ထမင်းပူပူလေးနဲ့လို့ နေ့တိုင်း တွေ့ရတယ်။ ဘယ်စားစရာဖြစ်ဖြစ်။
တွေ့ရဖန်များတော့ ရိုးလာပြီ။
သူတို့ဟင်းတွေက
ထမင်းအေးနဲ့စားရင် အရသာနည်းမယ်ဆိုတဲ့ အပြော။
သိပ်စားမကောင်းလောက်ဆိုတဲ့ အရေး။
အညာက တောရွာတွေမှာ မနက်ထ ထမင်းကြမ်း စားရတယ်။ ဖြစ်နိုင်ရင် ထမင်းကြမ်း ကြော်စားရပြီး တခါတခါ လယ်ထွန်ချိန်မီအောင် ထမင်းကြမ်းခဲသာ လွေးကြရတယ်။
ကျွန်တော့်ဇာတိရွာမှာ ထမင်းကြမ်းလှုံ့တယ်လို့ ခေါ်ပါတယ်။
တခါတလေ ထမင်းအေးနဲ့ ဟင်းပူပူလည်း စားကောင်းတာဘဲ။
တောမှာက ရေခဲသေတ္တာ မရှိ။ ထမင်းပေါင်းအိုး မရှိ။ ထင်းက ရှားသေး။
ဖေ့စ်ဘွတ်က စားစရာတွေကိုလည်း လက်လှမ်း မမီပါ။
မြို့မှာကော မီးလာတာ မှန်ရဲ့လား။
တချို့က ထမင်းသိပ်ပူနေရင် မြန်မြန်မစားရလို့ စိတ်တိုကြတယ်။
ထမင်းက ပူ၊ ဟင်းက ပူ၊ ဗိုက်က ဆာ။
ဆိုစကားတခု ရှိတယ်။ ထမင်းကြမ်း ယပ်ခတ်စား တဲ့။
ပူပူ အေးအေး စားကောင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment