စိတ်ကြိုက်မြန်မာစာ
မဟာမင်းလှမင်းခေါင်ကျော်၊
အခြေခံပညာ အထက်တန်း
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းသုံးစာအုပ်ကော်မတီ။
၁၉၈၅
မဟာမင်းလှမင်းခေါင်ကျော် (စာမျက်နှာ - ၁၂)
ရွှေတံဆိပ်နှင့်၊ ရွှေချိပ်ရွှေမင်း၊ ရွှေလိပ်တင်သည်၊ လူရှင်ခေါ်ကြ စရာတည်း။
၁၁
တရံရောခါ၊ တနေ့မှာ၌၊ ဥစ္စာကြွယ်ဖြိုး၊ သဌေးကြီးသည်။ သုံးရတနာ၊ စေတုဗ္မာကို၊ အိမ်ရာထောင်လောက်၊ အရွယ်ရောက်၍၊ ချစ်ထောက်မျှော်ကာ၊ ငါးပါးစသည်၊ မိဘတို့ဝတ်၊ တရားမြတ်ဖြင့်၊ မချွတ်စေမှု၊ ဆင်ယုန့်ပြုဖို့၊ ကြည့်ရှုလတ်သော်၊ မျိုးဖော်ဆွေချင်း၊ မတော်လျှင်းခဲ့၊ အဆင်းရောင်ညီး၊ ငါ့သီးသည်၊ မင်းကြီးမှူး၊ တပါးသူနှင့်၊ လူတွင်ဖြစ်သော်၊ ကြည့်ရှုမျှော်လည်း၊ မတော်သောအား၊ သတပါးနှင့် ထိမ်းမြားခြင်းငှာ၊ မထိုက်ရာဟု၊ မင်းမှာဆက်မည်၊ နှလုံးရည်လျက်၊ ကြံစည်ပြီးသော်၊ ရွှေနန်းတော်သို့၊ သင့်လျော်ကာလ၊ ဝင်ပြီးမှုလျှင်၊ ခယရိုညွတ်၊ ပရိသတ်နှင့်၊ လျှောက်ပတ်ရာက၊ ရိုခယ၍၊ ဘုရားကျွန်တော်၊ သမီးသော်ကား၊ နှန်းဖော်ပြိုင်ဖက်၊ ဤမြေထက်တွင်၊ အဖက်မမြင်၊ လှခေါင်တင်ကို၊ အရှင်လိုက၊ ပြုဟန်တူ၊ ကြည့်ရှုစေပြီး၊ မင်းကြီးဘုန်းထူ၊ လုပ်ကျွေးလူယုံ၊ ယူတော်မူပါ၊ လျှောက်သောခါ၌၊ မဟာနုရု၊ လူမှုသုသင်း၊ သီဝိမင်းလည်း၊ ဝမ်းတွင်းစိတ်ညီ၊ ကောင်းလှပြီဟု၊ ဤသို့နှုတ်က၊ မိန့်ပြီးမှုလျှင်၊ အားရဝမ်းသာ၊ ကြည့်မိဗြဟ္မာ၊ ကောင်းစွာစုံလင်၊ ခန့်စီရင်၏။ သခင်ကြွယ်ဌေး၊ ထိုသဌေးသည်။ မနှေးလျှင်ပြင်း၊ ပြန်လေလျင်း၍၊ မပျင်းမရိ၊ ဇောသန်ချိလျက်၊ မင်းကြီးပုဏ္ဏား၊ ဆရာများတို့၊ လာငြားသေခါ၊ ကျွေးစရာကို၊ ဂဏာနုပျား၊ စီရင်ထားသည်။ ခမ်းနားတင့်တယ် လှစွာတည်း။
ဥမ္မာဒန္တီပျို့ (စာမျက်နှာ - ၁၃)
၁၂
သဌေးကိုယ်တွေ့၊ လျှောက်ခဲ့ချိလျှင်၊ တနေ့ရောက်သော်၊ ပုဏ္ဏားတော်တို့၊ ခေါ်၍လျှင်တွေ့၊ ကြည့်ကြချေဟု၊ စေတော်မူက၊ ဗြာဟ္မဏတို့၊ သွားကြအလျောက်၊ အိမ်သို့ရောက်လျှင်၊ ဝမ်းမြောက်ကြွေးကြော်၊ ဆရာတော်ဟု၊ ကျော်အောင်ဆုပေး၊ သျှင်သဌေးလည်း၊ ကျွေးမွေးလတ်သော်၊ ပုဏ္ဏားတော်တို့၊ အဖော်တသင်း၊ ဧည့်ခံတွင်း၌၊ ထမင်းဂဏာ၊ စားနေခါတွင်၊ သော်တာပြည့်ဝန်း၊ တိမ်ပုံစွန်းက၊ ရွှန်းရွှန်းယန်စက်၊ ပေါ်လာထွက်သို့၊ ပြိုးပြွက်ရောင်ထင်၊ တန်းဆာဆင်လျက်၊ အကြင်ရောခါ၊ ထွက်၍လာသား၊ ဥမ္မာဒန္တီ၊ ဆင်းနတ်ပိ၏။ သိင်္ဂီရုပ်ပုံ၊ ရူပါရုံသည်၊ ကြေးမုံမှန်ဝ၊ နေရောင်ပြသို့၊ ပုဏ္ဏားမျက်စိ၊ မြင်သည်ရှိသော်၊ အာရုံမဏ္ဍိက၊ ဟာယုရာ လွန်စိတ်၊ စောသိက်တို့၊ ချန်းချိတ်မရ၊ ဆင့်နှယ်ထ၍၊ ပုဏ္ဏားခံတွင်း၊ ထမင်းခွံ့လက်၊ သတိပျက်လျက်၊ ခေါင်းထက်သို့ကျော်၊ ကျောပေါ်သို့တက်၊ လက်ကတီးရောက်၊ မေးအောက်လည်ပင်း၊ ဟင်းအလူးလူး၊ ကိုယ်စီရူး၍၊ နဖူးနဖိုက်၊ ဗိုင်းဗိုင်းခွေညွှတ်၊ အညွှတ်ချွတ်နှင့်၊ တရွတ်တသ၊ ကိုယ်စီနည်းခြား၊ အမှားမှားဖြင့်၊ ပုဏ္ဏားတစု၊ ရှက်ဖွယ်မှုကို၊ ပြုကြသောခါ၊ လက္ခဏာ၌၊ ချစ်မှုသတိ၊ မရှိသသူ၊ ပတ်မူဘဝ၊ မှန်စီရာလိမ့်၊ စိတ်မှာဆဲသို့၊ နှုတ်ကဆိုလျက်၊ လည်ကို...
မဟာမင်းလှမင်းခေါင်ကျော် (စာမျက်နှာ - ၁၄)
ငင်၍၊ ဝတ်နှင့်ဆင်ကဲသော်၊ ပုဏ္ဏားတော်တို့၊ ထိုရောကာလ၊ ရှက်ကြလေသနား၊ အငြိုးထားလျက်၊ မိဖုရားထံ၊ မဖြစ်စိမ့်ငှာ၊ လျှောက်ရာရာကို၊ ပြန်ကာဆိုး၊ တိုင်ပင်ပြီးမှ၊ မင်းကြီးရှိရာ၊ ဝင်ကြလတ်၏။ အင်္ဂါယတ်ကြောင်း၊ မယုံကောင်းဟု၊ ထိန်းကျောင်း * မံချွတ်၊ ဒေါသယုတ်ကို၊ မဟုတ်မမှန်၊ အဟန်တင်သည်။ ဆင်ခြင်မထောက် မဟာတည်း။
၁၃
ထိုအခါကား၊ မင်းကျိုးထူး၌၊ မထားမထောက်၊ ဒေါသပေါက်၍၊ စိတ်နောက်ကိုယ်ပါ၊ မဟုတ်ရာကို၊ ညှာတာမရှိ၊ လျှောက်ရှာသော်၊ မင်းကြီးစိတ်တွင်း၊ အဟုတ်ထင်လျက်၊ မမြင်သောအား၊ ယုံမှား၍၊ မိဖုရားပျို၊ အင်္ဂါရှိလျှင်၊ ငါ့ကို မင်းနှင့်၊ မထိုက်သင့်ဟု၊ စိတ်ချင်းငြိမှ၊ ဆင်းနတ်တူကို၊ မယူလိုငှာ၊ မိန့်ခန့်ရာတွင်၊ ဥမ္မာဒန္တီ၊ ဆင်းနတ်ပိလည်း၊ ဤမင်းကိုယ်သည်၊ ရပ်မတည်အောင်၊ ရပ်ရည်တို့ကို၊ ပြုလိုစိတ်မှာ၊ ငြိုးဝေပါ၏။ ဥစ္စာကြွယ်ဌေး၊ ဘသဌေးလည်း၊ ပြည်ရေးအပြား၊ ဝတ်အားကို၊ သုံးရတနာ၊ မယဉ်ဗုဒ္ဓကို၊ သင့်ရာမှုဇော်၊ ပရိသတ်နှင့်၊ ကောင်းလတ်သောအား၊ ကျော်ဇော်ရှားအောင်၊ စုလျားပုံသွင်း၊ ပေးဆောင်နှင်းသည်၊ သတင်းနှံ့သိ ကြေငြာတည်း။
ဥမ္မာဒန္တီပျို့ (စာမျက်နှာ - ၁၅)
၁၄
မင်းနေဌာန၊ ယင်းဒေသဝယ်၊ ဝါလကျွတ်မြောက်၊ ကြောက်နေဝင်းသော်၊ ဒေါင်းမြတ်ကွန့်၊ ဆောင်းလတ်မွန်၌၊ စွန့်က လည်းဝဲ၊ ကွန့်ကြဲဆဲလျှင်၊ ဝမ်းပဲမကွေး၊ ချဉ်းမြူးထွေး၍၊ ချေကလည်းဟောက်၊ လောကမြောက်နှင့်၊ နှင်းပေါက်မဝေ၊ မိုးမငွေ့သား၊ အဟေမယံ *၊ နေဝင်ယံ * တွင်၊ ယုန်ခံဘုံစက်၊ ခန့်ပျံတက်၍၊ ကျိုးငှက်တရာ၊ ကြယ်နှင့်လာသော်၊ တန်းဆာဆင်ယင်၊ နတ်သဘင်သို့၊ မြိုင်ပြင်မြိုင်တွင်း၊ မီးရောင်ဝင်းလျက်၊ ဟင်းလင်းတံခါး၊ ဖွင့်ကာထား၏။ ပြည်သားပြည်သူ၊ လိုက်ဆူအုန်းအုန်း၊ တန်ဆောင်မုန်းတွင်၊ ချိန်ဆန်းသစ်၊ ပွဲကြီးဆင်လျက်၊ ပျော်ရွှင်ကြမြဲ၊ ထိုသည့်ပွဲ၌၊ စောရဲဘုန်းစည်၊ မြို့ရွှေပြည်ကို၊ လှည့်လည်ရှုမျှော်၊ ထွက်မည်သော်ဟု၊ မင်းကျော်သိင်္ဂီ၊ မိန့်တော်ရှိလျှင်၊ အဘိရုဏ၊ နာမတွင်ပြီး၊ စစ်သူကြီးလည်း၊ ဇနီးအိမ်မှ *၊ ဧတုဗ္ဗာ * ကို၊ ရာထူးထက်တင်၊ ထွက်လာလျှင်တည်း၊ မမြင်စေနှင့်၊ မြင်သဖြင့်မူ၊ မင်းဣန္ဒြေ၊ တည်နေပါရင့်၊ မဝတ်နိုင်ရာ၊ သည်ကိုရည်၍၊ အမှာစေ့ရေး၊ ထားခဲ့ပေ၏။ သစ္စာမမှတ်၊ နရာလွှတ်လည်း၊ မင်းဝတ်တန်းဆာ၊ ဆင်လျက်သာဖြင့်၊ ဗိုလ်ပါရံပြီး၊ ရထားစီးလျက်မင်း၊ ရှုဖွယ်၊ နတ်တို့လယ်၌၊ တင့်တယ်လှစွာ၊ ဝေယန္တာ * က၊ ကန္ဒာ * နတ်မင်း၊ သက်လာဆင်းသို့၊ သန့်ရှင်းမြေချက်၊ သိင်္ဂါထက်တွင်၊ သွန်ပက်ရေဖျန်း၊ ပွင့်စုံပန်းနှင့်၊ ကရဝန်းဖြောင့်မတ် *၊ ရွှေဗိမာန် * ဝယ်၊ ပန်းသတ်ညောင်ရေ၊ သပြေနန်း၊ အနီကဝေး၊ အုန်းကြက်မပျော *၊ မြင်သူမောဗျ၊ ပြော * ချိုမောလွန်၊ တင့်တယ်ဟန်လည်း၊ စမ်းခွန့်က္ကတ္တား၊ မလေးပွားနှင့်၊ မင်းသွားတလျှောက် *၊ လမ်းကိုရှောက်လျက်၊ ရွှေမှောက်ဘုန်းမော်၊ ထွက်စံပျော်သည်။ ။မှူးတော်မတ်စု ရံကာတည်း။
မှတ်ချက်
၁၉၈၆ ခုနှစ်မှာ မြန်မာစာသတ်ပုံတွေကို အာဏာပိုင်များအလိုကျ ပြောင်းပါတယ်။
၁၉၈၅ ခုနှစ်အထိ ထုတ်တဲ့ ကျောင်းသုံးစာအုပ်တိုင်းမှာ အခုတင်ပြတဲ့စာအုပ်လို သတ်ပုံတွေ မှန်ပါတယ်။
သတ်ပုံတွေကို ထင်သလိုမပြောင်းခင်အထိ မြန်မာစာဟာ ဥမ္မာဒန္တီလို လှပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment