"မိသားစု ပျော်ရွှင်းပွဲး"
"ပျော်ရွှင်ပွဲ" ရေးတာ မှားနေကြောင်း ထောက်ပြတဲ့ပုံတခု ပို့ပါတယ်။
ကျေးဇူး။
စာရေးတာတွေ မှားနေကြောင်း တင်ပြတဲ့အခါ
တချို့က ကလေးတွေထင်တယ်တဲ့။
မဟုတ်ပါ။ ကျန်းမာရေးမေးခွန်းမေးသူတွေ အသက်-ကျား-မ သိရတယ်။ ကလေးတွေ မဟုတ်ပါ။
တချို့က ပညာနည်းလို့နေမှာပါတဲ့။
မဟုတ်ပါ။ ကျန်းမာရေးမေးခွန်းမေးသူတွေ အသက်-ကျား-မ သာမက တချို့ဆို ရာထူးတာဝန်တွေကိုပါ သိရတယ်။
တချို့က အလွယ်ရေးတာထင်ပါသတဲ့။
မဟုတ်ပါ။ "ရွှင်" ကို ဝစ္စပေါက်အပိုပါ ထည့်ရေးတာ ပိုမလွယ်ပါ။ "ပွဲ" မှာလည်း ဝစ္စပေါက်အပိုပါ ထည့်ရေးတာ ပိုမလွယ်ပါ။
တချို့က "ကောင်းမှု" ကို "ကောင်းမှု့" လိုရးကြတယ်။ ကုသိုလ်အပိုမရပါ။
အောင်မြစ်ရောဂါစာထဲမှာ အမှားသက်သေတွေ အများကြီး တင်ပြထားပါတယ်။
တချို့က "မန္တလေး" ကို "မန်းလေး" တဲ့။ မန္တလေး စာဖြစ်အောင် ၅ ချက်ရိုက်ရပြီး "မန်းလေး" ဖြစ်အောင် ၇ ချက်ရိုက်ရတယ်။
ရမ်းပြော၊ ရမ်းဝေဘန်၊ ရမ်းပြီး အကောင်း အဆိုးပြောတာတွေက မှန်လေ့ မရှိပါခင်ဗျား။
"အများစုက သူငယ်တန်းအဆင့်သာရှိတဲ့စာကို မှန်အောင် မရေးတတ်ကြပါ"
ဒေါက်တာတင့်ဆွေ

Comments
Post a Comment