မြို့သာမှာရိုက်တဲ့ ကျွန်တော်တို့ သားသမီးငါးယောက်ပုံဖြစ်ပါတယ်။
ဓါတ်ပုံသက်တမ်း (၁၉၇၆- ၂၀၂၆) ရာစုနှစ်တဝက်ရှိပြီ။
ဓါတ်ပုံ ခေါက်ရိုးကျိုးနေပြီ။ စစ်ထောက်လှမ်းရးမသိအောင် ခေါက်သိမ်းထားခဲ့ရတာ။
စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလုပ်လို့ တိုင်းပြည်ကနေထွက်ပြေးရစဉ်က မိသားစုဓါတ်ပုံတွေကအစ မိသားစုကို အန္တရာယ်ပေးစရာ သက်သေခံပစ္စည်းအဖြစ် မှတ်ယူခံရတတ်လို့ ဓါတ်ပုံတွေကို လေးခေါက်ချိုးချိုးပြီး ဝှက်ထားခဲ့ရပါတယ်။
ကျွန်တော်တို့လို ခါးကျိုးအောင်ခံရတဲ့ မိသားစုတွေ အလွန်များတယ်။
ခေါက်ရိုးကျိုးက အမျိုးမျိုး။
တချို့က လူကတော့ ဒီလူ၊ ဝတ်စုံ အသစ်။ စာအုပ် အသစ်၊ သတ်ပုံကလည်း အသစ်။
တချို့က မျိုးရိုးစဉ်ဆက်ကို သိမ်းဆည်းထားရကောင်းမှန်း မသိကြ။ အမျိုးရင်းကို တန်ဖိုးမထား၊ ဒွေးတော်ပဲ လွမ်းကြသူတွေ များတယ်။
ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၁၇
၁၉-၄-၂၀၂၆

Comments
Post a Comment