နှာ ၅၄)

၅၄ ။ 

ဆောင်းထဲမှ ထွက်လာရာ၊ မန္တလေးရွှေမြို့တော်က ဘုရားတကာ ဦးကြာညွန့်ဆိုသူသည် အနားသို့ ချဉ်းပြီးလျှင်၊ ကျောင်းနေဘက် သူငယ်ချင်းဖြစ်ကြ၍ ချစ်ခင်ကြည်နာရင်းရှိသည့်အတိုင်း၊ ရုတ်တရက် ဘိုးရွှေအိတ်၏လက်ကိုဆွဲ၍ “တကယ်ပါဗျာ၊ ခုမှတွေ့ရတော့တယ်၊ မတွေ့ရတာ တော်တော်ကြာပြီ။ ကျန်းကျန်းမာမာ တွေ့ရတော့ အပူကြီး ဝမ်းသာသဗျာ။ ကျောင်းအမတယောက်ကော၊ ဘယ်မှာ ထားခဲ့သလဲ” ဟု မေး၏။

ထိုအခါ ကျောင်းတကာ ဘိုးရွှေအိတ်က “ဟုတ်ကဲ့ဗျာ၊ ကျုပ်လဲ ဘုရားတကာနှင့် တွေ့ချင်နေတာနှင့် အခန့်သင့်ဘဲ။ ကျောင်းအမ တယောက်တော့ဖြင့် သူ့ သားသမီးများလဲ အပူကြီး နေထိုင်မကောင်းတာနှင့် မပါနိုင်ဘူး။ ကျုပ်သာ တနှစ်တခေါက်တော့ဖြင့် ရောက်မှဘဲ တော်မကိုးလို့ ကြိုးစားလာရတာဘဲ။ အသက်အရွယ်က သိသိကြီးလာတော့ အရာရာမှာဘဲ နေရာမကျချင်ဘူး ဘုရားတကာရဲ့” ဟု ပြန်ပြော၏။

ကျောင်းတကာ၏စကားကိုကြားလျှင် ဘုရားတကာက တဖန် တုံ့ပြန်ပြောဆိုသည်မှာ “ဟုတ်ပါရဲ့။ ဘုရားတကာ ပြောသလို ပျိုရုပ်ကား ပျောက်၊ ကြိုးရုပ်ပေါ်ကဲကြတော့ ဘာလောက်ကမှ နေရာမကျကြဘူး ကျောင်းတကာရဲ့။ အိုနှိုမို့ ကြောင့် စလေကိုပုညက ‘တမိုးသောက်ဆင်၊ တနေဝင်လဲ၊ လိုချင်ဇောနှင့်၊ သဘောလွစ်ပျော၊ ကိုယ်ဖြစ်ထွေကို၊ စေ့စေ့မထောက်၊ လုပ်ရင်းကိုင်ရင်း၊ ကြိုးစဉ်ရင်းပင်၊ အိုခြင်းရောက်လို့၊ ကောက်ကောက်ကိုင်းကိုင်း၊ မျက်စေ့ မှိုင်းသည်၊ နားထိုင်း သွားကျွန်းဆံဖြူများ၍၊ အသားကြုံသည်၊ လူပုံပျက်ပြား၊ ရွဲဘွယ်များကို၊ နာဗျားငြီးတွယ်၊ ဗျာဒိမင်းကား၊ နှိပ်’

ပုဂံစာအုပ်တိုက်

မှတ်ချက်။ ။ ဤစာမျက်နှာတွင် “တယောက်”၊ “တနှစ်တခေါက်”၊ “တမိုးသောက်”၊ “တနေဝင်” စသည်ဖြင့် “တ” (တဝမ်းပူ) ကို အလွန်စနစ်တကျ သုံးနှုန်းထားသည်ကို တွေ့ရပါသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လက်ရာများတွင် ဤကဲ့သို့ ခိုင်မာသော မြန်မာစာအရေးအသားများကို လေ့လာနိုင်ခြင်းမှာ အလွန်ပင် တန်ဖိုးရှိလှပါသည်။

မှာတော်ပုံ (စာမျက်နှာ ၅၅)

၅၅ ။ မှာတော်ပုံ

နင်းတယ်’လို့ စပ်ဆိုပေတာကတဲ။ ကိုင်း၊ လမ်း မတ်တတ်ကြီး မကောင်းပါဘူး။ လာဗျာ လာဗျာ၊ ဟောဟိုက ဇရပ်ပေါ်မှာ အတော်တွေလဲ ရှိသေးတယ်။ နေဗွေဘဲ ပြန်တာပ။ ဗားကရာ လူထွက်ကြီး ဦးကျော်ဒွေးတို့၊ ဝန်စာရေးမင်း မောင်မောင်ရှုတို့၊ ဘုန်းကြီးလူထွက်သြင်္ဂဟဆရာကလေး မောင်တို့၊ သည့်ပြင်လဲ အလုံဆီက ကျုပ်တို့မိတ်ဆွေများလဲ ရှိကြသဗျ။ အာလာပသလ္လာပ၊ သုခ ဒုက္ခနှင့်စပ်လျဉ်းသော စကားများ ပြောရင်းဆိုရင်း၊ ကြည့်ပါဦးနှုး” ဆိုပြီးလျှင် မိမိတို့တည်းခိုသော ဇရပ်ခေါ်သွားလေ၏။

ထိုသို့ ကျောင်းတကာ ဘိုးရွှေအိတ် ဇရပ်ပေါ်သို့ တက်လာသောအခါ အင်္ဂုရိတ်စကား၊ သြင်္ဂဟစကား၊ သားစကား၊ လင်စကား၊ မယားစကား စသဖြင့် မိမိတို့အလိုရှိရာ ပြောဆိုနေကြသော ပရိသတ်များသည် ဘိုးရွှေအိတ်ဆိုသူကား သက်ကြီး ရွယ်ရင့် ဖြစ်သည်လည်း တကြောင်း၊ ကျောင်းတကာ ဖြစ်သည်လည်း တစ၊ မနုကြွေးငွေ၊ ဆန်ရေစပါး၊ ပေါများတောင်တင်း၊ သတင်းပြန့်မွှေး ငွေချင်တိုင်း ငွေသော၊ ကြွေးရတတ်ကြီး ဖြစ်သည်လည်း တဖြာ၊ အဆိုပါ ဂုဏ်အမျိုးမျိုးကြောင့် ခုံခြားရှိစေစွာ နေရာထိုင်ခင်းများပေး၍ အဝေးကလည်း အသီးသီး၊ အနားကလည်း တချို့၊ ခပ်ရိုရို ထိုင်နေကြသူအပေါင်းတို့အနက်၊ အထက်ကျော် ကာရီက ဝင်ထွက်သွားလာ များစွာဆက်ဆံဖူးသူ ကိုပေဆိုသူက

“ကျောင်းတကာကြီး မာသေးရဲ့နှော” ဟု ပြောဆို နှုတ်ဆက်သောအခါ၊ ကျောင်းတကာကြီးက “မောင် ဘယ်သူတုံး” ဟု လေးနက်စွာသော အသံဩဇာနှင့် မေးလိုက်ရာ၊ ကိုပေက “ကျောင်းတကာကြီး ကျွန်တော့်ကို မမှတ်မိဘူးလား။ လွန်ခဲ့သော လေး

ပုဂံစာအုပ်တိုက်

မှတ်ချက်။ ။ ဤစာမျက်နှာတွင်လည်း “တကြောင်း”၊ “တစ”၊ “တဖြာ”၊ “တချို့” စသည်ဖြင့် “တ” (တဝမ်းပူ) ကိုသာ တစိုက်မတ်မတ် သုံးနှုန်းထားသည်ကို တွေ့ရပါသည်။ မူရင်းစာအုပ်၏ ရသကို အပြည့်အဝရရှိစေရန် ကူးယူဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ