စကားမစပ် လို့ ရေးရတယ်။
စကားမစပ် = စကားအဆက်အစပ်မရှိ ပါဘဲလျက်။
စကားမစပ် တရားခံရဲ့ ညဝတ် အင်္ကျီတို့ဘာတို့မှာကော ဘာများတွေ့ရသေးသလဲ။
စကားမစပ် (စသတ်ဖြင့်): "စပ်" ဆိုတာက အဆက်အစပ်၊ အချိတ်အဆက်ကို ဆိုလိုတာပါ။ ပြောလက်စ စကားနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တခြားအကြောင်းအရာသစ်တခုကို လွှဲပြောင်းပြောဆိုချင်တဲ့အခါ “စကားမစပ်...” လို့ သုံးရတာ ဖြစ်ပါတယ်။ (By the way ဟု အင်္ဂလိပ်ဘာသာဖြင့် သုံးနှုန်းသကဲ့သို့ ဖြစ်ပါသည် ဆရာ။)
စကားမဆက် (ကသတ်ဖြင့်): "ဆက်" ဆိုတာက ရှေ့ကအကြောင်းအရာကို ဆက်လက်လုပ်ဆောင်တာ၊ ချိတ်ဆက်တာကို ဆိုလိုပါတယ်။ "စကားမဆက်တော့ပါဘူး" (စကား ဆက်မပြောတော့ပါဘူး) ဆိုတဲ့ နေရာမျိုးမှာသာ သုံးနိုင်ပါတယ်။
မှတ်ချက်
ဒါနဲ့စကားမစပ်
စောစောဘာမှမပြောသေးဘဲ စောစောကပြောသလိုဘဲ တဲ့။
ဆိုတဲ့အသုံးစကားတွေကို တချို့က နှုတ်ကျိုးနေကြတယ်။
ခဏခဏတွေ့ရတယ်။ မေးကြလွန်းလို့ တဲ့။ မေး မမေး တော့ မသိပါ။
တချို့လည်း ငါမပြောဘူးလား တဲ့။ ပြော မပြော မသိပါ။
တချို့လည်း ဘာမဆိုင်ညာမဆိုင် သုံးချင်တဲ့ ဘန်းစကားတွေ ထည့်ပြောကြတယ်။
တိုင်ပတ်
ဂျင်း
မွင်းဂါး သိပ်မစားကြတော့။
By the way ကိုတော့ သမတစောင်း ဂျိုးဘိုင်ဒင် ကလည်း ပြောလေ့ရှိတယ်။
ထရမ့် ကတော့ ကလေးတွေ စကားနိုင်လုနေသလို ပြောတယ်။
ထရမ့်ရဲ့ စစ်ဝန်ကြီးလုပ်သူကတော့ အလယ်တန်းကျောင်းသားအဆင့် ကျဘမ်းပြောပွဲမှာ ပြောနေသလို။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment