ထိပ်ဆုံးမှာ မြတ်စွာဘုရားရဲ့ လက်ဝဲတော်ရံနဲ့ လက်ယာတော်ရံတွေဖြစ်တယ်။ အထင်ကရ ဆရာတော်ကြီးတွေဘွဲ့အမည်တွေ ဆက်လာတယ်။
နောက်မှာတော့ လူစုံတယ်။ ပြည်တွင်း ပြည်ပက နိုင်ငံခေါင်းဆောင်တွေ၊ ပြည်တွင်း ပြည်ပက ရုပ်ရှင်မင်းသားတွေ၊ အဆိုတော်တွေ။
မြန်မာ့ယဉ်ကျေးမှုအရအပြင် ဘာသာရေးအသုံးတွေက သီးသန့်ရှိပါတယ်။
အိမ်ခြေ ၅၀ လောက်သာရှိတဲ့ရွာက ရွာဦးကျောင်းဆရာတော်ကို ပျံလွန်တော်မူတယ်လို့ ရေးရတယ်။
စာအဆုံးမှာ ဓမ္မသံဝေဂလို့ရေးထားတာဖြစ်လို့ ပရိနိဗ္ဗာန်အသုံးလည်း သိကောင်းသိမယ်။
ပရိနိဗ္ဗာန် = ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၏နောက်ဆုံးဘဝ ချုပ်ငြိမ်းခြင်း။
လူတွေ သေဆုံးတဲ့အခါ သင့်မှန်တဲ့အသုံး ရွေးသုံးရတယ်။ မထည့်တော့ပါ။
အိပ်ပျော်ခြင်း (ခရစ်တော်၌ အိပ်ပျော်ခြင်း) က ခရစ်ယန်ဘာသာမှာသာ သုံးတယ်။
မနိုးသောအိပ်စက်ခြင်းအသုံးကို သူ့နေရာနဲ့သူသာ သုံးရတယ်။
ကိုယ်က ဘယ်ဘာသာကို ယုံကြည်သည်ဖြစ်စေ ဘာသာတရားတိုင်းကို လေးစားကြရပါတယ်။
အပြောမတတ်တော့ - သလို၊ အထိုင်မတတ်တော့ - သလို ဆိုတာတွေရှိတယ်။ အရေးမတတ်တော့လည်း ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment