Skip to main content

ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနှင့်

ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနှင့်၊ ချိုကျိုးနွားလား ဒွန်းစဏ္ဍားပမာ မာန်မာနကို နိမ့်ချခြင်း.. အဓိပ္ပာယ်ရတဲ့ မင်္ဂလာတရားက ဘယ်ပါဠိပါလဲဆရာ၊ အလင်္ကာလေးသာ မှတ်မိပြီး မူရင်းပါဠိအစဖော်မရဖြစ်နေလို့ပါဆရာ

(၁)

၄၀ ပါရာယနဝတ္ထု

“သဗ္ဗညုဘုရားသခင်ကို လွှတ်စေ၊ ပညာအရာ ငါ့ကိုတူသည်မရှိ” ဟု ကြိမ်းတော်မူ၏။ ပရိသတ်အပေါင်းသို့ ရောက်လမူကား “ငါ၏ကိုယ်ကို ကိုယ်ဟု ငါမမှတ်၊ နင်းနယ်စရာ ခြေသုတ်ပုဆိုးကဲ့သို့ သူတို့ညှဉ်းဆဲစရာ ဒွန်းစဏ္ဍား ကိုယ်ကို နှိမ့်ချသကဲ့သို့ အစွယ်ကျိုးသောမြွေ၊ ဥချိုကျိုးသော နွားလားဥသဘ စောင်းမာန်လျော့သကဲ့သို့ သီတင်းသုံးဘော်တို့အား ရိုသေမြတ်နိုးစွာ ငါနှိမ့်ချသတည်း” ဟူ၍လည်း ကိုယ်တော်ကိုညွတ်၏*။

(၂)

ရှင်သာရိပုတ္တရာ အကြောင်း

ဓမ္မခန္ဓာ၊ ငါ့ပညာဟု

အင်္ဂါကိုးမည်၊ ရင်နို့ရည်ကို

ချမ်းကြည်သောက်များ၊ တက်စီးပွား၍

ငါ့သားဖြစ်ကျိုး၊ ကျော်ဟိုးဟိုးလျှင်

မြေမိုးတုန်ခပ်၊ အရပ်ရပ်တည့်

ပိတ်စပ်ခြောင်းခြောင်း၊ ဂုဏ်နံ့လှောင်းလျက်

ထိန်းကျောင်းကိုယ်နှုတ်၊ ကျန်းမာန်ရှုတ်၍

ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနှင့်

ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍားသို့

ရှောင်ရှားပွဲလယ်၊ မချုတ်ချယ်တည့်

နည်းသွယ်ပုံထုတ်၊ ပညာအုပ်၍

မျက်ကြုတ်ကိုးတန်၊ ငြိုးထားရန်ကို

စွမ်းအန်မဂ်ငွေ့၊ ဖျောက်လွှင့်လှေ့လျက်

ချမ်းမြေ့ပွဲလယ်၊ မေတ္တာကြွယ်သည်

စင်ကြယ်သင်းကျော၊ ငါ့သားစော…

(ပါရမီခန်းပျို့ - ပိုဒ်-၄၇)

(ရှင်မဟာသီလဝံသ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ