Skip to main content

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်

 

(မာန်လည်ဆရာတော်)

(မှတ်ရန် - မူရင်းစာမှာ သတ်ပုံတွေ မှန်တယ်။ ဝီကီ ရင်းမြစ် မှာ တင်ထားတာလည်း သတ်ပုံတွေ မှန်တယ်။ မူရင်းစာတွေကို မူရင်းအတိုင်းတင်တာ ရှားတယ်။ မူရင်းကို ကိုးကားတာ၊ ပြန်ထုတ်တာတွေမှာ သတ်ပုံမူရင်းတွေကို ထင်သလို မပြင်ရပါခင်ဗျား။)

၃ ။ ပုတ္တောဝါဒခဏ်း

၁၇၄

မိဘတို့မှာ၊ ကျင့် ကောင်းရာကို၊ ကောင်းစွာ မမှား၊ ကျင့်သော့အားဖြင့်၊ ပုဏ္ဏား ရာမ၊ ကုမ္ဘဝတီ၊ ဒဏ္ဍကီ၏၊ ပုရီ ပြည်လုံး၊ လက်နက် ဖုံးလည်း၊ မဆုံး မပျက်၊ ခြားခဲ့ ကွက်၏၊ တချက် ထိုမှ၊ အလိနသတ္တု၊ ငယ်နု ရွယ်ဦး၊ မင်းယဉ်ကြူးလည်း၊ ဘီလူး မစား၊ ဘ,စကားကို၊ ထောင်နား မခွ၊ နာတတ်လှ၍့၊ ရာမလောင်းတော်၊ ခြောက်သောင်းကျော်အောင်၊ နန်းပေါ် စံစား၊ သက် ရှည်လျား၏၊ သားကြောင့်မုချ၊ မင်းဇယလျှင်၊ ဇီဝ သက်ရှင်၊ ညာတင် ဒေဝီ၊ မဟေသီနှိုက်၊ မဒ္ဒီနတ်တူ၊ လှသမ္ဘူတို့၊ မြိုင်ငူ တောရပ်၊ အတူ ကပ်၍့၊ ရက်စပ် မချန်၊ လုပ်ကျွေးထန်လျက်၊ ဝေဿန်ဆုကြီး၊ အပြီး ရမိ၊ မင်းသောတ္ထိမှာ၊ နူနာ ပျောက်ကင်း၊ ဆွေရင်း မျိုးမြတ်၊ မှူးမတ် စိတ်ညီ၊ ဝေသာလီဝယ်၊ လိစ္ဆဝီမင်းများ၊ သိကြားသော်လျက်၊ မဖျက်နိုင်စွာ၊ ရာဇာ ဝိဒေဟ၊ ကောရဗ္ဗတို့၊ မတ်လှ မဟော်၊ ဝိဓူကျော်ကြောင့်၊ မြေပေါ်ထက်နှိုက်၊ စံဘက် မပြိုင်၊ ဂုဏ် တက်လှိုင်၏၊ ဆင်ခိုင် မြင်းကောင်း၊ သူရဲး ကောင်းမူ၊ အလောင်းတော်မြတ်၊ ဂေါဇာတ် ဇာနည်၊ မုန်ရည် သောက်စီး၊ ပေါက်ကြီး ငွေရောင်၊ ရန်မျိုး အောင်၍့၊ ပြည်ထောင် တပါး၊ မ*ချောက်ချားဘဲး၊ အများ ထိတ်ရွံ့၊ မဝံ့ ကြောက်*ကြိမ်း၊ ရန်မျိုး ငြိမ်း၏၊ ခပ်သိမ်း တိရစ္ဆာန်၊ မကျန်စေရ၊ ဂါမ ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ စရိုက် မမှား၊ ပုဏ္ဏား ရဟန်း၊ ဤကျင့်ခန်းကား၊ အောင်ပန်းရတနာ၊ မင်္ဂလာဖြင့်၊ တရာနှစ်ကျော်၊ ရွှေနန်းပေါ်ထက်၊ သက်တော် ရှည်ကြောင်း၊ ဆို ဆုတောင်း၍့၊ လူကောင်း ကြည်ညို၊ နတ်ကောင်း လိုရှင့်၊ ထိုထို အပြား၊ သရုပ်ကြားသား၊ ရှစ်ပါး အကုန်၊ ဓမ္မဂုဏ်ကို၊ မ*သုန် မ*ဖျင်း၊ မကင်းရအောင်၊ အမြဲး ဆောင်သည်။။ သားမောင် †ကျင့်ရစ်စေသတည်း။ 

('သော်တာရောင်ချ'ချည်း)

၁၇၅

ဘဝစက်ဖြင့်၊ အဆက် ရှည်စွာ၊ သံသရာက၊ ပတ္ထနာ အထူး၊ ဆုံကြဖူးကြောင့်၊ သားဦး စင်စစ်၊ ရွှေရင်နှစ်ဟု၊ အဖြစ် ကောင်း၍့၊ မင်းလောင်း ရွှေဘွဲ့၊ အတု*မဲ့အောင်၊ နှစ်ဆဲ့တသွယ်၊ စလွယ် ရွှေကြိုး၊ ထိန်ပြိုးပြိုးနှင့်၊ မြတ်နိုး ဆပွား၊ နန်း*လျာထားသည့်၊ ဘ,ဘွား သည်းချာ၊ ဥပရာ။။ မဟာဓမ္မရာဇ်၊ ဘုန်းတော် သစ်၍့၊ နေမြစ် ပီပီ၊ နေမျိုးညီလျက်၊ မဟီတလေ၊ ရေနှင့် မြေကို၊ အောင်ဇေယျာဟိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက် အောင်ပန်း၊ ဆင်မြန်း သိမ်းပိုင်၊ ရွှေနန်း ထိုင်၍့၊ *ဦးကိုင်စိုးလစ်၊ မင်းလျှင်ဖြစ်က၊ မင်းစစ် ဓမ္မတာ၊ ထုံး စဉ်လာတိုင်း၊ သစ္စာ မြင်း†မိုရ်၊ နှုတ် သံ†မှိုဖြင့်၊ မယိုမ+ယွက်၊ ထိပ်ဝယ်နှက်သို့၊ ဆောင်+ရွက် မြဲးစွာ၊ တည်စပါလော့၊ စကြာ မန္ဓာတ်၊ လေးကျွန်းပတ်သား၊ နေနတ် *စော†ဓီး၊ ဘေးလောင်းကြီးတို့၊ *ရှေး†တီး*မဆွ၊ ကျင့်ကုန်ကြသား၊ ရာဇဓမ္မ၊ မင့်းကိစ္စနှင့်၊ ထိုမျှ အပြား၊ ကျင့်တရားကို၊ ငါ့သား သည်း†အူ၊ စွဲးမှတ်မူ၍့၊ ဦ†ဦ သောင်းသောင်း၊ သစ်-အဟောင်းတိ၊ အပေါင်း *ပေါယယ်၊ *ဗိုလ်နိကာယ်တို့၊ လေးသွယ် မျိုးပြား၊ ရွှေပြည်သားနှင့်၊ တပါးတိုင်းနေ၊ *အကြေ အညာ၊ ရောက်လာကုန်ကြ၊ ပရဒေသီ၊ ဟူပြီ တသင်း၊ အတွင်းနှင့် ပြင်၊ ထွက်-ဝင် နီးစပ်၊ အရပ်†ရပ်က၊ ကပ်†ယပ် ထိုထို၊ ဘုန်းရိပ် ခိုအား၊ ဗြဟ္မစိုရ်ချုပ်၊ ထီးနှယ် အုပ်လျက်၊ ပိုက်ထုပ် †ကြင်နာ၊ ကရု†ဏာဖြင့်၊ “မဟာသတ္တ၊ နိဂြောဓဟု၊ မိဂ*သနင်း၊ သမင်မင်းလျှင်၊ ဝမ်းတွင်း တည်နေ၊ သန္ဓေ တသက်၊ မိ တ†သက်ကြောင့်၊ ကိုယ့်†သက် ကြည်ဖြူ၊ စွန့်တော်မူသို့၊ ပြည်သူမျာ့းတွက်၊ ကိုယ့်အသက်လည်း၊ ငဲ့ကွက် မညှာ၊ စွန့်အပ်စွာ၏၊”လူဝါ လူရှုပ်၊ *ပြင်းဟုပ် *ညဉ့်ငှက်၊ သူသွမ်းသွက်နှင့်၊ သူပျက် သူလောင်၊ ပြည်ငြောင့်ကောင်ကို၊ နေရောင် ပိုးစုန်း၊ ဖျောက်လွှင့် *မှုန်းသို့၊ နှိုင်း*နှုန်းသဖွယ်၊ ဘုန်းတော် ပယ်၍့။။ ဘုန်းကွယ် ညှိုးပျောက်စေဘိလော့။ 

(ဤဗြဟ္မစိုရ်ချုပ်စသော စကားသည် ဓမ္မိကဘုန်းဂုဏ်ကို ပြလို၍့ ဆန့်ကျင်ဘက်ကို ပြသော 'ဝိရောဓိတာလင်္ကာရ'မျိုးတည်း။)

၁၇၇

ထိုပြီ့း တခြား၊ မျိုးလေးပါးတို့၊ အများ ကျင့်တမ်း၊ သင်္ဂြီုဟ်လမ်းလည်း၊ ပေးကမ်း တသွယ်၊ ချစ်ဘွယ် တပါး၊ စီးပွား တခု၊ ကိုယ်တူ ပြုဟု၊ စတု သင်္ဂဟ၊ ကျင့်ဓမ္မနှင့်၊ မခွ တရံ၊ လွန်မြဲးမြံလျက်၊ သည်းခံ နိုးကြား၊ သနား ထကြွ၊ နိစ္စမသွေ၊ ခွဲးဝေ ရှုတတ်၊ ခြောက်ပါး မှတ်သား၊ သူမြတ်တို့ဂုဏ်၊ ကျေးဇူးဟုန်လည်း၊ *မသုန် ကျင့်ထ၊ ပြည့်စေမှတည့်၊ ဒသဝတ္ထု၊ လှူမှု ကြီး-ငယ်၊ ငါး-ဆယ် သီလ၊ နိယမနှင့်၊ စာဂတရား၊ ဖြောင့်သား နူးညံ့၊ ခြိုးခြံ့ ဥပုသ်၊ မျက်ကြုတ် မလို၊ သူ့ကို မညှဉ်း၊ ပြော့ပျဉ်း သိမ်းဆည်း၊ သည်းညည်း ခံချိ၊ မယှိ ဆန့်ကျင်၊ ဆယ်ပါးတွင်သည့်၊ ဤလျှင် ရာဇဓံ၊ ကျင့်ထုံးစံလည်း၊ တရံ မပြတ်၊ မြဲးစေတတ်လော့၊ အမှတ် တဝ၊ ဤလောကနှိုက်၊ လုံ့လ အားကြိုး၊ စိုက်ပျိုးတုံပြီး၊ ပွားစည်*ဖြီးလျက်၊ ပွင့်-သီး ရောင်လှ၊ ချိန်ခါ ကျ၍့၊ မှည့်မှ ဆွတ်လှည့်၊ လိမ္မာပြည့်သား၊ ဥယျာဉ်သည့်လား၊ သူ၏့သားကို၊ မွေးစား ဆန်း†ကြယ်၊ ကြီးပွား *ကယ်သည့်၊ န†ကျယ်တို့နည်း၊ *နိဿယည်းလည်း၊ သိမ်းဆည်း ယူမှတ်၊ စွဲးတတ်စေလော့၊ ယုတ်-မြတ် များစွာ၊ လူတို့မှာလျှင်၊ ကမ္ဘာဦးက၊ ခုတိုင်ကျအောင်၊ စိုးရ*သနင်း၊ မင်းတို့ အုပ်ထ၊ စောင့်ရှောက်ကြ၍့၊ ထိုမျှ သီးသီး၊ ငယ်-ကြီး နိုင်ထက်၊ မနှိပ်စက်ဘဲး၊ ငြိမ်သက် ချမ်းသာ၊ သက်မွေးကာလျှင်၊ အိမ်ရာ တည်†ကျ၊ နေနိုင်†ကြ၏၊ “ဉာဏ နည်းသူ၊ ရှင်-လူ အချို့၊ သူမိုက်တို့ကား၊ ဤသို့ အထူး၊ မင့်းကျေးဇူးကို၊ ကြည်နူး မသိ၊ ငြူစူဘိ၏၊ ဗာလိ ဗာလ၊ ပေါများစွရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ စိစစ်တတ်သူ၊ နည်းစွ ဟူ၏၊”ဟူစေ*တပံ့၊ ခိုင်ခံ့ မညွတ်၊ သွေမလွတ်လင့်၊ အိမ်ထွတ်*တပြေး၊ ရှောက်ခွံနွေးနှင့်၊ မင်းရေး လိမ္မာ၊ ညွန်နှိုက် ကြာသို့၊ ပမာ မချွတ်၊ မင်းတို့ဝတ်ကို၊ မလွတ်သ†ဖြင့်၊ သားမောင် ကျင့်မှ၊ *တ†ဖြင့် တပါး၊ လွင့်ရှား မစဉ်၊ ပုပ်မကျဉ်ဘဲး၊ ဓမ္မ ဉ္စရ၊ ဂုဏ *ဖြိုးမြင့်၊ တန်းခိုး လွှင့်၍့၊ တိုင်းပွင့် ပြည်သာ၊ လွှံ့*ကြေညာဖြင့်၊ တေဇာ နှုန်းချိန်၊ နေသူရိန်သို့။။ ဘုန်းရှိ တိုးတက်စေဘိလော့။။ 

ကောက်ချက်

အခုခေတ်မှာ ကျောင်းသုံးစာအုပ်တွေနဲ့ ပြန်ထုတ်စာအုပ်တွေပါ မူရင်းသတ်ပုံတွေကို ပေါ်လစီသတ်ပုံတွေနဲ့ ပြင်သုံးနေကြလို့ AI ပါ လိုက်မှားကုန်ပြီ။ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ