မိန်းမ၏ ဖောက်ပြန်မှုကြောင့် မြို့စားရာထူးမှ စွန့်လာသော ကဗျာဆရာတယောက်အကြောင်းကို ဇာတ်လမ်းဖွဲထားခြင်းဖြစ်သည်။ ဝတ္ထုဇာတ်လမ်းကို ပုံပြင်သဖွယ် တည်ဆောက်၏။ ကဗျာနှစ့် စကားပြေ ပေါင်းစပ်ရေးနည်းကိုသုံးသည်။ မိန်းမအလှဖွဲ့များ ပြောင်ပြောင်မြောက်ေြာမက် ရေးဖွဲ့ထားသည်။ ပထမအကြိမ်ထုတ်တွင် အောင်လင်း၊ ထီလာစစ်သူနှင့် မင်းရှင်နောင်တို့က အမှာရေးသည်။
ဒေါင်းနွယ်ဆွေ ၁၉၆၀ မှာ ထုတ်တဲ့ကဗျာစာအုပ်။ အမှာစာမှာ ရန်ကုန်ဘဆွေက ရေးတယ်။
ဒေါင်းကြီးသည်
ဤကလျာမိမိမုန်း၌ ဇာတ်ဆောင်မင်းသမီးကလေး နုထွေးထွေးအား ပဥ္စငါးပါး ရင်ခါးမကျန် ဖွဲ့ဟန်လှပ ဖေါင်းကြွကြွတို့ဖြင့်
အလှညှိုငင် ထောင်ချောက်ဆင်၍ တမင်ရေးထု လင်္ကာပြု၏
မရှုဝံ့ကို ရှုချင်စေလိုလျှင် ရင်ဖိုအောင် သီကုံးဖွဲ့ပြ၏
ဤကား ကဗျာစာဆိုတို့၏ ဉာဉ်တခုဖြစ်သည်။
အောင်လင်းလည်း ရေးတယ်။
ကိုဒေါင်း၏ ကလျာမိမိမုန်းကို အမှာလည်းမဟုတ် နိဒါန်းလည်းမဟုတ်သော စာတိုလေးတခု ရေးပေးရန်ပြောလှာသောအခါ ကျနော့်အနေဖြင့် ရုတ်တရက် အဆုံးအဖြတ် မပေးနိုင်အောင်ရှိတော့သည်။
ကိုဒေါင်းကို တခုတော့ ကျနော်အာမခံချက်ပေးနိုင်သည်။ ထိုသည်မှာလည်း အခြားမဟုတ် ကိုဒေါင်းသည် ကိုယ်ပိုင် ဆန်းသစ်တည်ထွင်မှုဖြင့် ကဗျာလောကကို ခေတ်ရှေ့သို့ ပို့ဆောင်သူဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်၏။
ထီလာစစ်သူကလည်း ရေးတယ်။
စာဆိုဒေါင်းနွယ်ဆွေကား ကလျာမိမိမုန်းဟာသူ စာပေမှတ်တိုင်သစ်တတိုင်ကို စိုက်ခဲ့ပြန်လေပြီဟု ကျွန်တော်ဆိုပါသည်။ ကဗျာ့ပုလဲကုံးသည်လည်း သူ၏ထင်ရှားပြောင်မြောက် ခန့်ထယ်သော မှတ်တိုင်တခု ဖြစ်ခဲ့သည်။
တချိန်က မြန်မာ့ကဗျာနဲ့ စာပေမှာ ထိပ်ဆုံးက ပညာရှင်တွေဖြစ်ကြတယ်။ သူတို့ရေးသာတဲ့ မြန်မာစာသတ်ပုံကို မတွေ့ဘူး မဖတ်ဘူးသူတွေအတွက် တင်ပြပါတယ်။ မြင်ဘူးဖတ်ဘူးပြီး ဒေါင်းနွယ်ဆွေ၊ ရန်ကုန်ဘဆွေ၊ အောင်လင်းစသူတို့ရေးတဲ့ သတ်ပုံမျိုး မရေးသားသူတွေက ကနေ့ မြန်မာ့စာပေမှာ နေရာတွေ ရနေကြပါတယ်။
ကဗျာစာအုပ် ရှေးဆုံးစာမျက်နှာမှာ သည်လိုရေးထားတယ်။ ကဗျာနှင့်သာ စိတ်ကူး တရံတဆစ်မှ မမြင်ဘူးသော မုဒုလက္ခဏ နှင့် ပဥ္စပါပီ တဲ့။ သူတို့က (တစ်) တိုင်တွေစိုက်ယူနေကြတယ်။ ခုခေတ်မြန်မာစာ လွန်စွာအရုပ်ဆိုး အကျည်းတန်နေပါသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment