Skip to main content

ပန်ကာချိန် စရောက်တဲ့နေ့

ပန်ကာဆိုတာ ဟင်ဒီစာလုံးကနေ လာပါတယ်။

ပန်ကာ Hindi Translation पंखा Paṅkhā

အလားတူ မွေးစားယူထားတဲ့စာလုံးတွေ အများကြီး။

Aloo Cutlet အာလူးကတ်တလိတ်

Aloo Samosa အာလူး စမူဆာ

Aloo အာလူး

Chapati CHəˈpädē चपाती chapaatee ချာပါတီ (ချပါတီ)

Cutlet ˈkətlət कटलेट katalet ကတ်တလိတ်

Dahi ဒိန်ချဉ် 

Danpauk ဒန်ပေါက် (Dum Biryani) ဒမ်ပေါက်၊ ဒံပေါက်

Dum pukht ဒန်ပေါက် fron Persia

Falafelဖလာဖယ် – ပဲလုံးကြော်အမျိုးအစား၊ ရန်ကုန်၊ မန္တလေးရှိ အာရပ်ဆိုင်များတွင် တွေ့ရသည်။

Faloodeh ဖာလူဒါ from Persia

Gobhee ဂေါ်ဖီထုပ် from Hindi 

Gobi" (गोभी) in Hindi means cauliflower ပန်းမုန်လာပွင့်

Godam warehouse ဂိုဒေါင်

Halva ဟာလဝါ from Middle East

Halwa ဟာလွါ – ဟာလဝါ။

Jalebi ဂျလေဘီ from Hindi

Kebab ကက်ဘက် – ခဘတ် (ခါးဘတ်) “ကြက်/အမဲ” အနေနှင့် အသုံးများ။

Keema ကီးမား  (mince curry) – အမဲသားကီးမား၊ ဆိတ်သားကီးမား၊ ကြက်သားကီးမား၊ ကီးမားပလာတာ။

Kulfi ကူလ်ဖီး (Tamil)

Malai မလိုင် from Bengali

Masala Dosa မဆလာ ဒိုဆာ 

Masala မဆလာ from Hindi

Mutton Keema Samosa ဆိတ်သား ကီးမား စမူဆာ။

Naan နံပြား from Persia

Nankatai နံကထိုင် from Urdu

Onion Samosa ကြက်သွန်နီ စမူဆာ

Paratha / Paratha ပရာတာ / ပလာတာ  from Hindi

Puri ပူရီ from Hindi

Samosa စမူဆာ from Persia

Thana  थाना thaana ဌာန Thana means "police station" in South Asian countries and is an administrative unit.

Vada ပဲဗယာကြော် from Hindi

ကူလီ Coolie အထမ်းသမား၊ အလုပ်သမား။

ဗာဒံ၊ ဗာဒံပင်၊ ဗာဒံစေ့။ बादाम baadaam Almond

လုံချည် (Lungi) လုံချည်ဆိုသည်မှာ တောင်အာရှဒေသ၏ ရိုးရာခါးဝတ်တမျိုး ဖြစ်ပါသည်။ အလျား ၂ မီတာမှ ၂.၅ မီတာခွဲ ဝန်းကျင်ရှိသော စက်ဝိုင်းပုံချုပ်လုပ်ထားသည့် ပေါ့ပါးသော အထည် (များသောအားဖြင့် ချည်ထည်) ဖြစ်ပြီး၊ သက်သောင့်သက်သာရှိ၍ လေဝင်လေထွက်ကောင်းသော စကတ်ကဲ့သို့ ခါးတွင် ဝတ်ဆင်ရပါသည်။ အိန္ဒိယတိုက်ငယ်မှ စတင်ဆင်းသက်လာခြင်းဖြစ်ပြီး များသောအားဖြင့် အကွက်ဒီဇိုင်းများ ပါရှိတတ်ပါသည်။ နေအိမ်တွင် အနားယူစဉ်ဖြစ်စေ၊ အိပ်စက်ရာတွင်ဖြစ်စေ ဝတ်ဆင်ရန် လူကြိုက်များပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော အဝတ်အထည် တခု ဖြစ်ပါသည်။

အသံလှယ်မွေးစားထားပြီး မြန်မာစကားဖြစ်နေတဲ့ အစားအသောက်စာရင်း https://burmese-spelling.blogspot.com/2023/02/blog-post_122.html

Indian snacks အင်ဒီးယန်း သွားရေစာများ https://burmese-spelling.blogspot.com/2024/03/indian-snacks.html

Vada ပဲဗယာကြော် https://burmese-spelling.blogspot.com/2022/08/vada.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ