"စိန်ပန်းနီနီ နဲ့
အိမ်လွမ်းပြီ သူငယ်ချင်း ရဲ့
သတင်းတွေ စောင့်…"။
တနေဝင် တမိုးချုပ်ပေမယ့်
ဖိုးတုတ်တို့ ဓါးတလက်နဲ့
အရက်တွေ ကျိုက်
ကြက်တွေ ပိုက်ချိန်မို့
လမိုက်ညမှောင် စမ်းစမ်း
လမ်းက မဖြောင့်။
ရွာမိ ရွာဖတွေက
ဆုံးမလည်း မနာခံ
နှုတ်လှန်လို့ ထိုး
ရွာမနိုင် ငါကိုင်တုတ်နေကျ
ယုတ်တဲ့ အမျိုး။
ဖွတ်တွေ မိကျောင်းဖြစ်တော့
မြစ်မှာလည်း မချမ်းသာ
ရွာနာရှာပေါ့
ရွာအဝင် တမာပင်ကလေးကို
လွမ်းသော်လည်း
တလှမ်းစာ တရွာတကျေး
ဝေးက … တမော့ …
ပြေးရ … အသော့ …။ ။ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment