ဆရာတော်တပါး = ဥူဇင်း လို့ရေးတာက တော့ ရွှေကျင်ဂိုဏ်း သင်္ကေတ ရေးနည်းပါဗျ။ ရွှေကျင် သုဓမ္မာ ခွဲတဲ့အခါ ဦး နဲ့ ဥူး ခွဲ့ကြပါတယ်ဗျ။ ဦးဇင်း လို့ရေးတာကတော့ မြန်မာဟန်နဲ့လူပုဂ္ဂိုလ်အများကရေးသားကြပါတယ်။ ဦးဇဉ်း လို့ရေးတာကတော့ ရဟန်းသံဃာအများစုက ပါဠိဟန်နဲ့ ရေးသားကြတယ်လို့ ယူဆပါတယ်ဗျ။ အထောက်အထားတော့ မရှိပါဗျ။ ဒါက ဦးဇင်းအယူအဆပါဗျ။
သမိုင်းပါမောက္ခ ဦးတိုးလှ ရေးတာကိုလည်း တင်ပြလိုက်ပါတယ်။
1. OG ပေးသော ဆေး ၃မျိုးသောက်ရာ ရင်တလှပ်လှပ်တုန်နေပါတယ်။ ဘယ်ဆေးကြောင့်များလဲရှင့် ဖြေပေးပါအူးဆရာ (မြန်မာစာသတ်ပုံမှာ အူးလို့ မရှိပါ။ ဦး သို့မဟုတ် အုန်းလို့ရေးရတယ်။)
2. ကစားဦးမယ် နှင့် ကစားအုံးမယ် မလုပ်နဲ့ဦး နှင့် မလုပ်နဲ့အုံး စသဖြင့် အသုံးအနှုန်းလေးတွေမှာ ဦး နဲ့ ရေးရမလား အုံး နဲ့ရေးရမလား ဆိုတာကို သေချာမသိလို့ပါရှင့်
3. ဆရာ လက်ခံပေးပါအူးနော် See first ဖဲလုပ်ထားရတာမိူ်ပါ (အူးလို့ရေးတာ မှားတယ်။ ဦး သို့မဟုတ် အုန်းလို့ရေးရတယ်။ မြန်မာစာမှာ အူး မရှိပါ။ လူအမည် ဆိုင်အမည်ကိုတော့ ကြိုက်ရင် ရေးလို့ရတယ်။ (ဖဲလည်း မဟုတ်။ ပဲ (ဘဲ) လို့ရေးရတယ်။ ဖဲဆိုတာပိုးဖဲကတ္တီပါ ဖဲကြဉ်ရှောင်ခွါသည် ဖဲကစားသည် ဖဲဝိုင်း ဖဲထုပ် ဖဲသမား ဦးဖဲ ဒေါ်ဖဲ ဖဲထီး။)
4. ဆရာ ဥက္ကဌ သတ်ပုံကို သိခြင်(သိချင်)ပါတယ်ဆရာ ဌ က နှစ်လုံးဆင့် ရှိသလို တလုံးထဲ ရှိတော့ ဘယ် ဌ နဲ့ ရေးမှ သင့်တော်မလဲ ရွေးရ ခက်နေလို့ပါ ဆရာ (ဥက္ကဌ)
5. ဆရာ ဥူး ဆိုတဲ့ စကားလုံးက ဘယ်နေရာမှာသုံးလဲ သိပါရစေဆရာ။ ဆရာတော် ဘွဲ့တွေရဲ့ ရှေ့မှာ သုံးတတ်လားဆရာ။ (ကွန်မင့်တခုအရ ရွှေကျင်ဆရာတော်များက ဥူး နဲ့ သုဓမ္မာဆရာတော်တွေက ဦးလို့ သုံးစွဲကြတယ်။ ဆရာတော်တွေမှာ ဦး ဥူး ဥုး လို့ အမျိုးမျိုးရေးကြတယ်။ ဘေးလူက မပြောင်းရပါ။ တောင်မြို့ဆရာတော်ကြီးက ဥူးလို့သာရေးသားတယ်။ သခင်ဘသောင်းရဲ့ ပန်းသာမစာဥကို ပန်းသာမစာအုနဲ့ ပန်းသည်မစာဥလို့ ရေးကြတာတွေက မှားတယ်။)
6. ဆရာခင်ဗျား ဦးသုတဆိုသောအမည်မှာ သတ်ပုံအရ ဦးသုတကအမှန်လား ဥူးသုတကအမှန်လား ဖြေပေးပါခင်ဗျ၊ (အစဉ်အဆက် ဦး လို့သာရေးတယ်။ ဆရာတော်တချို့က ဥူး ရေးတယ်။ တချို့ဘုန်းကြီးတွေက ဥုး လို့ရေးတယ်။ တချာင်ငင်နဲ့ ဝစ္စပေါက်တွဲသုံးတာ သတ်ပုံစာအုပ်တွေမှာတော့ မတွေ့ပါ။ အမည်ရေးတာမှာ ကိုယ်ပိုင်အယူအဆနဲ့ ရေးလေ့ရှိပါတယ်။ လေးနဲ့မြားက သတ်ပုံမှန်ပေမဲ့ ဒဂုံရွှေမျှား ကို မပြောင်းရပါ။ သခင် နဲ့ သ္ခင်၊ ဒဂုံ နဲ့ ဒဂုန်။)
7. ဆရာရှင် ဦး နဲ့ အုန်း ရဲ့ အသုံးလေးတွေ သိပါရစေရှင် ဂရုစိုက်ဦးနော် ဂရုစိုက် အုန်းနော် တချို့ကပေါ့ပျက်ပျက် ဂရုစိုက်အူးတွေဘာတွေလုပ်ကြလို့ပါရှင်
8. ဆရာရှင့် (ဦး နှင့် အုန်း) အသုံးလေးလည်း သိချင်ပါသည်ရှင်
9. ပြန်ပါဦးမည်နှင့် ပြန်ပါအုံးမည် မှ (ဦးနှင့်အုံး) အမှန်ကိုသိပါရစေရှင့်။ (အုန်း)ကပဲ မှန်နေသလားရှင့်။ ကျေးဇူးတင်ပါသည်ရှင့်။ သတ်ပုံအမှန်ကိုလိုလားသူ အလွန်နည်းပါးနေပြီး မြန်မာစာ ပီပီသသရဲ့တန်ဖိုးကို မသိသူများအတွက်ကြောင့် လွန်စွာမှ ရင်လေးစရာပါရှင့်။ ရှေ့လာမည့် မျိုးဆက်သစ်များ ပိုဆိုးလာမှာပါဆရာ။ (မသိသူများကြောင့် လို့ရေးမှ မှန်တယ်။ အတွက်ထည့်ရေးရင် အဲလိုလူတွေအကျိုးငှာ သဘောဖြစ်စေတယ်။)
10. မင်္ဂလာပါဆရာ။ ဥက္ကဌ လို့ ရေးသူရေး၊ ဥက္ကဋ္ဌ ဟု ရေးသူရေး ဖြစ်နေပါတယ်ဆရာ။ မြန်မာစာလုံးမှာ (ဋ္ဌ) ရှိပါသလားဆရာ။ ((က) ကနေ (အ) အထိထဲမှာ (ဋ္ဌ) မပါဝင်ပါ။)
11. မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ ဥ အက္ခရာ အု၊ ဦ အက္ခရာ အူ၊ ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို ့မဟုတ် ဥ အက္ခရာ အု၊ ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ။ ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူ ဝစ္စနှစ်လုံးပေါက်အူးဆိုပြီး ဖတ်နေကြတာတွေ ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။ (မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ ဆိုပါတယ်။ ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။)
12. လွမ်းပါအုမ်းမည် မန်းတောင်ဆီ (အုန်း သို့မဟုတ် ဦး လို့ ရေးရ။ အုမ်း မရှိပါ။)
13. အသည်းကင်ဆာရောဂါအတွက် ညောင်းညာကိုက်ခဲပျောက်ဆေးလားဗျ or ဘာအတွက်လဲဗျ သိတတ် နားလည် အတွေ့အကြုံ ဗဟုသုတ ရှိသူများ လမ်းညွှန်ရှင်းပြပေးကြပါအူး (ဦး) ဆရာဝန်တွေနဲ့ တွေ့ဆုံမေးမြန်းဖို့ရာ အခက်အခဲဖြစ်လို့ပါ (မြန်မာစာမှာ အူး မရှိပါ။ လူအမည် ဆိုင်အမည်ကိုတော့ ကြိုက်ရင် ရေးလို့ရတယ်။)
14. အုံး အုန်း ဦး နေပါအုံး စောင့်ပါအုန်း ပြောပါဦး အဲဒီစာသားတွေအကြောင်းကို ဆရာတင်ပြပေးပါဆရာ
15. ဥသည်နဲ့ အုသည်မှာ အုသည်က အမှန်ပါလားဆရာ။ (သတ်ပုံကျမ်းတွေမှာ အု မပါ။ ဥ သာ ပါတယ်။)
16. ဥအု နဲ့ ဥဥ၊ ဥဥလို့ရေးတာက မှန်တယ်လို့ထင်တယ်။ ဆရာက ဗဟုသုတပိုများပါတယ်။
17. ဦး ကို ဥူး ဒါမှမဟုတ် အူး လို့ တပ်ခေါ်ရမလား
18. ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။ (မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။ ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။)
ဦး
စားပါဦး၊ ဒိုက်ဦးမြို့၊ ရှိခိုးဦးချ၊ အစကနဦး၊ ဦးဆက်၊ ဦးထိပ်ပန်ဆင်၊ ဦးထုပ်၊ ဦးပဥ္ဇင်း၊ ဦးမလေး (ဝန်ပေါ့)၊ ဦးရီး၊ ဦးခေါင်း၊ ဦးဆောက်ပန်း၊ ဦးပေါင်းစင်းနှင့် မြင်းညိုရှင်၊ ဦးနှောက်၊ ဗွေဆော်ဦး၊ ရှေးဦးစွာ၊
အုန်း
တအုန်းအုန်း၊ အုန်းခွံ၊ အုန်းခွံရောင် အုန်းဆံကြိုး၊ အုန်းပင်၊ အုန်းမှန်ကူ၊ အုန်းမှုတ်၊ အုန်းခြစ်၊ အုန်းရည်၊ အုန်းသီး၊ အုန်းသီးဆန်၊ အုန်းအုန်းကျွက်ကျွက်၊ အုန်းမောင်းတီးသည်၊ အုန်းနှဲပင်၊ အုန်းနို့ဆမ်း၊
အုံး
မီးအုံး၊ အုံးလွဲ။ ခေါင်းအုံး၊
အုံး နှင့် အုန်း အရင် နှင့် အယင် တယောက်ထဲ နှင့် တယောက်တည်းသတ်ပုံတွေကို ယခင်ကလည်း ရောထွေးသုံးစွဲခဲ့ကြသည်။
• နောင်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်အုံး
• နောင်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်အုန်း (ဦး) လို့ ရေးလာကြတယ်။
• စဉ်းစားကာနေရဦးမယ် (ကိုမြတ်လင်း)
• အရင် ဟိုနှစ်တုန်းကပေါ့ဗျာ အောင်ပွဲတွင် (ပန်းပုသူဇာ - မန္တလေးဦးဘသိန်း)
• အရင်ကတယောက် သူကတယောက်
• အယင်ကသင်္ကြန် (ရခိုင်)
• မောင်တယောက်ထဲရယ် (ကိုတင်လှိုင်)
• ကိုယ်တယောက်တည်းကြောင့် မဟုတ်ဘူး (စိုင်းထီးဆိုင်၊ စိုင်းဆေးနော်)
ကြက်ဥ
ငှက်ဥ
ပါဠိစာလုံးဖြစ်တယ်။ တက်ခြင်း။ အတက်ပြုခြင်း။ ပြဓာန်းခြင်း။ ကင်းခြင်း။ ဖြစ်သင့်ခြင်း။ သဘောရခြင်း။ စွမ်းနိုင်ခြင်း။
ပါဠိစာလုံးဖြစ်တယ်။ လွန်မြတ်သည်။ ထူးမြတ်သည်။ လွန်ကဲသည်။
မျိုးဥ
မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။
လိင်ဥ
ဝှေးဥ
သစ်ဥ
အက်ဥပဒေ
ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။
ဥ - ဥက္ကဌ - ဥက္ကဋ္ဌ
ဥ အက္ခရာ အု
ဥကင်တော်ဖွင့်
ဥကင်ဖွင့်
ဥကြက် = နိမိတ်ထူး
ဥက္ကဋ္ဌ
ဥက္ကဌ = မြန်မာစာလုံး
ဥချိုးငှက်
ဥတလုံး တကောင်ကြွက်
ဥတုဇရုပ်
ဥတုရာသီ
ဥတေနမင်း
ဥတဲ = တံခါး
ဥတ္တရာယဉ်
ဥဒည်းတောင်
ဥဒဟို
ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား
ဥဒါန်းကျူး
ဥဒါန်းမကျေ
ဥဒါန်းမကြေ
ဥဒါဟရုဏ်
ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်
ဥဒေါင်းငှက်
ဥနှဲပင်
ဥပစာနည်း
ဥပစ္ဆေဒကကံ
ဥပဇ္ဈဥသျှစ်သီး
ဥပဇ္ဈာယ်ဆရာ
ဥပဒေ
ဥပဒေသ
ဥပဒ်ဘေး
ဥပဓိရုပ်
ဥပပတ်နတ်
ဥပပါတ်
ဥပမာ ဥပမည်း
ဥပမေယျဒဥပမယ်ဒဥပမည်
ဥပရာဇ်မင်း
ဥပါဒါန်
ဥပါဒိဏ်
ဥပါဒ်
ဥပါဒ်ဌီဘင်
ဥပါပျံ (ဥပ္ပာတ်ပျံ)
ဥပါဘီလူး
ဥပါယ်တံမျဉ်
ဥပါယ်တမျည်
ဥပါသကာ
ဥပုသ်သီတင်း
ဥပေက္ခာ
ဥဗျိုင်း
ဥဘတောဗျည်း
ဥဘုတ်ငှက်
ဥမင်လိုဏ်ခေါင်း
ဥမွန်းပင်
ဥယျာဉ်
ဥယျောဇဉ်စကား
ဥရူတိုင် (အိမ်)
ဥသဘနွား
ဥဿဘယားကျောက်
ဥသျှစ်ပင်
ဥသျှောင်ကျင်
ဥသြငှက်
ဥဿာပဲခူး
ဥုးဇနကာဘိဝံသ မဟာဂန္ဓာရုံကျောင်း အမရပူရမြို့ ပဌမဝါဆိုလ ၁၃၂၆ ခု
ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ
ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ
ဦ အက္ခရာ အူ
ဦ အက္ခရာ အူ
ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။
ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ ဒါမှမဟုတ်
ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ ဒါမှမဟုတ်
- အသားစ အဖြေလေးသိတဲ့သူ ပြောပြပါအူးနော် (မြန်မာစာမှာ အူး မရှိပါ)
- ဆရာသမီးကိုအကြံညဏ်ပေးပါအူးဆရာ (မြန်မာစာမှာ အူး မရှိပါ)
- အကြောင်းအမျိုးမျိုးကြောင့် အကျိတ်မခွဲ ကင်ဆာဆေးမသွင်းမသောက်မကုသရသေးလို့ လက်ရှိမှာ အစားအသောက်အနေထိုင်စဉ်ချဉ်(ဆင်ခြင်)ပေမယ့် ခေါင်းမူးပီး(ပြီး) လူအရမ်းနူံးနေလို့ အားဆေးသွင်းလို့ ရနိုလားရှင့် ညီမလိုခက်ခဲရှိတဲ့လူများ ကြုံဖူးတဲ့သူများရှိရင် ဖြေပေး ကြပါအူးရှင့်
မြန်မာစာသတ်ပုံမှာ (အူး) မရှိ။ အသံထွက်တော့ရှိ။ စာရေးရင် (ဦး) သို့မဟုတ် (အုန်း) လို့ရေးရ။ ဦးလေးကို အူးလေး၊ ဦးကြီးကို အူးကြီး၊ ဦးဦးကို အူးအူးလို့ရေးရင် အူသံပေးတဲ့ သတ္တဝါနဲ့ ရောစေနိုင်တယ်။ မလုပ်ကောင်းပါ။ ကန်တော့လို့ပါ ဆက်ရေးရလိမ့်မယ်။ ပါပြီကိုလည်း ရရစ်မပါဘဲရေးတယ်။ ဖုန်းမှာ ရရစ်တော့ အရှာရ မခက်ပါ။ ပါပီဆိုတာ ခွေးကလေး။ အဲဒါလည်း သတ္တဝါ အကောင်။ ကန်တော့လို့ပါ ဆက်ရေးရလိမ့်မယ်။
ဥပမာ ခွေးအူသည်။
မြန်မာစာ ဦး/ဥုး ရေးထုံး
မြန်မာစာ သဒ္ဒါ (အသံပေါင်းစပ်နည်း) အရ နှစ်မျိုးစလုံး မမှန်ဟု ဆိုနိုင်ပါသည်။ သို့သော် - မြန်မာစာသဒ္ဒါ ရေးထုံးအရ တပည့်၏ အရာ အဟုတ်တော့။ နှစ်မျိုးစလုံး အမှန်ဟုသာ လက်ခံရပါသည်
https://www.facebook.com/1877881868908411/posts/4500071516689420/
ဒေါက်တာတင့်ဆွေ


Comments
Post a Comment