မိတ်ဆွေတဦးရဲ့ မက်ဆေ့ချ် = ကောင်းတယ် ဆရာ စာပေကတော့ ပျက်မှာပဲ ဆရာရေ .. နိူင်ငံတော် အဆင့် မလုပ်နိူင်လို့ကတော့ ပျက်မှာ ဆရာတို့လို တပိုင်တနိူင် ပြောနေရုံနဲ့ တိုးပေါက်ဖို့ မလွယ်ဟုတ်။
ကျွန်တော် သတ်ပုံစာရေးတာ ၁၀ နှစ် ၁၅ နှစ်ရှိလာတော့ ၁၀-၁၅ ယောက်လောက် မှန်လာတာ တွေ့ရတယ်။
ကျွန်တော်က နိုင်ငံရေးထဲမှာ နှစ် ၃၀ ပါခဲ့သူ။ အစကတော့ ၂ နှစ်နေရင် ဒီမိုကရေစီရမယ်လို့ အင်တာဗျူးတခုမှာပြောခဲ့သူ။
(၂၀၁၂ - ၁၉၉၀) = ၂၂ နှစ်နေတာ တမတ်သားရတယ်။
မြန်မာစာမှာ ဖုတ်လေတဲ့ငပိအဆင့်ကနေ တက်လာတယ်လို့ ထင်ပါတယ်။
ငပိနံ့လေး ရတာကိုး။
မြန်မာစာအတွက် တမဲရလည်း အနိုင်ဘဲဗျ။
မနေ့က တမဲတိတိရရှိတယ်။
Smile! No smile!
၅ နှစ်တာကာလတုန်းက ပြည်တွက်မှာနေတဲ့ အထက်အထိပေါက်တဲ့ ငယ်သူငယ်ချင်းတယောက်နဲ့အတူ မြန်မာစာအရေး တင်ကြမယ် လုပ်ခဲ့သေးတာ။ ကံက မလိုက်ပါဘူးဗျာ။
မြန်မာစာ ကံကောင်းလာပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment