Skip to main content

၂-ကျောက်ဆောင်ဘုရားတိုင်-မယ်ဘွဲ့ (စာပြိုင်အလိုက်) ရတု


(ပ) တသောင်းရှစ်မည်၊ လေးထောင်တည်ကို၊ ရစ်လည် လှည့်ပတ်၊ လ-ပြာသာဒ်နှင့်၊ ရန်နတ်နီးခိုက်၊ သောစဉ်ကြိုက်ဝယ်၊ ထိန့်ရိုက်သပြေ၊ အာဏာမွေသား၊ သရေမွေ၊ သောကဗွေမှောက်၊ တည်ခဲ့မြောက်သည်။ ကျောက်ဆောင်လျှံပြောင်၊ မိတည်းနောင်။ ။ ရည်ဆောင်လနှစ်၊ အသစ်အသစ်၊ ကြား။

၃-ကျောက်ဆောင်ဘုရားတိုင် မယ်ဘွဲ့ရတု

ဆင့်လေသံ့။ မပျံ့စဖူး၊၊ အမူးအဖော်၊ ကြိုးသည်သော်ကား၊ နားတော်ပျံ့ညောင်း၊ ညွှတ်ပေ့ကောင်းဟု၊ ရွှေပေါင်းလှည့်ဖြား၊ လျှောက်ပါ ငြားလည်း၊ ရွှေသား မြဲလျှံ၊ ညွှတ်ညွတ်စံသည်။ ချစ်သံမြွက်၊ မခြည်သောကြောင့်။

(ဒု) မပျောင်းရစ်တည်၊ ဗျာပါရည်နှင့်၊ သာကြည်ကြားခက်၊ မိန့်မမြွက်တည့်၊ ခွဲဝက်သံချို၊ အလိုလိုလျှင်၊ ကွဲပြို လွင့်ရှာ၊ သူ့စိတ်မှာကို၊ အာဏာကြီးဘိ၊ ပြီး ဘွယ်ရှိရှု၊ ပြစ်ထိ ဖွေဖွေ၊ ရိပ်ကာနေလည်း၊ ခြောက်ထွေ ကွန့်ရစ်၊ ရှင်တော်စစ်ကို၊ သစ်သစ် ပြန်ခေါက်၊ ပန်ခဲ့လျှောက်ရှင့်၊ မလျှောက်သင့် တောင်း၊ ညှို့နောင်းလျှင်၊ ယုံကြောင်း ယုံခြုံ၊ မယုံပဲကို၊ မှတ်စွဲ တထွေ၊ ပါလေစေဟု၊ ဖြေဖြေခခ၊ ထိန်းယ ငယ်ချို၊ သွေးသီမသာ၊ ကြိုးကာကာသည်။ မေတ္တာစက် မလည်သောကြောင့်။

(တ) ခပေါင်းမြစ်တည်၊ ခုနစ်မည်လျှင်၊ ဖန်ရည်ရောင်ဖုံး၊ တောင်အလုံးကို၊ မြိုက်မိုး ရံပတ်၊ ခွေခဲညွှတ်မှ၊ ရန်လွတ် ညီနောင်၊ နေပြည်ထောင်ကို၊ တင့်အောင်လက်ယာ၊ လည်ခဲ့ပါသား၊ အဝါခြောက်စံ၊ တက်ပျံဖြိုးဖြိုး၊ ဖြိုးဖြိုးပြောင်စက်၊ မတန်ပြက်၍၊ ကွန်ရက် ခြည်ထူး၊ ပြပါဦးလော့၊ နူးနူးညံ့ညံ့၊ ပျံ့ပျံ့၊ ဖြားဖြား၊ စကား မဥ္ဇူ၊ ကြားသံချို၊ သို့သာဆိုရှင့်၊ စွန်းညိုစိတ်မှာ၊ မသိသာခဲ့၊ သစ္စာ တွေးခေါ်၊ နှောင်းစွန်းမြှော်သည်။   ။ မိန့်တော်ခက် မရည်သောကြောင့်။

ပုံပြပြီး AI ကို စာသားတောင်းတော့ အတော်ပြင်ယူရတယ်။

တသောင်း ကို တသောင်း လို့ မှန်အောင် ရေးတတ်သူ၊ သင်ပေးတတ်သူ ရှားတယ်။

ကျွန်တော်တို့ မြန်မာစာနဲ့ မြန်မာစာပေကို လေ့လာလိုသူတွေ ပေါ့ပေါ့တန်တန်နဲ့ မရပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ