ပိတ်ထားတဲ့ ကွန်မြူနစ်တရုပ်ရဲ့ မဟာတံခါးကြီးကို ဖွင့်နိုင်ခဲ့စဉ်က နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာက နာမည်ရတယ်။
အကြီးအကျယ်စစ်ခင်းခဲ့ပြီး အရှုံးနဲ့သာရင်ဆိုင်ရတဲ့ အမေရိကန်ဟာ ဗီယက်နမ်ကို နှစ် ၂ဝ ကြာတော့ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့တာ သမတကလင်တန် လက်ထက်မှာ။
ဆိုဗီယက်ယူနီယံရဲ့ ဒုံးပျံချထားမှုနဲ့ စီအိုင်အေရဲ့ မအောင်မြင်တဲ့ ဝက်ပင်လယ်အော်စစ်ဆင်ရေးတွေပြီးတော့ ကွန်မြူနစ် ကျူဘားရဲ့ လေဆိပ်မှာ အဲယားဖို့စ်ဝန်းနဲ့ ဆင်းနိုင်တာက သမတအိုဘားမား။
အခုတခါ ဒုံးပျံတွေ တသီတတန်းစမ်းပြီးခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို ဒေါ်နယ်ထရမ့်က စီအိုင်အေဒါရိုက်တာကို လွှတ်ပါတယ်။ အခုဆို အဆင့်တွေတက်လာပြီ။
သင်ခန်းစာတွေကတော့ရှိ။ ယူသော်ရ၏။
လက်နှစ်ဘက်နဲ့တီးမှသာ လက်ခုပ်မြည်တယ်။
မြန်မာပြည်မှာ လက်တွေက အများကြီး။ လက်ခုပ်တီးသံမကြားရပဲ သေနတ်သံတွေ ဗုံးသံတွေသာ ကြားရတယ်။
လက်နှစ်ချောင်းနဲ့ လေချွန်လို့လည်း ရတယ်။
ဘယ်တော့ လေချွန်အားပေးချိန်ရောက်ပါ့မလဲ။
How to Whistle with Your Fingers လေချွန်နည်း https://www.youtube.com/watch?v=G8Oz_ELAjNg
ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၁၈
Comments
Post a Comment