(၁)
၄၀ ပါရာယနဝတ္ထု
“သဗ္ဗညုဘုရားသခင်ကို လွှတ်စေ၊ ပညာအရာ ငါ့ကိုတူသည်မရှိ” ဟု ကြိမ်းတော်မူ၏။ ပရိသတ်အပေါင်းသို့ ရောက်လမူကား “ငါ၏ကိုယ်ကို ကိုယ်ဟု ငါမမှတ်၊ နင်းနယ်စရာ ခြေသုတ်ပုဆိုးကဲ့သို့ သူတို့ညှဉ်းဆဲစရာ ဒွန်းစဏ္ဍား ကိုယ်ကို နှိမ့်ချသကဲ့သို့ အစွယ်ကျိုးသောမြွေ၊ ဥချိုကျိုးသော နွားလားဥသဘ စောင်းမာန်လျော့သကဲ့သို့ သီတင်းသုံးဘော်တို့အား ရိုသေမြတ်နိုးစွာ ငါနှိမ့်ချသတည်း” ဟူ၍လည်း ကိုယ်တော်ကိုညွတ်၏*။
(၂)
ရှင်သာရိပုတ္တရာ အကြောင်း
ဓမ္မခန္ဓာ၊ ငါ့ပညာဟု
အင်္ဂါကိုးမည်၊ ရင်နို့ရည်ကို
ချမ်းကြည်သောက်များ၊ တက်စီးပွား၍
ငါ့သားဖြစ်ကျိုး၊ ကျော်ဟိုးဟိုးလျှင်
မြေမိုးတုန်ခပ်၊ အရပ်ရပ်တည့်
ပိတ်စပ်ခြောင်းခြောင်း၊ ဂုဏ်နံ့လှောင်းလျက်
ထိန်းကျောင်းကိုယ်နှုတ်၊ ကျန်းမာန်ရှုတ်၍
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနှင့်
ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍားသို့
ရှောင်ရှားပွဲလယ်၊ မချုတ်ချယ်တည့်
နည်းသွယ်ပုံထုတ်၊ ပညာအုပ်၍
မျက်ကြုတ်ကိုးတန်၊ ငြိုးထားရန်ကို
စွမ်းအန်မဂ်ငွေ့၊ ဖျောက်လွှင့်လှေ့လျက်
ချမ်းမြေ့ပွဲလယ်၊ မေတ္တာကြွယ်သည်
စင်ကြယ်သင်းကျော၊ ငါ့သားစော…
(ပါရမီခန်းပျို့ - ပိုဒ်-၄၇)
(ရှင်မဟာသီလဝံသ)
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment