အခမဲ့ကူလီထမ်းခြင်းအကျိုးကို လူတိုင်းလိုလိုက ဖတ်ဘူးကြပါမယ်။ ဦးဖိုးကျားရေတဲ့စာ။ ကျောင်းတွေမှာလည်း သင်ပေးတယာ်။
စာက အင်မတန်မကောင်းတယ်။
မကောင်းတာ ရှိလာတယ်။
၁။ ဦးဖိုးကျားစာသင်ခဲ့တဲ့ ကျောင်းအမည် အပြောင်းခံထားရခြင်း။
၂။ လူအများစုက အခမဲ့ စသတ်ကြခြင်း။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၇၊ စာမျက်နှာ ၂၉၅၊ ဖိုးကျား၊ ဦး။
ဖိုးကျား၊ ဦး
ဦးဖိုးကျားသည် ကျော်ကြားသော ခေါင်းဆောင်ကြီး တဦးဖြစ်သည်။ ထို့ပြင် မျိုးချစ်စိတ် အရင်းခံဖြင့် မြန်မာအမျိုးသားများ၏ အဆင့်အတန်း တိုးမြှင့်ရေးအတွက် ခေတ်ပြင်ဆောင်းပါး၊ စာအုပ် စာတမ်းများကို ရေးသားခဲ့ သဖြင့် ဆိုခဲ့သော ကျောင်းသားသပိတ်ခေတ်မှ ဒုတိယ ကမ္ဘာစစ် မတိုင်မီခေတ်အတွင်း မြန်မာစာပေလောက၌ ထင်ရှားသော ပုဂ္ဂိုလ်တဦးလည်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားပညာဝန် ဦးဖိုးကျားဟူသော အမည်သည် နိုင်ငံနှင့် အဝှမ်း နှံ့ပျံ့ကျော်ကြားခဲ့လေသည်။
မောင်ဖိုးကျားသည် မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ် နှောင်း တန်ခူးလပြည့်၊ တနင်္လာနေ့တွင် ဟင်္သာတခရိုင်၊ နိဗ္ဗာန်ရွာတွင် ဖွားမြင်သည်။ မိဘများသည် ပရိက္ခရာကုန်သည် ဦးဖေ နှင့် ဒေါ်ဒေါင်းတို့ ဖြစ်ကြသည်။ မောင်ဖိုးကျားသည် သားချင်းလေးဦးအနက် အငယ်ဆုံး ဖြစ်သည်။ ခြောက်နှစ်သား အရွယ်တွင် နိဗ္ဗာန်ရွာ ဦးသာသန၏ ကျောင်းတွင် စတင် ပညာသင်ကြားသည်။ ထို့နောက် ကိုးနှစ်သားအရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်းရွာ ဆရာတော်၏ ကျောင်းတွင် ပညာ ဆက်လက်ဆည်းပူးရာ၊ ထိုကျောင်းက မြန်မာ ခုနစ် တန်း စာမေးပွဲနှင့် ဆရာဖြစ် စာမေးပွဲကိုပါ အောင်မြင်ခဲ့သည်။ ဆရာဖြစ်အောင်မြင်ခဲ့သဖြင့် ပုသိမ်ခရိုင်၊ အသုတ်မြို့ တွင် ခုနစ်တန်းပြ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ကျောင်းဆရာအဖြစ် ဆောင်ရွက်ယင်းမှ ပညာကို ဆက်လက် ဆည်းပူးလိုပြန်သဖြင့် ကျောင်းဆရာအလုပ်မှ ထွက်ပြီးသော် ပုသိမ်မြို့ တိုင်တရာ (စကောကရင်) ကျောင်းတွင် ပညာ ဆက်လက်သင်ကြားရာ၊ မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်တွင် ထိုကျောင်းမှ အင်္ဂလိပ် - မြန်မာ ကိုးတန်းအောင်သည်။
ကိုးတန်းအောင်ပြီးနောက်တွင် ဆန်စက်တခု၌ စာရင်းစာရေးလုပ်သည်။ သို့သော် ပညာရေးဖက်ကို စိတ်သန်နေသော ကိုဖိုးကျားသည် တိုင်တရာကျောင်းမှပင် ပညာဆက်သင်ပြန်ရာ၊ အသက် ၂၇ နှစ်အရွယ် ခရစ်နှစ် ၁၉၁၇ ခုတွင် ထိုကျောင်းကပင် အင်္ဂလိပ်မြန်မာ ဆယ်တန်းအောင်မြင်ခဲ့သည်။
ကိုဖိုးကျားသည် စာပေပညာကို ပို၍ပို၍သာ လိုလားလာသည်။ ထို့ကြောင့် ခရစ်နှစ် ၁၉၁၇ ခုတွင်ပင် ဂျပ်ဆင်ကောလိပ်၌ ပညာဆက်လက်သင်ကြားသည်။ ထိုအချိန်အထိ ကိုဖိုးကျားတွင် မြန်မာစာပေဗဟုသုတ နည်းပါးသေးသည်။ ခရစ်ယန် ဓမ္မဟောင်း၊ ဓမ္မသစ်တို့ကိုမူ နှုတ်တိုက်ရရွရွပင် ရွတ်ဆိုပြနိုင်သည်။ သို့သော် စကားအသုံးအနှုန်းကို နဘေကဗျာရန်နှင့် စပ်ဟပ်ပြောဆိုရန် ဝါသနာပါသည်။ ဂျပ်ဆင်ကောလိပ်သို့ ရောက်လာပြီးနောက်တွင် နောင်အခါ ယဉ်ကျေးမှုဌာန အတွင်းဝန် ဦးဖိုးလတ်၊ နေရှင်နယ် ဦးမြင့်တို့ဖြစ်လာမည့် ကိုဖိုးလတ်၊ ကိုမြင့်တို့နှင့် ခင်မင်ရင်းနှီးလာသောအခါ မြန်မာစာ -
ကျွန်တော်က ၁၉၉၀ ခုနှစ်အကုန်ကလည်းက ပြည်ပမှာနေရတယ်။ ၂၀၁၀ ခုနှစ်ထဲရောက်မှသာ ပြည်တွင်းမှာ 'တိုင်တရာ' ကို 'တိုင်တရာ' လို့ရေးနေမှန်းသိတော့တယ်။
၂၀၁၀၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည် ရေးသားတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျား ဆောင်းပါးမှာ ကျောင်းနာမည်ဟာ “တိုင်တရာ” လို့ရေးထားတွေတယ်။
တသက်လုံး တိုင်တရာ၊ ပန်းမျိုးတရာ၊ လမင်းတရာ၊ နှစ်တရာလို့သာ ရေးလာဖတ်လာခဲ့တာ။ တရာကို စသတ်နဲ့ရေးတာကို တသက်နဲ့တကိုယ် ပဌမဦးဆုံး ဖတ်ရခြင်းဖြစ်ပါတယ်။
ဝမ်းနည်း ခံပြင်းဘွယ်ကောင်းလေစွ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment