Skip to main content

We're all in the same boat အရေအတွက်ပါ စကားပုံများ

ကံကောင်းရင် တချက် ကံမကောင်းရင် တသက်

ကင်းခြေများ ခြေတချောင်းကျိုး၍ အသွားမပျက်

ကမာ္ဘလဆန်းတရက်နေ့က ကြားရသည့်သတင်း

ကွန်တချက် ဟင်းတခွက်

ကွမ်းတရာညက်၊ ဆေးတဆုံကျွမ်း

ကျွန်ယုံ တဘက်ကန်း၊ သားသမီးယုံ စုံလုံးကန်း

ကျွန်ပေါင်တရာ ကျွဲမှာတခြံ

ကုသိုလ်တပဲ ငရဲတပိဿာ

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး

ကျားမရဲ တစ်သည်၊ လူမရဲ ဟစ်သည်

ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်

ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်

ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်

ဆန်တအိတ်နဲ့ ဆိတ်တကောင်

ဆရာ့ထက် သားတလကြီး

တခါလာလည်း မဲပြာပုဆိုး

တခါသေဖူး ပျဉ်ဖိုးနားလည်

တတက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်

တပင်လဲမူ တပင်ထူ

တခြုံကွယ် တမယ်မေ့

တမိပေါက် တယောက်ထွန်း

တရွာ တကျီဆောက်

တရွာမပြောင်း သူကောင်းမဖြစ်

တလ ကိုးသီတင်း

တလုတ်စားဖူး သူ့ကျေးဇူး

တနေ့တလံ ပုဂံဘယ်ရွေ့မလဲ

တယောက်စကား တယောက်နား

တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်

တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရ

တလှေတည်းစီး တခရီးတည်းသွား

တနွယ်ငင် တစင်ပါ

တနှစ်တခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း

ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်

နဂါးတို့မျက်စောင်း အကြောင်းသုံးပါးမရွေး

ကြွက်သေတခု အရင်းပြု

ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ

မင်းနားတထောင် မင်းမြှောင်တသိန်း

မီးစတမှုတ် ရေတမှုတ်

ပြည်ပန်းညိုချိုပါလျက် ဆားတပွင့်ကဖျက်

ပြဒါးတလမ်း သံတလမ်း

ရုံးတရုံး ဓါးတစင်း

ရည်းစားတထောင် လင်ကောင်းတယောက်

ရှင်ဘုရင်တခါထွက် ပဲကြီးတလှေချက်

လူတကိုယ် အကြိုက်တမျိုး

လူပျင်းလုံ့လ တခဏ

သံသေ တဆွေဝ ပြဒါးသေ တပြည်ဝ

သစ်တပင်ကောင်း ငှက်တသောင်းခို

သမင်ဆယ်လှမ်း ကျားတလှမ်း

သမီးတကောင် နွားတထောင်

အိမ်တဆောင် မီးတပြောင်

အမေတခု သားတခု

အမေပြောတော့တလ မယားပြောတော့ တည

ခွေးရူးကောင်းစား တမွန်းတည့်

ချော့တခါ ခြောက်တလှည့်

တောင်းတလုံးနဲ့ အလုပ်မဖြစ်

ကြွေတလက်၊ ကြက်တခုန်

ကြောင်တသက် ကြက်တမြုံ

ရေစီးတခါ ရေသာတလှည့်

လှေနံ နှစ်ဖက်နင်း

နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်

နှုတ်တရာ စာတလုံး

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ