ကျွန်တော်တို့ ဆယ်တန်းတုန်းက မြန်မာစာပြဋ္ဌာန်းစာအုပ်မှာပါတယ်။
၁။ ရေကူးညာတင်ပြောနည်း
မြစ်ကူးရာတွင် မြစ်ညာကတင်ပြီးကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏။ စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိုတင်ပြင််ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည်။
၂။ ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သောအခါ ကောက်ပင်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမှ တံစဉ်နှင့် ပြန်ရိတ်ရ၏။ စကားပြော ဆိုရာတွင်လည်း တဖက်လူ၏ စကားကိုမိမိရရဆုပ်ကိုင်မိမှ ချက်ကောင်းယူပြီး ပိုင်အောင်ပြောဆိုနည်းကို ဆိိုလိုသည်။
၃။ ရေစီးဖောင်ဆန်ပြောနည်း
ရေစီးသည့်နေရာမှာ ဖောင်ဆန်သည့်အခါ ဖြည်းညှင်းစွာထိုးဝါးနှင့် ထောက်ထောက်ပြီး စိတ်ရှည်လက်ရှည် ဆန်တက်ရ၏။ စကားပြောဆိုရာတွင်လည်း လိုရာရောက်အောင် စိတ်ရှည်လက်ရှည် သာယာညှင်းပျောင်းစွာ ပြောဆိုနည်းကို ဆိုလိုသည်။
၄။ အိုးတန်ဆန်ခတ်ပြောနည်း
အိုးနှင့်ဆန်ကို တန်အောင်ချက်လျှင်နူးနပ်စွာ စားသုံးရ၏။ စကားပြောဆိုရာတွင်လည်း မိမိပြောမည့် စကားသည် မိမိပြောမည့်လူနှင့်တန်သောစကားမျိုးပြောမှမိမိဆိုလိုရင်းကိုထိုသူသဘောပေါက်အောင်ပြောနိုင် မည်ဖြစ်၏။
၅။ ဆန်ပွတ်ကျည်ပွေ့ပြောနည်း
ဆီကိုရအောင် ပွတ်သည့်အခါ အထပ်ထပ်အခါခါ ပွတ်ရ၏။ စကားပြောဆိုရာတွင်လည်း မိမိပြောလိုသော စကားအောင်မြင်အောင် အထပ်ထပ်အခါခါ ပြောရန်လိုအပ်သည်ကို ဆိုလိုသည်။
၆။ ဆင်ဝှေ့ရန်ရောင်ပြောနည်း
ဆင်ဝှေ့သည့်ရန်ကို ရှောင်သည့်အခါ ကွေ့ပတ်ဝေ့ဝိုက်၍ရှောင်ရ၏။ တည့်တည့်ပြေး၍မရ၊ စကားပြောဆိုရာတွင်လည်း မိမိဘေးအန္တရာယ်ဖြစ်စေမည့် အနေအထားရှိလျှင် ကွေ့ပတ်ပြောရန်လိုအပ်သည်ကို ဆိုလိုသည်။
၇။ တောင်သူယာခုတ်ပြောနည်း
တောင်သူများ ယာခုတ်သည့်အခါ ချုံနွယ်ပိတ်ပေါင်းသစ်ပင်ငယ်များကို အရင်ခုတ်ပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲသည်။ စကားပြောဆိုရာတွင်လည်း ကိစ္စငယ်များကို အရင်ကိုင်တွယ်ဖြေရှင်းပြီးမှ ကိစ္စကြီးကို ဖြေရှင်းပြောဆိုရန် ကိုဆိုလိုသည်။
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့သည် ဆုတ်၍ အရှိန်ယူပြီးမှ ပြန်ခွပ်ပစ်တတ်သည်။ စကားပြောဆိုရာတွင်လည်း တဖက်သား၏ စကားကို အလိုက်သင့် လျှော့ပေးပြီးမှ ပိုင်ကွက်တွေ့သည့်အခါ ပြန်ဖိပြီး ပြောပစ်လိုက်သော နည်းကိုဆိုလိုသည်။
၉။ ရေစစ်ကရားရေသွားသောသွင်ပြောနည်း
ရေစစ်ကရားသည် ရေသွားသောအခါတွွင် တသွင်သွင်သွားသကဲ့သို့ ပိတ်၍လည်းရ၏။ မိမိပြောသော စကားသည် ရပ်၍လည်းရ၏။ အဆက်မပြတ်ပြော၍လည်းရသော စကားမျိုးဖြစ်ရမည်ဖြစ်သည်။
၁၀ ခက်တင်မောင်းနင်းပြောနည်း
မောင်းနင်းသည့်အခါ စည်းဝါးကိုက်ထောင်းနေသကဲ့သို့၊ စကားပြောဆိုရာတွင်လည်း တဖက်လူပြောသည့်စကားကို ချက်ကျကျ အခွင့်ကောင်းယူပြီး ပြန်ပြောတတ်ရန်ဖြစ်သည်။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၆

Comments
Post a Comment