12/9/21, 11:01 PM
ဆရာ သခင်ကိုယ်တော်မှိုင်း ရဲ့ မှာတော်ပုံ စာအုပ်ရှိပါသည်။ ဆရာ လိုအပ်ပါက ကူညီပါမည်။
လွန်ခဲ့တဲ့ ၂၀၂၁ ခု၊ ၉ လပိုင်းကစာကို အခုမှသာ တမင်တကာလိုက်ရှာပြီး တွေ့ပါတယ်။ Unread ဆိုတာရှိကြောင်း သိတာ မကြာသေးပါ။
စာအုပ်ကိုပို့ရတာ အလွန်ခက်ပါတယ်။ ကျွန်တော်က တခြားတိုင်းပြည်မှာနေတာ။ နေပါစေတော့။ ကျေးဇူးတင်ပါသည်။
(စာမျက်နှာ ၅၄)
၅၄ ။
ဆောင်းထဲမှ ထွက်လာရာ၊ မန္တလေးရွှေမြို့တော်က ဘုရားတကာ ဦးကြာညွန့်ဆိုသူသည် အနားသို့ ချဉ်းပြီးလျှင်၊ ကျောင်းနေဘက် သူငယ်ချင်းဖြစ်ကြ၍ ချစ်ခင်ကြည်နာရင်းရှိသည့်အတိုင်း၊ ရုတ်တရက် ဘိုးရွှေအိတ်၏လက်ကိုဆွဲ၍ “တကယ်ပါဗျာ၊ ခုမှတွေ့ရတော့တယ်၊ မတွေ့ရတာ တော်တော်ကြာပြီ။ ကျန်းကျန်းမာမာ တွေ့ရတော့ အပူကြီး ဝမ်းသာသဗျာ။ ကျောင်းအမတယောက်ကော၊ ဘယ်မှာ ထားခဲ့သလဲ” ဟု မေး၏။
ထိုအခါ ကျောင်းတကာ ဘိုးရွှေအိတ်က “ဟုတ်ကဲ့ဗျာ၊ ကျုပ်လဲ ဘုရားတကာနှင့် တွေ့ချင်နေတာနှင့် အခန့်သင့်ဘဲ။ ကျောင်းအမ တယောက်တော့ဖြင့် သူ့ သားသမီးများလဲ အပူကြီး နေထိုင်မကောင်းတာနှင့် မပါနိုင်ဘူး။ ကျုပ်သာ တနှစ်တခေါက်တော့ဖြင့် ရောက်မှဘဲ တော်မကိုးလို့ ကြိုးစားလာရတာဘဲ။ အသက်အရွယ်က သိသိကြီးလာတော့ အရာရာမှာဘဲ နေရာမကျချင်ဘူး ဘုရားတကာရဲ့” ဟု ပြန်ပြော၏။
ကျောင်းတကာ၏စကားကိုကြားလျှင် ဘုရားတကာက တဖန် တုံ့ပြန်ပြောဆိုသည်မှာ “ဟုတ်ပါရဲ့။ ဘုရားတကာ ပြောသလို ပျိုရုပ်ကား ပျောက်၊ ကြိုးရုပ်ပေါ်ကဲကြတော့ ဘာလောက်ကမှ နေရာမကျကြဘူး ကျောင်းတကာရဲ့။ အိုနှိုမို့ ကြောင့် စလေကိုပုညက ‘တမိုးသောက်ဆင်၊ တနေဝင်လဲ၊ လိုချင်ဇောနှင့်၊ သဘောလွစ်ပျော၊ ကိုယ်ဖြစ်ထွေကို၊ စေ့စေ့မထောက်၊ လုပ်ရင်းကိုင်ရင်း၊ ကြိုးစဉ်ရင်းပင်၊ အိုခြင်းရောက်လို့၊ ကောက်ကောက်ကိုင်းကိုင်း၊ မျက်စေ့ မှိုင်းသည်၊ နားထိုင်း သွားကျွန်းဆံဖြူများ၍၊ အသားကြုံသည်၊ လူပုံပျက်ပြား၊ ရွဲဘွယ်များကို၊ နာဗျားငြီးတွယ်၊ ဗျာဒိမင်းကား၊ နှိပ်’
ပုဂံစာအုပ်တိုက်
မှတ်ချက်။ ။ ဤစာမျက်နှာတွင် “တယောက်”၊ “တနှစ်တခေါက်”၊ “တမိုးသောက်”၊ “တနေဝင်” စသည်ဖြင့် “တ” (တဝမ်းပူ) ကို အလွန်စနစ်တကျ သုံးနှုန်းထားသည်ကို တွေ့ရပါသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လက်ရာများတွင် ဤကဲ့သို့ ခိုင်မာသော မြန်မာစာအရေးအသားများကို လေ့လာနိုင်ခြင်းမှာ အလွန်ပင် တန်ဖိုးရှိလှပါသည်။
မှာတော်ပုံ (စာမျက်နှာ ၅၅)
၅၅ ။ မှာတော်ပုံ
နင်းတယ်’လို့ စပ်ဆိုပေတာကတဲ။ ကိုင်း၊ လမ်း မတ်တတ်ကြီး မကောင်းပါဘူး။ လာဗျာ လာဗျာ၊ ဟောဟိုက ဇရပ်ပေါ်မှာ အတော်တွေလဲ ရှိသေးတယ်။ နေဗွေဘဲ ပြန်တာပ။ ဗားကရာ လူထွက်ကြီး ဦးကျော်ဒွေးတို့၊ ဝန်စာရေးမင်း မောင်မောင်ရှုတို့၊ ဘုန်းကြီးလူထွက်သြင်္ဂဟဆရာကလေး မောင်တို့၊ သည့်ပြင်လဲ အလုံဆီက ကျုပ်တို့မိတ်ဆွေများလဲ ရှိကြသဗျ။ အာလာပသလ္လာပ၊ သုခ ဒုက္ခနှင့်စပ်လျဉ်းသော စကားများ ပြောရင်းဆိုရင်း၊ ကြည့်ပါဦးနှုး” ဆိုပြီးလျှင် မိမိတို့တည်းခိုသော ဇရပ်ခေါ်သွားလေ၏။
ထိုသို့ ကျောင်းတကာ ဘိုးရွှေအိတ် ဇရပ်ပေါ်သို့ တက်လာသောအခါ အင်္ဂုရိတ်စကား၊ သြင်္ဂဟစကား၊ သားစကား၊ လင်စကား၊ မယားစကား စသဖြင့် မိမိတို့အလိုရှိရာ ပြောဆိုနေကြသော ပရိသတ်များသည် ဘိုးရွှေအိတ်ဆိုသူကား သက်ကြီး ရွယ်ရင့် ဖြစ်သည်လည်း တကြောင်း၊ ကျောင်းတကာ ဖြစ်သည်လည်း တစ၊ မနုကြွေးငွေ၊ ဆန်ရေစပါး၊ ပေါများတောင်တင်း၊ သတင်းပြန့်မွှေး ငွေချင်တိုင်း ငွေသော၊ ကြွေးရတတ်ကြီး ဖြစ်သည်လည်း တဖြာ၊ အဆိုပါ ဂုဏ်အမျိုးမျိုးကြောင့် ခုံခြားရှိစေစွာ နေရာထိုင်ခင်းများပေး၍ အဝေးကလည်း အသီးသီး၊ အနားကလည်း တချို့၊ ခပ်ရိုရို ထိုင်နေကြသူအပေါင်းတို့အနက်၊ အထက်ကျော် ကာရီက ဝင်ထွက်သွားလာ များစွာဆက်ဆံဖူးသူ ကိုပေဆိုသူက
“ကျောင်းတကာကြီး မာသေးရဲ့နှော” ဟု ပြောဆို နှုတ်ဆက်သောအခါ၊ ကျောင်းတကာကြီးက “မောင် ဘယ်သူတုံး” ဟု လေးနက်စွာသော အသံဩဇာနှင့် မေးလိုက်ရာ၊ ကိုပေက “ကျောင်းတကာကြီး ကျွန်တော့်ကို မမှတ်မိဘူးလား။ လွန်ခဲ့သော လေး
ပုဂံစာအုပ်တိုက်
မှတ်ချက်။ ။ ဤစာမျက်နှာတွင်လည်း “တကြောင်း”၊ “တစ”၊ “တဖြာ”၊ “တချို့” စသည်ဖြင့် “တ” (တဝမ်းပူ) ကိုသာ တစိုက်မတ်မတ် သုံးနှုန်းထားသည်ကို တွေ့ရပါသည်။ မူရင်းစာအုပ်၏ ရသကို အပြည့်အဝရရှိစေရန် ကူးယူဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment