Skip to main content

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း






(စာသားကူးယူချက်)

ပုံ (၁) - မျက်နှာဖုံး

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ

ပညာရေးဝန်ကြီးဌာန

မြန်မာစာအဖွဲ့ဦးစီးဌာန

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

ပုံ (၂) - စာမျက်နှာ ၉၂

တကတဲ

တကာ

တကား

တကားကား

တကူးတက

တကူးတကန့်

တကပ်ကပ် မှ တဝုတ်ဝုတ်

တကပ်ကပ် (-လုပ်-)၊ တကယ်တမ်း၊ တကျကျူစီ၊ တကျက်ကျက် (-ရန်ဖြစ်-)၊ တကျည်ကျည် (-ငို-)၊ တကျည်းလွဲ၊ တကျယ်ပကတ်ပင်၊ တကြော်ကြော် (-အော်-)၊ တကြုတ်ကြုတ် (အူ-မြည်-)၊ တကွ၊ တကွဲတပြား၊ တကြွကြွတရွရွ၊ တခမ်းတနား၊ တချို့၊ တချို့တလေ၊ တချို့တဝက်၊ တခြား၊ တခြားတပါး၊ တခြိမ့်ခြိမ့် (ဆိုင်း-တီး-)၊ တချောင်းချောင်း (ချူ-မြည်-)၊ တချွတ်ချွတ် (မြည်သံ)၊ တငေးတမော၊ တငိုင်တရီ၊ တငြိမ့်ငြိမ့်၊ တစပြင်၊ တစိ၊ တစိတစောင်းကြီး၊ တစိတလှည့်၊ တစီးတစောင်း၊ တစုတရုံး၊ တစုတလုံး၊ တစေတစောင်း၊ တစိုးတစိ၊ တစောင်း၊ တစည်းတပေါင်း၊ တစည်းတရုံး၊ တစည်းတလုံး၊ တစည်းတဝေး၊ တစိမ်းစိမ်း (-ကြည့်-)၊ တစိမ့်စိမ့် (မိုး-ရွာ-)၊ တဇိမ့်ဇိမ့် (မိုး-ရွာ-)၊ တဇွတ်ဇွတ် (ထမင်း-စား-)၊ တဇောက်ကန်း၊ တညီတညွတ်၊ တညင်းပင်၊ တညင်းလုံး၊ တတိယ၊ တတန်တက၊ တတွတ်တွတ် (-ရွတ်-)၊ တထေရာတည်း၊ တထပ်ချ၊ တဒင်္ဂပဟာန်၊ တဒိတ်ဒိတ် (-မြည်-)၊ တဒုတ်ဒုတ် (-မြည်-)။

ပုံ (၃) - စာမျက်နှာ ၉၄

တဒုန်းဒုန်း မှ တပိန့်ပိန့်

တဒုန်းဒုန်း (-မြည်-)၊ တနဂ်နွေနေ့၊ တနင်္လာနေ့၊ တနှဲနှဲ၊ တနံတလျား၊ တနှုံ့နှုံ့၊ တပတ်တစိ၊ တပတ်တပါးသွား၊ တပူတဲလ၊ တပင်တပန်း၊ တပေါင်းတစည်း၊ တပေါင်းတလေ၊ တပည့်တပန်း၊ တပျော်တပါး၊ တပျင်းဆောင် (အိပ်-)၊ တပြုပင်၊ တပြက်ပင်၊ တပြောင်းပြန်ပြန်၊ တဗြုတ် (ခဲ ~)၊ တဗြုတ်ပင်၊ တဗြုတ်ဗြတ်၊ တဗိတ်ဗိတ် (-တောက်ပ-)၊ တဗုတ်ဗုတ် (-ကျ-)၊ တဗိန်းဗိန်း၊ တဗုန်းဗုန်းကျ၊ တဗျဉ်းတပါး၊ တဖျတ်တောက်တောက်၊ တဖျတ်ဖျတ် (-မြည်-)၊ တဖျဉ်းဖျဉ်း (သွေး-တက်-)၊ တဖျဉ်းဖျဉ်းလွင့်၊ တဖြူးဖြူး (လေ-တိုက်-)၊ တဖြောက်ဖြောက် (မိုး-ရွာ-)၊ တဖြောင်းဖြောင်း (မြည်သံ)၊ တဖြိုင်ဖြိုင်၊ တဖြည်းဖြည်း၊ တဖြုတ်ဖြုတ် (-ကြွေ-)၊ တဖြုန်းဖြုန်း (ကြက်သီး-ထ-)၊ တဖြန်းဖြန်း (~ပျံ-)၊ တဖွဲ့တနွဲ့၊ တဘက်ပါ၊ တဘောင်စည်၊ တဗလနီပင်၊ တဗလွန်၊ တဗေ့တဗြော၊ တဗေ့တလျော့၊ တမံတုတ်၊ တပင်တကာ၊ တမတ်စောက်စောက်၊ တမွတ်ကြီး၊ တမန်စေ၊ တမန်း (လယ် ~ ရ-)၊ တမန်းတော၊ တပိန့်ပိန့်။

ပုံ (၄) - စာမျက်နှာ ၉၅

တဖျားဖျား မှ တလွဲတချော်

တဖျားဖျား (သွားရည်-ကျ-)၊ တမြုံမြုံ (အစာ-စား-)၊ တမြက်မြက်၊ တယော (တူရိယာ)၊ တယောပင်၊ တယောင်တဆောင်၊ တရစပ်၊ တရန်းတနား၊ တရံတဆ၊ တရံရော (မူလဆွေ-)၊ တရုတ်ပင်၊ တရုတ်မက္ကော်၊ တရုတ်မက္ကူ၊ တရုတ်ဖျား၊ တရုတ်အိမ်၊ တရွေ့ရွေ့၊ တရှိုက်မက်မက်၊ တရှိုက်မက်မက်၊ တရှူရှူး၊ တရှုံ့တနွေး၊ တဝေးတပေါင်း၊ တဝေးတကြောက်၊ တဝုန်းဝုန်း၊ တဝည်ဝည်၊ တဝမ်းတခါး၊ တသမတ်တည်း၊ တသီးတခြား၊ တသီးတသန့်၊ တသွန်သွန်၊ တသွတ်သွတ် (တဖွတ်ဖွတ်)၊ တဟီးဟီး၊ တဟုန်းဟုန်း၊ တအိအိ၊ တအုံနွေးနွေး၊ တအုံတကျင်း၊ တအံ့တဩ၊ တလောကလုံး၊ တလောကလုံး၊ တလင်းပြင်၊ တလည်ပင်၊ တလွန့်တလူး၊ တလွှားတလေ၊ တလွဲတချော်။

ပုံ (၅) - စာမျက်နှာ ၉၆

တလုပ်လုပ် မှ တီထွင်-

တလုပ်လုပ် (ရင် ~ ခုန်-)၊ တလျှပ်လျှပ် (အရောင် ~ လက်-)၊ တလျှပ်လျှပ်၊ တဝတ်ဖြူ၊ တလဲလည်လည်၊ တဝုန်းဝုန်း (မြည်သံ)၊ တဝမ်းပူအက္ခရာ၊ တသီးတသန့်ကြီး၊ တသီးတခြား၊ တသီးတသန့်၊ တသွန်သွန်၊ တသွတ်တွတ် (တဖွတ်ဖွတ်)၊ တဟီးဟီးတဟားဟား၊ တဟုန်းဟုန်း၊ တဟတ်ဟတ် (ချောင်း ~ ဆိုး-)၊ တဟွတ်ဟွတ် (ချောင်း ~ ဆိုး-)၊ တအုန်းအုန်း၊ တအိမ့်အိမ့် (-မြည်-)၊ တအုံနွေးနွေး၊ တာ (တာဇနီး၊ တာတာမံ၊ တာတေလံ၊ တာပတ်ကွင်း၊ တာယာ (ကျွတ်နှင့်-))၊ တား (တားဆီး-၊ တားဆည်-၊ တားဖျက်-၊ တားမြစ်-)၊ တိ (တိစီဝရိက်သင်္ကန်း၊ တီတီကျကျ၊ တီတီပပ၊ တီတီရီရီ၊ တီတီလင်းလင်း၊ တိရစ္ဆာန်၊ တီလက်သာဆေပင်၊ တီဟိတ်ပုဂ္ဂိုလ်)၊ တီ (တီတီတာတာ၊ တီတီတွတ်တွတ်၊ တီထွင်-)။

ပုံ (၆) - စာမျက်နှာ ၁၅၀

ဒရုဏ်ကောက်ပင် မှ တခြမ်းပဲ့

၅၇၅။ ဍရင်ကောက်ပင်၊ ဍရင်ကောက်အက္ခရာ

၅၇၆။ ဎရေမှုတ်အက္ခရာ

၅၇၇။ ကကြီးအက္ခရာ

၅၇၈။ တ (တကူးတက၊ တကိုယ်တည်း၊ တကိုယ်ရည်တကာယ၊ တကောင်တမြီး၊ တကုပ်ကုပ် (... လုပ်-)၊ တကယ်တမ်း၊ တကျော့နှစ်ကျော့၊ တကျွံတည်း၊ တကျက်ကျက် (... ရန်ဖြစ်-)၊ တကျည်ကျည် (... ငို-)၊ တကျည်းလွဲ၊ တကျိတ်တည်းတကြံတည်း၊ တကျိတ်တည်းတဉာဏ်တည်း၊ တကျယ်ပကတ်ပင်၊ တကြော (ဗလူး ....)၊ တကြော်ကြော် (.... အော်-)၊ တကြိုးတည်း (.... ပြေး-)၊ တကြောင်းဆွဲပန်းချီ၊ တကြုတ်ကြုတ် (အူ.... မြည်-))

တကြွကြွတရွရွ၊ တခဏချင်း၊ တခဏပန်း၊ တခါတရံ၊ တခါတည်း၊ တခုလပ်၊ တခေါ် တမျှော်၊ တခန်းရပ်၊ တခမ်းတနား၊ တချက်စည်၊ တချက်တည်း၊ တချက်လွှတ်အမိန့်၊ တချောင်းပုဒ်၊ တခြမ်းပဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ