Skip to main content

ဇေယျာကမ်းအလှပန်းချီ

တေးရေး စန္ဒရား လှထွတ်

ရီရီသန့်

ရေဇလာနဒီ

သေလာမဟီ ဇေယျာပြည်

စစ်ကိုင်း​တောင်

တခွင်လုံး ဝန်းပတ်ရံ လည် 

ပုထိုးဘုရားစေတီ

ဘိုးဘွားအမွေတည်

အကျိုးပွားစေရည်

တည်ထားနှစ်များ ကြာရှည် 

တမျှော်တခေါ်သာပဲ

ရှုလို့မဆုံးတော့ပြီ

ရေဇလာနဒီ

သေလာမဟီ ဇေယျာပြည်

စစ်ကိုင်းတောင်

တခွင်လုံး ဝန်းပတ်ရံလည် 

ပုထိုးဘုရားစေတီ

ဘိုးဘွားအမွေတည်

အကျိုးပွားစေရည်

တည်ထားနှစ်များ ကြာရှည် 

တမျှော်တခေါ်သာပဲ

ရှုလို့မဆုံးတော့ပြီ

ဆောင်းတွင်းပန်း ပွင့်လန်းဝေစီ

တင့်ဆန်းပေသည်

မကြွေစေချင်ပါပြီ

အိုလေး လှပုံ ထူးပါလို့

သင်းပျံ့ ဆင်းရနံ့ချီ

တောင်လုံးမြိုင်လုံး

ကြိုင်မဆုံးဝေဆာသည်

ဧရာဝတီ ခွေကာလည် 

ရစ်သန်းလို့သာ စီးဆင်းသည်

စစ်ကိုင်းတောင်တော်မဟီ

သဘာဝအလှအပတွေနဲ့

ကြည်နူးမဆုံးပါပြီ

ဘယ်ဝယ်ဆီ

တမ်းတကာ မှန်းဆကာ လွမ်းရပါမည်

ဘယ်ဝယ် ဘယ်ဝယ်ဆီ

တမ်းတကာ မှန်းဆကာ လွမ်းရပါ့မည်

အို မသိနိုင်ဘူး အတည်

ငှက်အသွင် တောင်ပံဖြန့်ချီ

အထက်တခွင်

တောင် ကမ်းပါးယံ အနှံ့ဆီ (ဂဘယံ)

အိုလေးလေး မျှော်မဆုံး

သေလာဗွေမဟီ

အိုလေးလေး မျှော်မဆုံး

ဧ ဧရာဝတီ

နေခြည် အနွေး

ထုံးဖြူဖြူ ဖွေးပါတဲ့

စစ်ကိုင်းတောင်

ဇေယျာ ကမ်းအလှ ပန်းချီ

ဧရာဝတီ ရေဇလာနဒီ

မြစ်ရေဖွေးဖွေးဝယ်

ငှက်သမ္ဗန်လှေကလေး စီးကြမည်

သောင်ယံဆီ ဪ တောင်ပံချီ

ခွန်းချို တေးဖွဲ့သီ

ငှက်မောင်နှံ ပျော်မြူးကြပြီ

စစ်ကိုင်းတံတားဘက်ဆီကို

သူလာမလားလို့ မျှော်မှန်းမိသည်

အဝေးဘယ်ဝယ်ဘယ်ဆီ

မောင်ရောက်နေပြီလည်း မေမသိတော့ပြီ

ကမ္ဘေကမ္ဘာအတည် 

ရေဇလာနဒီ ဧရာဝတီ

သက်သေညွှန်းဆိုပြုရည်

နောက်တခါမှာ အတူဖူးပါရစေ 

ဧရာဝတီ ရေဇလာနဒီ

မြစ်ရေဖွေးဖွေးဝယ်

ငှက်သမ္ဗန်လှေကလေး စီးကြမည်

သောင်ယံဆီ ဪ တောင်ပံချီ

ခွန်းချို တေးဖွဲ့သီ

ငှက်မောင်နှံ ပျော်မြူးကြပြီ

စစ်ကိုင်းတံတားဘက်ဆီကို

သူလာမလားလို့ မျှော်မှန်းမိသည်

အဝေးဘယ်ဝယ်နယ်ဆီ

မောင်ရောက်နေပြီလည်း မေမသိတော့ပြီ

ကမ္ဘေကမ္ဘာအတည် 

ရေဇလာနဒီ ဧရာဝတီ

သက်သေညွှန်းဆိုပြုရည်

နောင်တခါမှာ အတူဖူးပါရစေ 

ဘယ်ဝယ်ဆီ

တမ်းတကာ မှန်းဆကာ လွမ်းရပါမည်

ဘယ်ဝယ် ဘယ်ဝယ်ဆီ

တမ်းတကာ မှန်းဆကာ လွမ်းရပါ့မည်

အို မသိနိုင်ဘူး အတည်

ငှက်အသွင် တောင်ပံဖြန့်ချီ

အထက်တခွင်

တောင် ကမ်းပါးယံ အနှံ့ဆီ 

အိုလေလေ မောင်ဖုန်း မြင်စေချင်သည်

အိုလေလေ မောင်ဖုန်း မြင်စေချင်သည်

နေ ခြည် အညှိုး

ဘုရားစေတီ ပုထိုး ​တွေနဲ့

စစ်ကိုင်းတောင်

ဇေယျာ ကမ်းအလှ ပန်းချီ။   ။

https://wwwfacebookcom/100079109154257/videos/3392297317711966

သီချင်းစားသားတွေ မှန်တာက အတော် (အတော်ကို) ရှားတယ်။ ဒီသီချင်းနောက်ခံကစာသား မဆိုးလှပါ။ အရင်တွေ့တာတွေထက်တော့ မှန်တယ်။ အကုန်တော့ မမှန်သေးပါ။ ကာရာအိုကေဆိုလို့ရအောင်လုပ်တာတွေက မြန်မာစာညံ့ကြောင်း လူတကာသိစေအောင်လုပ်တာနဲ့ တူတယ်။ သီချင်းစာသား မဖတ်ဘဲ မျက်စိမှိတ်ဆိုတာက တော်ဦးမယ်။ ကြည့်ဆိုလို့ကတော့ ပျက်ရော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ