Skip to main content

ဆားထောင်း

ဆားသာမက

အစုံထည့်ထောင်းထားပါသည်။
အစက မသိပါ။
ငပိလည်းမြင်ရ၊ ဆီလည်းတွေ့လိုက်ရ။
ပုစွန်ခြောက်တော့ ပါပုံမရပါ။
ငရုတ်သီးထောင်းလို့ ရိုးရိုးလေး ခေါ်သင့်သည်။
အခုခေတ်မှာ နာမည်နဲ့ ရောင်းကောင်းနေကြသည်။
နာမည်ကို ဝယ်စားကြသည်။
ပုံပြ ရောင်းစားကြသည်။
ပုံတွေ အမည်တွေနဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး လုပ်နေကြသည်။
AI ခေတ် အလုပ်ဖြစ်ကြသည်။
ပုံအတွက် ကျေးဇူး + ဆေားရီး။
ဆားထောင်း ဆားထောင်းတွေကို ခဏခဏတွေ့ရဖန်များလှလို့ ဖွင့်ကြည့်ပါသည်။
ခါတိုင်းတော့ ဗီဒီယိုတွေကို ကြည့်လေ့မရှိပါ။
တခြားအမည်ဆန်းတွေကလည်း အဲလိုသာဖြစ်ကြမည်ထင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments