Skip to main content

"လေ နဲ့ ရေ မှားနေသည်" "နေ နဲ့ ရေ မှားနေသည်"

အဲ့ဒီစာသားရဲ့ အနက်ကိုသိချင်လို့ပါခင်​ဗျာ

ဆရာမြို့မငြိမ်းရဲ့ ရွှေမန်းမာလာ သီချင်းကို ကိုရီးယားလို ဘာသာပြန်ချင်သူ မေးပါတယ်။ သူပို့ပေးတဲ့စာသားမှာ ရေ နဲ့ လေ မှားနေတယ်။

လေ နဲ့ ရေ မှားနေသည်

"ရွှေမန်းမာလာ"

ရေး မြို့မငြိမ်း

ဆို ဇော်ဝမ်း

ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်

ဟောတရုံ ဟောတရုံ ပန်းမျိုးစုံတဲ့ပြင်

ရွှေမန်းမာလာ ပန်းဥယာဉ် ရှုမညည်းအောင် ပင်

နှစ်ကူးရေနန်းငွေငန်းမောင်လန်းရွှင်

ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်

ဟောတရုံ ဟောတရုံ ပန်းမျိုးစုံတဲ့ပြင်

ရွှေမန်းမာလာ ပန်းဥယာဉ် ရှုမညည်းအောင် ပင်

နှစ်ကူးရေနန်းငွေငန်းမောင်လန်းရွှင်

သင်္ကြန်လေ

သုတ်ဖြူး ဆော်သွင်း အေးအေး ညှင်းညှင်း

ဂီတတွေ ဆောင်ကျဉ်းလို့ပင်

ပြောင်းသွဲ့တူယှဉ်

နွဲ့ယိမ်းကာ ဖေါ်သွေးငင်

သင်္ကြန်မာလာဖေါ်ဆွေပျော်စေချင်

သင်္ကြန်လေ

သုတ်ဖြူး ဆော်သွင်း အေးအေး ညှင်းညှင်း

ဂီတတွေ ဆောင်ကျဉ်းလို့ပင်

ပြောင်းသွဲ့တူယှဉ်

နွဲ့ယိမ်းကာ ဖေါ်သွေးငင်

သင်္ကြန်မာလာဖေါ်ဆွေပျော်စေချင်

မာကြစေ ခါရေစင် သာကြစေ ခါရေစင်

ရွှဲအောင်စိုအောင်

လောင်းပါတော့မေ ငန်းငွေ တေးနွဲ့ယဉ်

ငေးလို့နေအောင်

လှစေအမရေ တောင်းတဲ့ဆုများပင်

ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်

ဟောတရုံ ဟောတရုံ ပန်းမျိုးစုံတဲ့ပြင်

ရွှေမန်းမာလာပန်းဥယာဉ် ရှုမညည်းအောင် ပင်

နှစ်ကူးရေနန်းငွေငန်းမောင်လန်းရွှင်

ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်

ဟောတရုံ ဟောတရုံ ပန်းမျိုးစုံတဲ့ပြင်

ရွှေမန်းမာလာပန်းဥယာဉ် ရှုမညည်းအောင် ပင်

နှစ်ကူးရေနန်းငွေငန်းမောင်လန်းရွှင်

သင်္ကြန်လေ

သုတ်ဖြူး ဆော်သွင်း အေးအေး ညှင်းညှင်း

ဂီတတွေ ဆောင်ကျဉ်းလို့ပင်

ပြောင်းသွဲ့တူယှဉ်

နွဲ့ယိမ်းကာ ဖေါ်သွေးငင်

သင်္ကြန်မာလာဖေါ်ဆွေပျော်စေချင်

သင်္ကြန်လေ

သုတ်ဖြူး ဆော်သွင်း အေးအေး ညှင်းညှင်း

ဂီတတွေ ဆောင်ကျဉ်းလို့ပင်

ပြောင်းသွဲ့တူယှဉ်

နွဲ့ယိမ်းကာ ဖေါ်သွေးငင်

သင်္ကြန်မာလာဖေါ်ဆွေပျော်စေချင်

မာကြစေ ခါရေစင် သာကြစေ ခါရေစင်

ရွှဲအောင်စိုအောင်

လောင်းပါတော့မေ ငန်းငွေ တေးနွဲ့ယဉ်

ငေးလို့နေအောင်

လှစေအမရေ တောင်းတဲ့ဆုများပင်။   ။

သင်္ကြန်လေ သုတ်ဖြူး ဆော်သွင်း အေးအေး ညှင်းညှင်း

၁။ ဆိုလိုရင်း အနက်အဓိပ္ပာယ်

သုတ်ဖြူး: လေပြေလေညင်းသည် ခန္ဓာကိုယ်သို့ ခပ်သွက်သွက်ကလေး တိုးဝှေ့ တိုက်ခတ်လာခြင်းကို ဆိုလိုပါသည်။

ဆော်သွင်း: လေက တဖြူးဖြူး တိုက်ခတ်နှိုးဆော်လိုက်သဖြင့် သင်္ကြန်ကာလ ရောက်ရှိလာပြီဖြစ်ကြောင်း သတိပေး လိုက်သကဲ့သို့ ရှိခြင်းကို ဆိုလိုပါသည်။

ညှင်းညှင်း: လေတိုက်ပုံမှာ ကြမ်းတမ်းခြင်းမရှိဘဲ သာယာညင်သာစွာ တိုက်ခတ်ခြင်း ဖြစ်ပါသည်။

၂။ ရသပိုင်းဆိုင်ရာ ဖွဲ့ဆိုချက်

ဤစာသားသည် တန်ခူးလ၏ အငွေ့အသက်ကို အလွန်ပေါ်လွင်စေပါသည်။ နွေဦးပေါက်စ၊ ပိတောက်နံ့သင်းစအချိန်တွင် တိုက်ခတ်လာသော သင်္ကြန်လေသည် လူတို့၏ စိတ်ကို ကြည်နူးစေပြီး အေးမြသော ခံစားမှုကို ပေးစွမ်းနိုင်ပုံကို “အေးအေး ညှင်းညှင်း” ဟူသော စကားလုံးများဖြင့် သရုပ်ဖော်ထားခြင်း ဖြစ်ပါသည်။

မှတ်ချက်

မနေ့ကလည်း တေးဂီတပညာရှင် ဆရာဝန်တဦးက မန်းတောင်ရိပ်ခိုသီချင်းစာသားပါ 

မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့ ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူ တွေရယ် ကို နေညိုညိုလို့ လုပ်နေကြတာကို ထောက်ပြသေးတယ်။

သီချင်းစာသားတွေ တင်ထားကြတယ်။ ၈၀% - ၉၀% လောက်က သတ်ပုံရော စာသားပါ မမှန်ပါ။

မြန်မာစာ ပျက်တော့ တေးဂီတလည်း ပျက်။

လူတွေကတော့ ကြော့လို့ မော့လို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ