ကွန်မင့်များ
• ဝါချည်ပင်ကအစေ့ကို အပင်ဖေါက်ထားသော ဝါစေ့ပင်ပေါက် စားကြည့်မှ အရသာရှိလှပါတယ်။
• မစားရတာ ကြာပြီ။
• ဆရာ ကျနော်လည်း ခုမှစားဘူးတာပါ အရသာရှိတယ်ဆရာ။
• ဆရာက ငယ်ငယ်လေးကတည်းက အမေချက်ကျွေးတာကို စားခဲ့ရတယ်။
• ဟုတ်လားဆရာ။ ဆူးပုပ်ကလေးရယ် ကစွန်းရွက်ပါထည့်ပြီး ရေလည်ဆီလည် ချက်ချက်ကျွေးတာဆရာ။
ကျွန်တော်ငယ်ငယ်လေးတုန်းက မုံရွာမြို့က ဝါစက်ဝင်းကြီးတခုထဲမှာ ခဏတာနေခဲ့ရဘူးတယ်။ ဝါစေ့တွေ တောင်ပုံရာပုံပေါ် တက်ဆော့ရတယ်။
အဲဒီကနေ ရတနာပုံရပ်ကွက်ရောက်ကတည်းက အမေချက်ချက်ကျွေးတဲ့ ဝါစေ့ပင်ပေါက်ဟင်းစားရတာ အခုထိအမှတ်ရတယ်။ အနံ့နဲ့အရသာကို ခုထိစွဲလမ်းမိတယ်။
ဟုတ်တယ် ဆီလည်ရေလည်၊ နနွင်း (ဆနွင်း) ဝါဝါမှာ ငရုပ်သီးလေးပါ၊ မိုးအေးအေးလည်း စားကောင်း၊ နေပူပူမှာလည်း ထမင်းမြိန်ပါတယ်။
အမည်နာမအဆန်းတွေနဲ့ ရောင်းချတဲ့ခေတ်မှာ ရိုးရိုးသားသား မူရင်းအမည် ဝါစေ့ပင်ပေါက်၊ မြေပဲပင်ပေါက် မန်ကျည်းရွက်သုပ် စားရသူတွေ နေကောင်းကြပါစေ။
ဝါစေ့ပင်ပေါက် မမြင်ရ၊ မစားရတာ ၃၆ နစ်နှစ်ကြာပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment