မနေ့တနေ့က စတာ မဟုတ်ပါ။ မြန်မာစာ၊ သုတစာရေးတာ ၁၅ နှစ်ရှိပါပြီ။
၂။ ဦးဖေမောင်တင်နဲ့ဦးဘေမောင်တင် ဘယ်စာလုံးပေါင်းကအမှန်လို့သတ်မှတ်ရမလဲဗျ။ကျွန်တော့်မှာရှိတဲ့စာအုပ်ကတော့ ဦးဖေမောင်တင်လို့ စာလုံးပေါင်းထားလို့ပါ။
ပုံနှိပ်မူမှာ ဘေ နဲ့ ဖေ ၂ မျိုးလုံးတွေ့ရပါတယ်။ အခုစာအုပ်က ထုတ်တာစောလို့ ဦးဘေမောင်တင် လို့ရေးတာက အမည်ရင်း ဖြစ်မလား စဉ်းစားမိပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် နဲ့ ကိုယ့်ကိုယ်ကို နေ့လည် နဲ့ နေ့လယ် အိပ်ရာ နဲ့ အိပ်ယာ အခုတလော အသုံးများနေပြီး စာလုံးပေါင်းသတ်ပုံ သံသယရှိနေလို့ပါ ဆရာ စစ်ပေးပါဦးခင်ဗျ
ကိုယ့်ကိုယ်ကို ၁၅ ခါလောက်၊
နေ့လယ် အခါ ၂၀ လောက်၊
အိပ်ရာ ၁၀ ခါလောက် တင်ပြထားပါတယ်။
၄။ ဆရာ့စာတွေ ဖတ်နေရင်းက တစ်ခု(တခု) သတိပြုမိတာလေး တခုခုအပြောမှာ ဒါမှမဟုတ် အရေးမှာ …..သောပဲ…တို့ သောလေး တို့ စတဲ့ မြန်မာစကားအသုံး အရေးတွေ ခုနောက်ပိုင်းမှာ တွေ့ရတာများလာသလို ဖတ်ရ မြင်ရ ကြားရတိုင်းလည်း ဘာလို့အဲ့လို မဆုံးသေးတဲ့ စကားလုံးနဲ့ အဆုံးသပ်ပြီး ရေးနေ ပြောနေကြသလဲဆိုတာ သိချင်လို့ ပါ နမူနာအားဖြင့် ချစ်သောလေးတို့ရေ တို့ ကျမချစ်ရသောလေး ရေ တို့ ချစ်သောပဲ တို့ ဘာတွေဖြစ်မှန်းမသိကို ဖြစ်နေကြတော့တာဆရာရေ ကျေးဇူးပြုပြီး အသုံးလေးတွေ ရှင်းပြပြောပြပေးစေလိုပါတယ်။
၂ ခါလောက် တင်ပြထားပြီး။
မဟုတ်မှန်ကြောင်းကိုလည်း လူတိုင်းကသိကြတယ်။
ရေးနေသူတွေမှာ အထင်ကြီးခံ၊ အာရုံစိုက်ခံချင်ကြတဲ့ စိတ်အခြေအနေတတခုရှိကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment