Skip to main content

ကူသယ်တာလား သယ်ကူတာလား



သမီးမေးအုံးမယ် ကူသယ်တာလား သယ်ကူတာလား ကူလုပ်တာလား လုပ်ကူတာလား ဘယ်ဟာမှန်တာလဲ

(၁)

AI

၁။ သယ်ကူတာလား၊ ကူသယ်တာလား

သယ်ကူတာ က ပို၍ မှန်ကန်ပြီး အသုံးများပါသည်။

မြန်မာစကား အထားအသိုတွင် မိမိလုပ်ဆောင်မည့် အလုပ် (သယ်ယူခြင်း) ကို အရင်ဖော်ပြပြီး ထိုအလုပ်တွင် ဝိုင်းဝန်းကူညီသည့်သဘောဖြင့် "ကူ" ကို နောက်က ပေါင်းစပ်ရပါသည်။

ဥပမာ - "ပစ္စည်းများကို သယ်ကူ ပါရစေ။"

၂။ လုပ်ကူ တာလား၊ ကူလုပ် တာလား

လုပ်ကူတာ သည် ပို၍ စနစ်ကျသော အသုံးအနှုန်း ဖြစ်ပါသည်။

"သယ်ကူ" နည်းတူပင် လုပ်ဆောင်ချက် (လုပ်သည်) ကို အခြေခံပြီးမှ "ကူ" ကို နောက်က လိုက်ရပါသည်။ သို့သော် စကားပြောရာတွင် "ကူလုပ်ပေးပါ" ဟု သုံးလေ့ရှိကြသော်လည်း စာအရေးအသားတွင်မူ "လုပ်ကူ" ဟု ရေးသားခြင်းက ပို၍ ပြေပြစ်ပါသည်။

ဥပမာ - "ဟင်းချက်ရာတွင် လုပ်ကူ ပေးသည်။"

အနှစ်ချုပ် မှတ်သားရန်

မြန်မာစာတွင် "ကူ" ကို ကြိယာ၏ နောက်၌ထား၍ သုံးနှုန်းခြင်းသည် မူလစံနှုန်း ဖြစ်ပါသည်။

စားကူ (တူတူစားပေးခြင်း)

ပြောကူ (ဝိုင်းပြောပေးခြင်း)

ဖတ်ကူ (ဝိုင်းဖတ်ပေးခြင်း)

သယ်ကူ / လုပ်ကူ

သို့သော် ရှေ့ကထား၍ သုံးလိုပါက "ကူညီ၍..." ဟု သုံးနှုန်းနိုင်ပါသည်။ (ဥပမာ - ကူညီ၍ သယ်ပေးပါ။)

(၂)

မြန်မာအဘိဓာန် အကျဉ်းချုပ် 

ပုံ (၁) - ကူကူကူ $^၁$ - န / ဂူ / ဂူ - န၊ ရှု။ [ပါ]ကူ $^၂$ - ကြိ / ကူ / ဝိုင်းဝန်း ဆောင်ရွက်ပေးသည်။ ထောက်ပံ့သည်။ မသည်။ကူ $^၃$ - ကြိ / ကူ / ချိုးငှက် တွန်မြည်သည်။ ချိုးငှက်ကို တု၍ အသံပြုသည်။ကူညီ - ကြိ / ကူညီ / ဝိုင်းဝန်းထောက်ပံ့ မသည်။ကူထိုးဗိုး - န / ဂူထိုးဗိုး / ကယားအမျိုးသားတို့၏ တံခွန်တိုင်ပွဲ။ကူပံ့ - ကြိ / ကူပန့် / မသည်။ ကူညီသည်။ ယိုင်းပင်းသည်။ကူပွန် - န / ကူပွန် / ကုန်ပစ္စည်း ဝယ်ယူနိုင်ရန်၊ အတိုးပေးဆပ်နိုင်ရန် စသည်တို့အတွက် ဆိုင်ရာက ထုတ်ပေးထားသော လက်မှတ်တမျိုး။ [လိပ်]ကူဖော်လောင်ဖက် - န / ကူဖော် လောင်ဖက် / ဝိုင်းဝန်း ကူညီမသူ။ ယိုင်းပင်းသူ။ အခါမရွေး ကိစ္စမရွေး ကူညီသူ။ကူရွပ် - န / ကူယွတ် / ရှေးခေတ် လှေကြီးတမျိုး။ (ဦးနှိမ်ပဲမြင့်လုပ်ရသည်ဟု ဆိုသည်။) “ကူရွပ်၊ သမ္ဗန်၊ ကတ္တူ၊ လွန်းကျင်တိုက်လှေတထောင့်နှစ်ရာ။” ရာကြီး။ ၃၈၅။ပုံ (၂) - သယ်သယ်သယ် $^၁$ - ကြိ / သယ် / ၁၊ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းယူဆောင်သည်။ ဆောင်ကြဉ်းသည်။ ၂၊ ဇာတ်လမ်း၊ သီချင်း၊ စကား စသည်တို့တွင် ရည်မှန်းရာသို့ ရောက်အောင် ကဗျာ ရေးစပ် ပြောဆိုသည်။ “နောက်ထပ် ဘဝမရှိတော့တဲ့ ဘဝထိအောင် အတူချစ်သွားမယ်ဆိုတာလေးကို များ သံသာလောကမ်းတိုင် တူပြိုင်လေကူးမယ် ဆုထူးငယ်ပန်ရွယ်ညွှန်း... ဆိုတဲ့ တပိုဒ်ထဲနဲ့ သယ်သွား လိုက်သေးတယ်။” သံသာ။ ၄၁။သယ် $^၂$ - အာ / သယ် / ငေါက်ငမ်း ခြိမ်းခြောက်သော စကားလုံး။ တယ်။ “သယ် ငါ့အတော့်တန်ဆာကို နင်ခွင့်ရာတယ်လို့ ထင်သလား။” ဒေဝီ၊ မ။ ၁၆၆။သယ်ဆောင် - ကြိ / သယ်ဆောင် / သယ် $^၁$ - ကြိနှင့် အတူတူ။သယ်ပိုး - ကြိ / သယ်ပိုး / ၁၊ တနေရာမှ တနေရာသို့ မြှောက်ကာ၊ မကာ၊ ထမ်းကာ၊ ရွှေ့ပြောင်း ယူဆောင်သည်။ပုံ (၃) - သယ်ယူ၂။ တာဝန်ယူ ဆောင်ရွက်သည်။ ထမ်းဆောင်သည်။ “တိုင်းပြည်အကျိုး မသယ်ပိုးတော့ဘဲ။” ခွေး၊ ပ။ ၅၀။သယ်ယူ - ကြိ / သယ်ယူ / သယ် $^၁$ - ကြိ ၁ နှင့် အတူတူ။

(၃)

ကျွန်တော့အမြင်

ကူညီ မှန်။

ညီကူ မမှန်။

ကူသယ် မှန်။

သယ်ကူ မမှန်။

သယ်ဆောင် မှန်။

ဆောင်သယ် မမှန်။

သယ်ပိုး မှန်။

ပိုးသယ် မမှန်။

သယ်ယူ မှန်။

ယူသယ် မမှန်။

အလားတူ

စားကူ မမှန်။

ကူစား မှန်။

ဖတ်ကူ မမှန်။

ကူဖတ် မှန်။

သယ်ကူ မမှန်။

ကူသယ် မှန်။

ပြောကူ မမှန်။

ကူပြော မှန်။

ချက်ကူ မမှန်။

ကူချက် မှန်။

အကြောင်းပြချက်

တစုံတခု ပြုလုပ်ဆောင်ရွက်နေတာကို ကူညီလုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။

သယ်၊ စား၊ လုပ်၊ ချက် စတဲ့ ကြိယာကို ကူညီတာ။

သစ်ပင်တွေ ကူစိုက်ပေးပါဦး။

ထမင်း ကူချက်ပေးပါဦး။

တယောက်တည်း မနိုင်လို့ ကူသယ်ပေးပါဦး။

သဘောမတူပါကလည်း လူကြီးမင်းတို့သဘောသာ ဖြစ်ပါကြောင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ